နေရောင်အောက်မှာ အလုပ်လုပ်လျှင် …
Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ
နေပူထဲတွင် အလုပ်လုပ်ရသူများ၊ ဂဟေမီးနှင့် အလုပ်လုပ်ရသူများ၊ တွင်ခုံလုပ်ရသူများအတွက်မူ နေကာမျက်မှန်၊ ဖိုင်ဘာကာဘာမျက်မှန်ကို အမြဲတပ်ဆင် အသုံးပြုသင့်ပါသည်။ တချို့နေပူမြင့်ချိန်တွင် ဂေါက်သီးကစားသူများလည်း နေကာမျက်မှန် တပ်ဆင်သင့်ပါသည်။
နေကာမျက်မှန်သည် နေရောင်ထွက်လာသည့် Ultra Violet Ray ကို မျက်စိထဲသို့ တိုက်ရိုက်၀င်ခြင်းမှ ကာကွယ်ပြီး သဲ၊ ဖုန်၊ အမှိုက်၀င်ခြင်းမှလည်း ကာကွယ်ပေးနိုင်ပါသည်။
နေရောင်မှ လာသော Ultar Violet Ray ၀င်ခြင်းဖြင့် မျက်စိ အတွင်းတိမ်ရောဂါဖြစ်ခြင်း၊ မျက်စိအာရုံလွှာ ရောင်ရမ်းခြင်း၊ မျက်ခမ်းကင်ဆာဖြစ်ခြင်းတို့ ဖြစ်နိုင်ပါသည်။
Dr. Mya Phoo Ngon (www.drmyanmar.com)
















