/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/နှလုံးထိခိုက်နိုင်ချေကို-ငါးဆတိုးစေနိုင်တဲ့-အကိုက်အခဲပျောက်ဆေး

နှလုံးထိခိုက်နိုင်ချေကို ငါးဆတိုးစေနိုင်တဲ့ အကိုက်အခဲပျောက်ဆေး Ibuprofen

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

           အကိုက်အခဲပျောက်ဆေးတွေကို အကြာကြီးသောက်ခြင်းက ကိုယ်အဂါၤအစိတ်အပိုင်းတွေကို ဖိအားသက်ရောက်စေတဲ့ ဓာတုဓာတ်ပြုမှုတွေကိုဖြစ်စေပါတယ်။ အကိုက်အခဲပျောက်ဆေးစွဲသောက်လေ့ ရှိသူတွေမှာ နှလုံးညှစ်အားမကောင်းခြင်းဖြစ်နိုင်ချေ 20% ပိုများပါတယ်။

          ဒီဆေးတွေအကြာကြီးသောက်ခြင်းကြောင့် နှလုံးပေါ်မှာဖိအားများစေတဲ့ ဓာတုဓာတ်ပြုမှုတွေဖြစ်စေပြီး အရင်က ခတ္တနှလုံးခုန်ရပ်ခြင်းဖြစ်ဖူးသူနဲ့ သွေးတိုးရောဂါရှိသူတွေမှာ နှလုံးညှစ်အားမကောင်းခြင်း ကိုဖြစ်စေနိုင်ပါတယ်။ နှလုံးညှစ်အားမကောင်းခြင်းဆိုတာ နှလုံးကြွက်သားတွေက သွေးတွေကိုညှစ် မထုတ်နိုင်လောက်အောင် အားနည်းသွားခြင်းဖြစ်ပါတယ်။ အလွန်အမင်းမောပန်းခြင်း၊ အသက်ရှူခက်ခဲခြင်း၊ ခြေထောက်များဖောရောင်ခြင်းတွေဖြစ်စေပြီးတော့ ကုသလို့မပျောက်တဲ့ နာတာရှည်ရောဂါတစ်မျိုးဖြစ်ပါတယ်။

          လေ့လာမှုတစ်ခုအရ NSAIDS (ibuprofen) ပါဝင်တဲ့အကိုက်အခဲပျောက်ဆေးတွေ က နှလုံးညှစ်အားမကောင်းတဲ့ရောဂါနဲ့ ဆေးရုံတက်တာ 20% လောက်ရှိပါတယ်။ ibuprofen ကိုပုံမှန်သောက်ခြင်းက 18%၊ အရိုးအဆစ်ရောင်ခြင်းတွေကိုကုသတဲ့ diclofenac က 19% နဲ့ Ketorolac (အသုံးနည်း) က 83% နှလုံးရောဂါဖြစ်နိုင်ချေပိုများစေပါတယ်။

          အကိုက်အခဲပျောက်ဆေးတွေကို နေ့စဉ်စွဲပြီး တစ်နှစ်နဲ့အထက်သောက်သုံးသူတွေက မသောက်သူတွေထက် နှစ်ဆပိုပြီးဖြစ်နိုင်ချေများပါတယ်။

          ဒီအကိုက်အခဲပျောက်ဆေးတွေကို လူကြီးတွေမှာ အရိုးအဆစ်ရောင်ရမ်းခြင်းနဲ့ ကြွက်သားနာ ကျင်ခြင်းတွေအတွက် ကြာရှည်စွဲသောက်လေ့ရှိပါတယ်။ နှလုံးနဲ့ အရိုးအဆစ်ပြဿနာတွေက တွဲပြီးဖြစ်လေ့ရှိတဲ့အတွက် (အထူးသဖြင့် လူကြီးများတွင်) ဆရာဝန်တွေက အကိုက်အခဲပျောက်ဆေးတွေပေး ရင် သတိထားပြီးပေးကြပါတယ်။ လူနာတွေအနေနဲ့လည်း ပမာဏအနည်းဆုံးနဲ့ ရက်အတိုဆုံးသောက် သင့်ပါတယ်။ နှလုံးရောဂါဖြစ်နိုင်ချေများတဲ့လူတွေမှာ ဒီဆေးတွေကိုသတိထားသုံးစွဲသင့်ပါတယ်။

          အကိုက်အခဲပျောက်ဆေးတွေကို တစ်ခါတစ်ရံမှသောက်လေ့ရှိပြီး အရင်ကနှလုံးပြဿနာမရှိတဲ့သူတွေ မှာတော့ ထိခိုက်မှုဖြစ်နိုင်ချေနည်းပါတယ်။

 

Dr. Mya Myo Myo Swe

www.drmyanmar.com