/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ထောပတ်စားတာ-အဆီတက်သလား

ထောပတ်စားတာ အဆီတက်သလား

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

သုတေသနတွေ စာတမ်းတွေ အမျိုးမျိုးထွက်ပြီး အသစ်အသစ် လေ့လာတွေ့ရှိမှုတွေမှာ ဟိုအစားအစာက အခုကောင်းလိုက်၊ ခဏနေ မကောင်းတော့ဘူး ဖြစ်လိုက် ဆိုတာမျိုး ကြုံဖူးကြမှာပါ။ ဘယ်လိုပဲပြောင်းပြီး အသစ်တွေ ဖြစ်နေပါစေ၊ ပြည့်ဝဆီ ပါဝင်မှုနည်းပါးတဲ့ အစားအသောက်တွေဟာ နှလုံးရောဂါ ဖြစ်ပွားနှုန်းကို လျှော့ချပေးနိုင်တာက သေချာပါတယ်။
ဒါကြောင့်မို့ နောက်ပိုင်းမှာ ထောပတ်၊ အုန်းဆီနဲ့ အဆီပါတဲ့ အသားတွေမှာ ပါတဲ့ ပြည့်ဝဆီတွေကို အစေ့အဆံတွေ၊ ငါးတွေနဲ့ ထောပတ်သီး စတာတွေမှာ ပါဝင်တဲ့ မပြည့်ဝဆီတွေနဲ့ အစားထိုးလာကြပါတယ်။

>>  အထောက်အထားတွေအရ
ဒီလို အဆီကို အစားထိုး သုံးစွဲလိုက်ခြင်းက ခန္ဓာကိုယ်မှာရှိတဲ့ မကောင်းတဲ့ ကိုလက်စရောပမာဏကို လျော့ကျသွားစေပါတယ်တဲ့။
WHO ကလည်း ဒီလို အစားထိုးစားခြင်းက နှလုံးရောဂါ ဖြစ်ပွားမှုနှုန်းကို လျှော့ချပေးတယ်လို့ ဆိုပါတယ်။
5% လောက်ပဲ အစားထိုးလျှော့ချရင်တောင် နှလုံးရောဂါ ဖြစ်နိုင်ချေကို ၁၀ % လောက် လျော့ကျစေပါတယ်။
ဒါပေမဲ့ အဆီတော့ လျှော့စားတယ်၊ ကစီဓာတ်တွေ (သကြား၊ ဂျုံချော) တွေကို တိုးစားရင်လည်း ဘာမှထူးလာမှာ မဟုတ်ပါဘူး။

>>  ထောပတ်လား? မာဂျရင်းလား?
ထောပတ်ကို နည်းနည်းလောက် တစ်ခါတလေ စားတာမျိုးကတော့ လူတော်တော်များများအတွက် ပြဿနာ မရှိပါဘူး။ ဒါပေမဲ့ ဒီလို ပြည့်ဝဆီကို မပြည့်ဝဆီနဲ့ အစားထိုးတာက နှလုံးအတွက်ကောင်းတယ်ဆိုတဲ့ တိကျတဲ့သက်သေတွေ ရှိနေရင်တော့ ပြောင်းလဲ သုံးစွဲလိုက်တာ အကောင်းဆုံးပါပဲ။
ထောပတ်အစား မာဂျရင်းသုံးပါ။ ဟင်းချက်ရာမှာ မာဂျရင် မသုံးချင်ရင် ထောပတ်သီး၊ ထောပတ်ဆီ၊ သံလွင်ဆီ စတာမျိုးတွေလည်း သုံးလို့ရပါတယ်။
ကျန်တဲ့ စားသောက်နေတဲ့အရာတွေကိုလည်း သတိထားပြောင်းလဲဖို့ လိုပါတယ်။ နှလုံးအတွက်ကောင်းတဲ့ အစားအစာဆိုတာ ပြုပြင်ထားတာတွေ မဖြစ်ရဘူး၊ အသီးအရွက်တွေ၊ အသီးအနှံတွေ များများပါရမယ်။ ဂျုံကြမ်း၊ ပေါင်မုန့်ကြမ်းတွေ၊ ပဲအမျိုးမျိုး၊ အစေ့အဆံတွေ၊ အဆီပါတဲ့ငါး၊ အဆီမပါတဲ့အသား စတာတွေကို များများစားသင့်ပါတယ်။

Dr. Htar (www.drmyanmar.com)