ဒီလိုကာလမှာ မိမိကိုယ်ကို ဘယ်လိုဂရုစိုက်ကြမလဲ
>> မိမိတို့ကျန်းမာရေးကို ဘယ်လိုဂရုစိုက်ကြမလဲ?
မိမိမှာဖြစ်နေတဲ့ ကျန်းမာရေးပြဿနာတွေကို သေချာကုသမှုခံယူပါ။
ကျန်းမာရေးနဲ့ပတ်သက်ပြီး စိတ်ပူလို့ သိချင်တာရှိရင် ဖုန်း၊ အင်တာနက်ကနေတစ်ဆင့် ဆရာဝန်တွေနဲ့ တိုင်ပင်ဆွေးနွေးလို့ရပါတယ်။
အရေးပေါ်အခြေအနေမဟုတ်ပေမယ့် ကုသမှုခံယူသင့်တဲ့အခြေအနေတွေ ရှိပါတယ်။ ထိခိုက်ဒဏ်ရာရပြီးရင် ပိုးဝင်မှာစိုးရိမ်ရလို့ ဒီလိုအခြေအနေမျိုးမှာဆိုရင် ဆေးခန်းပြပါ။
အရေးပေါ်ကုသမှုလိုအပ်တဲ့ အသက်ရှူခက်ခြင်း၊ နှုတ်ခမ်းနဲ့မျက်နှာ ပြာနှမ်းလာခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ မူးပြီးမေ့လဲခြင်း၊ အမြင်ဝေဝါးလာခြင်း၊ စကားပြောရခက်ခြင်း၊ ချောင်းဆိုးသွေးပါခြင်း၊ ဆက်တိုက်အန်၍ဝမ်းလျှောခြင်း၊ သွေးအရမ်းထွက်နေခြင်း စတဲ့ အခြေအနေတွေဖြစ်လာခဲ့ရင် ဆေးရုံကို အမြန်ဆုံးသွားပြီး အရေးပေါ်ကုသမှုခံယူပါ။
Enervon-C Adult 1

>> ကိုဗစ် မကူးစက်အောင် သေချာကာကွယ်ပါ။
ကာကွယ်ဖို့အတွက်ဆို ရောဂါကူးတဲ့နည်းလမ်းတွေကို သိထားသင့်ပါတယ်။ ဒီရောဂါဟာ တစ်ယောက်နဲ့တစ်ယောက် အနီးကပ်နေချိန်မှာ စကားပြောဆိုခြင်း၊ ချောင်းဆိုးခြင်း၊ နှာစေးခြင်းကနေတစ်ဆင့် တိုက်ရိုက်ကူးစက်နိုင်သလို ရောဂါပိုးရှိနေတဲ့ မသန့်ရှင်းတဲ့မျက်နှာပြင်ကို လက်နဲ့ကိုင်ပြီး အဲ့ဒီလက်နဲ့ပဲ မျက်နှာကို ပြန်ကိုင်မိရင် ကူးပါတယ်။ ဒါကြောင့် ကာကွယ်ဖို့ဆိုရင် လူစုလူဝေးရှောင်ပါ။ တစ်ယောက်နဲ့တစ်ယောက် (၆) ပေအကွာမှာ နေပါ။ မကြာခဏ လက်ဆေးပါ။ နှာခေါင်းစည်းတပ်ပါ။ ရောဂါပိုးတွေ ကပ်တွယ်နိုင်တဲ့ပစ္စည်းတွေကို သေချာသန့်ရှင်းရေးလုပ်ပါ။
>> ကျန်းမာတဲ့နေထိုင်မှုပုံစံရအောင် လေ့ကျင့်ပေးပါ။
တစ်နေ့ကို နာရီဝက်-တစ်နာရီခန့် လေ့ကျင့်ခန်းလုပ်ပါ။ အာဟာရစုံလင်စွာ စားပါ။ အိပ်ရေးဝဝအိပ်ပါ။
Enervon-C Adult 2

>> အပြင်သွားရင်လုံခြုံမှုရှိအောင် ဘာတွေဆောင်ရွက်ရမလဲ?
1. ဈေးဝယ်စရာရှိခြင်း၊ အလုပ်သွားခြင်း စတဲ့ မဖြစ်မနေသွားရမယ့်ကိစ္စတွေရှိမှ သွားပါ။
2. လူစုလူဝေးရှောင်ပါ။
3. နှာခေါင်းစည်းတပ်ပါ။
4. လူအများနဲ့ (၆) ပေအကွာမှာ နေပါ။
5. မကြာခဏ လက်ဆေးပါ။
6. မျက်နှာကို လက်နဲ့မထိပါနဲ့။
7. လေဝင်လေထွက် မကောင်းတဲ့နေရာတွေမှာ မနေပါနဲ့။
8. အပြင်သွားတိုင်း နှာခေါင်းစည်းအပို၊ လက်သန့်ဆေးရည်၊ တစ်ရှူး စတာတွေ ဆောင်ထားပါ။
9. အပြင်ကပြန်လာရင် လက်ဆေးပါ။ ရေချိုးပါ။ အဝတ်အစားလဲပြီး အပြင်ကိုဝတ်သွားတဲ့အဝတ်တွေကို လျှော်ဖွပ်သန့်စင်ပါ။
10. အပြင်ကပါလာတဲ့ပစ္စည်းတွေကို အိမ်ထဲ တန်းမထည့်ပါနဲ့။ အပြင်မှာ ခဏထားပြီး Disinfectant သုံးပြီး သန့်ရှင်းရေးလုပ်ပါ။
Dr. Aye Hsu Mon (www.drmyanmar.com)
















