နာတာရှည်ကိုဗစ်ရောဂါဟာ ကူးစက်နိုင်သလား
ကိုဗစ်ရောဂါ သက်သာပျောက်ကင်းပြီးနောက် ရက်သတ္တပတ် (၈) ပတ်လောက် ကြာတာတောင် ရောဂါလက္ခဏာတွေ ဆက်လက်ခံစားနေရသေးရင်တော့ နာတာရှည်ကိုဗစ်ဖြစ်နေပြီလို့ သတ်မှတ်လို့ရပါတယ်။
>> နာတာရှည်ကိုဗစ်မှာ ဘယ်လိုလက္ခဏာတွေ ခံစားရလေ့ရှိသလဲ?
နာတာရှည်ကိုဗစ်မှာ ခံစားရတဲ့ လက္ခဏာတွေဟာ တစ်ယောက်နဲ့တစ်ယောက်တော့ မတူနိုင်ပါဘူး။ လူနည်းစုကတော့ အသက်ရှူလမ်းကြောင်းဆိုင်ရာ လက္ခဏာတွေဖြစ်တဲ့ ချောင်းဆိုးခြင်း၊ မောခြင်း၊ အနံနဲ့အရသာပျောက်ခြင်း (သို့) ပြောင်းခြင်း စတာတွေကို ခံစားရပြီးတော့ အများစုကတော့ ယေဘုယျလက္ခဏာတွေဖြစ်တဲ့ ပင်ပန်းနွမ်းနယ်တာ၊ နုံးတာ၊ ရင်ဘတ်အောင့်၊ ရင်တုန်တာ၊ ကြွက်သားနဲ့ အဆစ်အမြစ်တွေနာတာ၊ ညဘက်တွေအိပ်မပျော်တာ စတဲ့လက္ခဏာတွေ ခံစားရလေ့ရှိပါတယ်။ ဒါ့အပြင် စိုးရိမ်ပူပန်စိတ်များတာ၊ စိတ်ဓာတ်ကျတာနဲ့ သတိမေ့တာတွေလည်း ခံစားရနိုင်ပါသေးတယ်။
Solmux Adult IA 1 2023
>> ဘယ်လိုလူတွေမှာ နာတာရှည်ကိုဗစ် ပိုဖြစ်နိုင်ချေရှိသလဲ?
လေ့လာချက်တွေအရ သက်ကြီးရွယ်အိုတွေ၊ အမျိုးသမီးတွေနဲ့ ကိုဗစ်ဖြစ်တဲ့ ပထမပတ်အတွင်းမှာ ရောဂါလက္ခဏာ ငါးခုနဲ့အထက် ခံစားရသူတွေမှာ နာတာရှည်ကိုဗစ် ပိုဖြစ်လေ့ရှိတာကို တွေ့ရပါတယ်။
>> နာတာရှည်ကိုဗစ်ဟာ သူများကို ကူးစက်နိုင်သလား?
ခန္ဓာကိုယ်ထဲမှာ ဗိုင်းရပ်စ်ပိုးမရှိတော့လို့ သူများကို မကူးစက်နိုင်ပါဘူး။ ဗိုင်းရပ်စ်ပိုးမရှိတော့ပေမယ့် ခန္ဓာကိုယ်ရဲ့ ဗိုင်းရပ်စ်ပိုးကိုတုံ့ပြန်မှုတွေ ဆက်ဖြစ်နေတာကြောင့် ရောဂါလက္ခဏာတွေကို ဆက်လက်ခံစားနေရတာပါ။ ပိုးမရှိတော့လို့ ကိုဗစ်စစ်ဆေးချက်မှာလည်း negative ပဲ ထွက်မှာပါ။
Solmux Adult IA 2
>> နာတာရှည်ကိုဗစ်ဖြစ်ခဲ့ရင် မိမိကိုယ်ကို ဘယ်လိုဂရုစိုက်ရမလဲ?
● အာဟာရမျှတစွာ စားသောက်ပါ။
● ညဘက်တွေကောင်းကောင်းအိပ်ပျော်ဖို့ ကျန်းမာတဲ့အိပ်စက်မှုပုံစံရအောင် လုပ်ဆောင်ကြည့်ပါ။ အိပ်ရာဝင်ချိန်၊ အိပ်ရာထချိန် သက်မှတ်ထားပါ။ အိပ်ခန်းကို သန့်သန့်ရှင်းရှင်းနဲ့ မီးရောင်မှိန်မှိန်ပဲထားပါ။ အိပ်ခါနီးကို ဖုန်း၊ ကွန်ပျူတာ၊ တီဗွီတွေ မကြည့်ပါနဲ့။
● အိမ်အလုပ်တွေကို ပြင်းပြင်းထန်ထန်မလုပ်ဘဲ မောလာပြီဆိုတာနဲ့ အနားယူပါ။
● လမ်းလျှောက်တာ၊ အကြောလျှော့တာနဲ့ ယောဂကျင့်တာလိုမျိုး လေ့ကျင့်ခန်းတွေကို ဖြည်းဖြည်းချင်း လုပ်ပေးပါ။
● စိတ်ကျန်းမာရေးကောင်းစေဖို့ ချစ်ခင်ယုံကြည်ရသူတွေနဲ့ အမြဲဆက်သွယ်နေပါ။ စိတ်ပျော်ရွှင်စေတဲ့ဟော်မုန်းထွက်ဖို့ တက်တက်ကြွကြွနေပေးပါ။
Dr. Aye Hsu Mon (www.drmyanmar.com)
















