နေ့ရက်တိုင်းကို ကိုယ်ခံအားအပြည့်နဲ့ ဖြတ်သန်းနိုင်ဖို့
၁။ အိပ်ရေးဝဝအိပ်ပါ။
ကိုယ်ရောစိတ်ပါ ကောင်းကောင်းအနားရမှသာ ကိုယ်ခံအားကောင်းကောင်း အလုပ်လုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဖျားနာချိန်မှာဆို ပိုအနားယူဖို့ လိုအပ်ပါတယ်။ လူကြီးတွေမှာ တစ်နေ့ကို အနည်းအိပ်ချိန် ၇ နာရီ ရှိရပါမယ်။
၂။ မပြုပြင်ထားတဲ့ သဘာဝအစားအစာများကို တတ်နိုင်သလောက် စားပေးပါ။
အသီးအနှံများ၊ ဟင်းသီးဟင်းရွက်များ၊ အစေ့အဆံများနဲ့ ပဲအမျိုးမျိုးတို့မှာ ဝင်ရောက်လာတဲ့ ရောဂါပိုးမွှားတွေရန်ကနေ ကာကွယ်နိုင်မယ့် ဗီတာမင်စီ စတဲ့ အာဟာရဓာတ်တွေ၊ အမျှင်ဓာတ်တွေနဲ့ အင်တီအောက်စီဒန့်တွေ ပြည့်ဝစွာ ပါဝင်ပါတယ်။
၃။ ကျန်းမာစေတဲ့အဆီဓာတ်တွေကို ပိုစားပေးပါ။
သံလွင်ဆီ၊ ဆယ်လ်မွန်ငါး၊ အိုမီဂါ ၃ ဖက်တီးအက်ဆစ် စတာတွေမှာ ပါဝင်တဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆီဓာတ်တွေဟာ ရောင်ရမ်းမှုတွေကိုချပေးပြီး ရောဂါပိုးမွှားတွေရန်က ကာကွယ်ပေးနိုင်ပါတယ်။
Ultra C 1
၄။ ပရိုဘိုင်အိုတစ်ပါဝင်တဲ့ အစားအသောက်တွေ များများစားပါ။
ဝမ်းဗိုက်ကျန်းမာရေးနဲ့ ကိုယ်ခံစွမ်းအားတို့ဟာ အချင်းချင်း ဆက်စပ်နေပါတယ်။ ပရိုဘိုင်အိုတစ်ဆိုတာ အူလမ်းကြောင်းအကျိုးပြုပိုးမွှားတွေဖြစ်ပြီး ကင်မ်ချီ၊ မီဆို၊ ဒိန်ချဉ် စတဲ့ အချဉ်ဖောက်အစားအစာတွေကနေ ရရှိနိုင်ပါတယ်။
၅။ သကြားလျှော့စားပါ။
သကြားဟာ ဆီးချို၊ သွေးတိုး၊ အဝလွန်ခြင်း စတာတွေကို ဖြစ်စေနိုင်ပြီး ကိုယ်ခံအားကို ကျစေနိုင်ပါတယ်။ ဒါကြောင့် သကြားလျှော့စားခြင်းဖြင့် ရောင်ရမ်းမှုတွေကိုကျစေပြီး ဒီအခြေအနေတွေကနေ ကာကွယ်နိုင်ပါတယ်။
၆။ လေ့ကျင့်ခန်း ပြုလုပ်ပါ။
အနှေးပြေးခြင်း၊ စက်ဘီးစီးခြင်း၊ လမ်းလျှောက်ခြင်း၊ ရေကူးခြင်း၊ တောင်တက်ခြင်း စတဲ့ အလယ်အလတ်စား လေ့ကျင့်ခန်းလေးတွေဟာ ရောင်ရမ်းမှုတွေကို ကျစေနိုင်ပြီး ကိုယ်ခံအားဆဲလ်တွေကို ပြန်လည်ပြုပြင်ပေးနိုင်ပါတယ်။
Ultra C 2
၇။ ရေဓာတ်ပြည့်ဝအောင်နေပါ။
ရေဓာတ်ခမ်းခြောက်ခြင်းက ရောဂါဘယတွေ ပိုဖြစ်စေနိုင်တာကြောင့် နေ့တိုင်းနေ့တိုင်း ရေများများသောက်ပေးဖို့ လိုအပ်ပါတယ်နော်။
၈။ စိတ်ဖိစီးမှုကို လျှော့ချပေးပါ။
ရေရှည်စိတ်ဖိစီးမှုများခြင်းက ကိုယ်ခံအားစနစ်ကို ကမောက်ကမဖြစ်စေနိုင်တာကြောင့် တရားထိုင်ခြင်း၊ ယောဂပြုလုပ်ခြင်း၊ လေ့ကျင့်ခန်းပြုလုပ်ခြင်း စတဲ့ အလေ့အကျင့်တွေနဲ့ စိတ်ဖိစီးမှုကို လျှော့ချပေးပါ။
၉။ လိုအပ်ရင် သင့်တော်တဲ့အားဆေးကို ရွေးချယ်သောက်ပါ။
ဗီတာမင်စီ၊ ဗီတာမင်ဒီ နဲ့ ဇင့်တို့ဟာ ကိုယ်ခံအားအတွက်ကောင်းတဲ့ ဖြည့်စွက်စာတွေ ဖြစ်ပါတယ်။ ကိုယ်နဲ့သင့်တော်မယ့်ဖြည့်စွက်စာကို ဆရာဝန်နဲ့တိုင်ပင်ပြီး သောက်ပေးနိုင်ပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)
















