/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/နှလုံးကြီးခြင်းအတွက်-အိမ်တွင်းကုထုံးများနှင့်-ဘဝနေထိုင်မှုပုံစံများ

နှလုံးကြီးခြင်းအတွက် အိမ်တွင်းကုထုံးများနှင့် ဘဝနေထိုင်မှုပုံစံများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

        နှလုံးကြီးခြင်းကိုပျောက်ကင်းအောင် ကုသလို့မရပေမယ့် ရောဂါအခြေအနေကို သက်သာကောင်းမွန် လာအောင် ဘ၀နေထိုင်မှုပုံစံတွေကို ပြောင်းလဲလုပ်ဆောင်ကြည့်သင့်ပါတယ်။

-  ဆေးလိပ်ဖြတ်ပါ။

-  ကိုယ်အလေးချိန်များနေလျှင် ပိုနေတဲ့ကိုယ်အလေးချိန်တွေကိုလျှော့ချပါ။

-  အစားအသောက်များတွင် ဆားလျှော့ထည့်ပါ။

-  သွေးချိုရောဂါရှိလျှင် သွေးချိုကိုပုံမှန်ဖြစ်အောင်ဂရုတစိုက်ထိန်းပါ။

-  သွေးပေါင်ပုံမှန်ဖြစ်အောင် ထိန်းပါ။

-  မိမိနဲ့အသင့်လျော်ဆုံး ကိုယ်လက်လှုပ်ရှားမှုပုံစံကို ဆရာဝန်နဲ့တိုင်ပင်ပြီး သိပ်မပြင်းထန်တဲ့လေ့ကျင့်ခန်းမျိုး ကိုပြုလုပ်ပေးပါ။

-  အရက်နဲ့ ကဖိန်းဓာတ်တွေကို ဖြတ်ပါ (သို့မဟုတ်) ရှောင်ကြဉ်ပါ။

-  ညစဉ်ညတိုင်း 8 နာရီကြာ အိပ်စက်ဖို့ကြိုးစားပါ။

 

 

Dr. Thanda Lin

 www.drmyanmar.com