နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေဖို့ အစားအသောက်ကို သတိပြုပါ
>> အိပ်ချိန် အဆာပြေတစ်ခုခု စားခြင်း
တချို့တွေဟာ ညဘက်အိပ်ချိန် အဆာပြေစားခြင်းက ကောင်းကောင်း အိပ်ပျော်စေပေမယ့် တချို့တွေမှာတော့ အစာမကြေ၊ ရင်ပြည့်ရင်ကယ် ဖြစ်စေနိုင်တတ်ပါတယ်။ ညဘက်မှာ တစ်ခုခု စားချင်ရင် -
● ကြက်ဆင်သား ဆင်းဒ်ဝစ်တစ်ခြမ်း
● သကြားနည်းပြီ အဆီပြည့် Cereal မနက်စာ ခွက်သေးတစ်ခွက်
● နို့ သို့မဟုတ် ဒိန်ချဉ်
● ငှက်ပျောသီးတစ်လုံး စတာတွေကို စားပေးနိုင်ပါတယ်။
မအိပ်ခင် တစ်နေ့လုံး စားတာ၊ သောက်တာတွေဟာလည်း ညအိပ်ချိန်မှာ ပြဿနာ ဖြစ်စေနိုင်ပါတယ်။
>> ကဖိန်းနဲ့ နီကိုတင်းဓာတ်
ကဖိန်းဓာတ်ဟာ သောက်ပြီး 10 နာရီမှ 12 နာရီလောက်အထိကို အစွမ်းပြနိုင်ပြီး အိပ်ရာဝင်ခါနီး ဆေးလိပ်သောက်ခြင်းဟာလည်း အိပ်ချိန်ကို ထိခိုက်စေနိုင်ပါတယ်။
>> ညဘက်မှာ အစာ အများကြီးစားခြင်း
ညစာကို စောစောစားပေးပြီး အိပ်ခါနီး 2 နာရီအတွင်းမှာ ဗိုက်ပြည့်စေတာတွေ မစားပါနဲ့။ အပူအစပ်တွေကလည်း ညဘက်မှာ ရင်ပူစေနိုင်ပါတယ်။
>> ညမအိပ်ခင် အရက်သောက်ခြင်း
ညဘက်မှာ အနည်းငယ်မျှ သောက်ပေးခြင်းက ပြေလျော့စေနိုင်ပေမယ့် အများကြီး သောက်ပါက အိပ်ချိန်ကို ကမောက်ကမ ဖြစ်စေနိုင်ပါတယ်။
>> အရည် အများကြီး သောက်ခြင်း
ညနေဘက်မှာ အရည် အများကြီးသောက်ခြင်းက ညဘက်မှာ ဆီး ခဏခဏ ထသွားရတတ်ပါတယ်။
>> သကြားနဲ့ ပြုပြင်ထားတဲ့ ကစီဓာတ်တွေ
ပေါင်မုန့်အဖြူ ၊ ဆန်လုံးဖြူ ၊ ပါစတာ စတဲ့ သကြားနဲ့ ပြုပြင်ထားတဲ့ ကစီဓာတ်တွေ အများအပြား စားသုံးခြင်းက ညဘက်မှာ နိုးနေစေပြီး တရေး လန့်လန့်နိုးတတ်ပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)















