နားထဲမှလောက်ကောင်များကို အချိန်မီ ဖယ်ရှားလိုက်နိုင်သောကြောင့် အကြားအာရုံဆုံးရှုံးခြင်းမှ လွတ်မြောက်ခဲ့သူ
လူငယ်တစ်ယောက်၏ နားထဲ၌ ရှင်သန်ပေါက်ဖွားနေသော လောက်အကောင်ပေါင်းများစွာကို ဇာဂနာနှင့် ဖယ်ရှားပေးခဲ့ရကြောင်း ကုသပေးသူ Dr. Vikram Yadav ကပြောကြားခဲ့ပါတယ်။ လူငယ်အိပ်နေစဉ်အတွင်း ယင်ကောင်များသည် လူငယ်၏နားထဲသို့၀င်ရောက်သွားပြီး၊ ဥများကို ချန်ရစ်ထားခဲ့ပါတယ်။
အဆိုပါဥများပေါက်ဖွားပြီး လောက်များအဖြစ်သို့ ကူးပြောင်းကာ နားထဲ၌ရှင်သန်ကြီးထွားနေကြကြောင်း၊ 1 စင်တီမီတာအရွယ်အစားရှိ အကောင်ရာပေါင်းများစွာကို တစ်ကောင်ချင်းစီ ဇာဂနာနှင့် ဆွဲယူဖယ်ရှားပေးခဲ့ရကြောင်း သိရပါတယ်။ ယင်းကဲ့သို့ အင်းဆက်များနားထဲသို့ ၀င်ရောက်ပြီးလျှင် နားအူနေသလိုခံစားရနိုင်ပြီး နားထဲမှပြည်များထွက်လာနိုင်ကြောင်း၊ ၎င်းကဲ့သို့ လက္ခဏာများ ခံစားရသည့်အခါ အထူးဂရုပြုပြီး အကြားအာရုံဆုံးရှုံးရခြင်းမှ ကာကွယ်ရန်အတွက် စောစီးစွာ ကုသမှုခံယူသင့်ကြောင်း၊ အင်းဆက်များဟာ နားထဲ၊ နှာခေါင်းထဲသို့ ၀င်ရောက်နိုင်ချေ အများဆုံးဖြစ်ပြီး၊ အချိန်မီမကုသမိပါက ဆင့်ပွားဖြစ်တည်လာသော လောက်ကောင်များသည် ဦးနှောက်ထဲအထိ ထိုးဖောက်၀င်ရောက်သွားနိုင်ကြောင်း အဆိုပါဆရာ၀န်က ရှင်းပြခဲ့ပါတယ်။
ဒါ့ကြောင့် မည်သူမဆို နားနှင့်နှာခေါင်းကိုလုံခြုံစေသော အ၀တ်ပါးလေးတစ်ခုအကာအကွယ်ယူကာ အိပ်စက်အနားယူသင့်ကြောင်း၊ အထူးသဖြင့် အသက် 10 နှစ်အောက်ကလေးငယ်တွေနှင့် သက်ကြီးရွယ်အိုတွေ အိပ်စက်ချိန်မှာ အထူးဂရုစိုက်သင့်ကြောင်း အကြံပြုထားပါတယ်။
မောင်လှိုင်သွင်
















