/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/နှလုံးရောဂါကို-ကုစားရာဝယ်

နှလုံးရောဂါကို ကုစားရာဝယ်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

နှလုံးရောဂါနဲ့ သွေးလှည့်ပတ်မှုဆိုင်ရာရောဂါတွေကို ဘယ်လိုကုသကြမလဲဆိုတာ ကြည့်ကြရအောင်နော်။

>>  နှလုံးရောဂါရှိသူတစ်ဦးမှာ -
ဆရာဝန်က
●  ဆီးချိုအတွက်
●  ကိုလက်စထရောကျဖို့အတွက်
●  သွေးတိုးအတွက်
●  ရင်ဘတ်အောင့်တာလိုမျိုး နှလုံးရောဂါတွေအတွက် ဆေးတွေပေးလေ့ရှိပါတယ်။
ဒီဆေးတွေကို ဆရာဝန် ညွှန်ကြားထားတဲ့အတိုင်း အတိအကျသောက်ပါ။ ဆရာဝန်နဲ့မတိုင်ပင်ပါဘဲ ကိုယ့်သဘောနဲ့ကိုယ် ဆေးရပ်လိုက်တာ၊ တိုးသောက်တာမျိုးတွေ မလုပ်ပါနဲ့။ အကယ်၍သာ နှလုံးကို ကျန်းမာစေမယ့် လူနေမှုပုံစံစားသောက်ပုံတွေကို လိုက်နာမယ်ဆိုရင် သောက်ရတဲ့ဆေးလည်း နည်းလာမှာပါ။
နှလုံးအဆို့ရှင်လေးတွေ ပျက်စီးနေသူတွေမှာတော့ ခွဲစိတ်ပြုပြင်ဖို့ လိုအပ်တာပေါ့။

လေဖြတ်တာအတွက် ကုသနည်းတွေကတော့ -
●  သွေးခဲဖြစ်ပေါ်ခြင်းကို တားဆီးတဲ့ဆေးတွေ
●  အစားအသောက်၊ ကိုယ်လက်လှုပ်ရှားမှု အစရှိတဲ့ လူနေမှုပုံစံတွေ
●  သွေးတိုး၊ ဆီးချို၊ ကိုလက်စထရောကျစေမယ့်အရာတွေ
●  အဆီခဲတွေ၊ သွေးခဲတွေကို ဖယ်ထုတ်တဲ့ ခွဲစိတ်မှုတွေ ပြုလုပ်ရပါမယ်။

>>  နှလုံးရောဂါကိုကုသရာမှာ -
နှလုံးရောဂါနဲ့ သွေးကြောဆိုင်ရာရောဂါတွေကို ကုသရာမှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အလေ့အကျင့်တွေကို မွေးမြူဖို့လိုအပ်ပါတယ်။ ဒီအလေ့အကျင့်တွေထဲမှာ ကိုယ်လက်လှုပ်ရှားမှုကလည်း တစ်ခုအပါအဝင်ပါပဲ။ လုပ်သင့်တဲ့လေ့ကျင့်ခန်းအမျိုးအစားနဲ့ ပမာဏကတော့ -
●  အသက်
●  ယေဘုယျကျန်းမာရေး
●  ကိုယ်စိတ်ဝင်စားရာ
●  သောက်နေတဲ့ဆေးတွေ
●  နှလုံးရောဂါအပြင်းအပျော့
●  ရောဂါမဖြစ်ခင် ကျန်းမာရေးအခြေအနေတွေပေါ် မူတည်ပြီး ကြည့်ရပါမယ်။

ကိုယ့်အခြေအနေပေါ် မူတည်ပြီး ဘယ်လောက်ထိလှုပ်ရှားမှု ပြုလုပ်သင့်လဲဆိုတာ ဆရာဝန်နဲ့တိုင်ပင်ပါ။ ဖြည်းဖြည်းချင်းစပြီး အသင့်အတင့် လှုပ်ရှားမှုအနေအထားကို တိုးတိုးသွားသင့်တဲ့လူမျိုးလည်း ရှိပါတယ်။ အကောင်းဆုံးလေ့ကျင့်ခန်းမျိုးကတော့ တစ်ကိုယ်လုံးလှုပ်ရှားရတဲ့ -
●  စက်ဘီးစီးတာ
●  အနှေးပြေး/အမြန်လမ်းလျှောက်တာ
●  လမ်းလျှောက်တာ
●  ရေကူးတာ စတာတွေပါပဲ။

ဒီလိုနှလုံးရောဂါရှိသူတွေအတွက် အထူးပြန်လည်လေ့ကျင့်ရေးပရိုဂရမ်တွေ ရှိနေပါပြီ။ ဒီပရိုဂရမ်တွေဟာ ရောဂါဖြစ်နှုန်းကိုကျစေပြီး ရောဂါရှိသူတွေမှာ နေထိုင်မှုစံနှုန်းကို မြင့်စေနိုင်ပါတယ်။ ဒီလိုပရိုဂရမ်တွေမှာ ဘာတွေပါသလဲဆိုရင် -
●  ဖြစ်စေနိုင်တဲ့အကြောင်းရင်းတွေကို လျှော့ချခြင်း
●  စိတ်ပိုင်းဆိုင်ရာ၊ လူမှုရေးပိုင်းဆိုင်ရာ အကူအညီများပေးခြင်း
●  လေ့ကျင့်ခန်းများ ပြုလုပ်စေခြင်း
●  နှလုံးရောဂါနဲ့ ပတ်သက်ပြီး ပညာပေးခြင်း စတာတွေ ပါဝင်ပါတယ်။
တဖြည်းဖြည်းနဲ့ နေ့စဉ်လှုပ်ရှားမှုတွေကို လုပ်လာနိုင်မှာပါ။
ရောဂါဖြစ်ပြီးနောက်မှာ လူအတော်များများဟာ သူတို့ဟာသူတို့ လေ့ကျင့်ခန်းလုပ်ရမှာ ကြောက်တတ်ကြပါတယ်။ ကိုယ့်ရဲ့အခြေအနေနဲ့ ကိုက်ညီတဲ့လေ့ကျင့်ခန်းပရိုဂရမ်ကို ဆရာဝန်နဲ့ တိုင်ပင်ဖို့ လိုပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)