တရုတ်နိုင်ငံတွင် ဖြစ်ပွားလျက်ရှိသော အဆုတ်ရောင်ဗိုင်းရပ်စ်ပိုးဟာ လူတစ်ဦးကနေတစ်ဦးဆီသို့ ပျံ့နှံ့ကူးစက်ခြင်းဖြစ်ကြောင်း အတည်ပြုပြောကြား
ယခုအချိန်တွင် တရုတ်နိုင်ငံ ဝူဟန်တွင် ဖြစ်ပွားနေတဲ့ SARS ရောဂါနဲ့ဆင်တူတဲ့ ကူးစက်ရောဂါပိုးကြောင့် တစ်ကမ္ဘာလုံး တုန်လှုန်ခြောက်ခြားနေကြပါတယ်။
Corona Virus မျိုးစိတ်အသစ်ဖြစ်သော အဆိုပါဗိုင်းရပ်စ်ကို ဝူဟန်နိုင်ငံရဲ့ မြို့တော်မှာ စတင်တွေ့ရှိခဲ့ရပါတယ်။ ဒီဗိုင်းရပ်စ်ဟာ ၂၀၀၂-၂၀၀၃ လောက်က တရုတ်ပြည်မကြီးနဲ့ ဟောင်ကောင်မှာ လူပေါင်း ၆၅၀ နီးပါးကို သေဆုံးစေခဲ့သော SARS ဗိုင်းရပ်စ်နဲ့ အတော်ဆင်တူနေတဲ့အတွက်ကြောင့် အလွန်စိုးရိမ်ဖွယ်ဖြစ်ခဲ့ရပါတယ်။
♦ ယခုလက်ရှိ သေဆုံးမှုဟာဆိုရင်တော့ လူပေါင်း၂၁၈ထိ ရှိလာခဲ့ပါပြီ။
♦ သိပ္ပံပညာရှင်များအနေနဲ့ ဝူဟန်မြို့ရှိ ငါးနဲ့ပုစွန်ဈေးကနေ စတင်ပျံ့နှံ့ခဲ့တယ်လို့ ကောက်ချက်ချခဲ့ပေမယ့်
SARS ရောဂါ ပျံ့နှံ့စဉ်က ကူညီပေးခဲ့တဲ့ သိပ္ပံပညာရှင် Zhong Nanshan ကတော့ အချို့လူနာတွေအနေနဲ့ မြို့လယ်လူထူထပ်တဲ့နေရာတွေကို မသွားဘဲနဲ့တောင် ရောဂါကူူူးစက်ခံရနိင်ကြောင်း ပြောကြားခဲ့ပါတယ်။
ထိုအင်တာဗျူးကို CCTV ရုပ်သံနဲ့ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး လူတစ်ဦးကနေတစ်ဦးဆီသို့ ကူးစက်ပျံ့နှံ့ခြင်းဖြစ်ကြောင်းကိုလည်း ထပ်မံပြောကြားခဲ့ပါသေးတယ်။ Zhong အနေနဲ့ ဝူဟန်မြို့ကို လည်ပတ်သွားရောက်ခဲ့တဲ့ ဂွမ်ဒေါင်မြို့က လူနှစ်ဦးဟာ ရောဂါကူးစက်ခံခဲ့ရကြောင်း ရှင်းပြခဲ့ပါတယ်။ ဒါတင်မကသေးပဲ ရောဂါကူးစက်ခံရသူတွေကို ပြုစုစောင့်ရှောက်ပေးခဲ့တဲ့ ဆရာဝန်နဲ့သူနာပြု ၁၄ ဦးဟာလည်း ရောဂါကူးစက်ခံခဲ့ရပါတယ်။
Zhong ရဲ့ ခန့်မှန်းချက်အရ တရုတ်နိုင်ငံသို့ လူသန်းနဲ့ချီ လာရောက်လည်ပတ်သူ များပြားတဲ့ နှစ်သစ်ကူးပွဲတော်အတွင်းမှာ ရောဂါဖြစ်ပွားမှု မြင့်တက်ခဲ့ပါတယ်။
WHO ရဲ့ အစောပိုင်း ပြောကြားချက်အရလည်း အသားငါးတွေကြောင့် ပထမဆုံး စတင်ဖြစ်ပွားခဲ့ပြီး ရောဂါဖြစ်သူနဲ့ နီးကပ်စွာဆက်ဆံခြင်းကနေ တစ်ဦးနဲ့တစ်ဦး ကူးစက်တာဖြစ်တယ်လို့ သိရပါတယ်။
>> စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်လျက်ရှိပြီး
♦ WHO ပြောကြားချက်အရ နောက်ထပ် အသစ်ဖြစ်ပွားသောဖြစ်ရပ်တွေဟာ ရောဂါကူးစက်နေသူတွေကို စမ်းသပ်စစ်ဆေးခြင်းရဲ့နောက်ဆက်တွဲဆိုးကျိုးဖြစ်ပြီး Londonမှ သိပ္ပံပညာရှင်များကလည်း ဝူဟန်တွင်လူပေါင်း ၁၇၀၀ ခန့်ဟာ ကူးစက်ခံနေရလို့ စိုးရိမ်ဖွယ်အခြေအနေဖြစ်ကြောင်း သတိပေးချက်များ ထုတ်ပြန်လာပါတယ်။
♦ ဟောင်ကောင်နိုင်ငံမှာတော့ ဝူဟန်မှ ဝင်ရောက်လာသူများသာမက ဟူဘင်းမှာ ဝင်ရောက်လာသူတွေကိုပါ ဆိုက်ရောက်စစ်ဆေးမှုများ ပြုလုပ်လျက်ရှိပြီး လူပေါင်း ၁၀၀ ခန့်ကို စောင့်ကြည့်လျက်ရှိပါတယ်။
♦ ဝူဟန်နိုင်ငံမှာတော့ လူပေါင်း ၁၇၀ ခန့်ကို ဆေးရုံတင် ကုသနေပြီး ၉ ယောက်ကတော့ စိုးရိမ်ဖွယ်အခြေအနေတွင် ရှိနေပါတယ်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)
















