/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/နှာခေါင်းသွေးလျှံတဲ့အခါ-ဘယ်လို-ပြုစုကုသသင့်ပါသလဲ

နှာခေါင်းသွေးလျှံတဲ့အခါ ဘယ်လို ပြုစုကုသသင့်ပါသလဲ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          ရုတ်တရက် နှာခေါင်းသွေးယိုလာတဲ့အခါ ဘယ်လိုပြုစုကုသသင့်တယ် ဆိုတာလေး တင်ပြပေးလိုက်တယ်နော်။

 

>>    နှာခေါင်းသွေးယိုလာရင် -

●        ငြိမ်ငြိမ်လေး ရှေ့ကိုငိုက်ပြီး ထိုင်လိုက်ပါ။

●        စီးကျနေတဲ့သွေးကို တစ်ရှူးသန့်သန့်လေးနဲ့ ခံယူပါ။

●        တစ်ရှူးကို နှာခေါင်းတွင်း ထိုးမထည့်ပါနဲ့။ အသာလေး ပိတ်ဆို့ထားရင် ရပါပြီ။

●        နှာသီးထိပ်လေးနှစ်ဖက်ကို လက်ကလေးနဲ့ ညှပ်ပြီး အသာအယာ ဖိနှိပ်ထားပါ။

●        အနည်းဆုံး ငါးမိနစ်ခန့် ဖိနှိပ်ပြီး ထပ်ယိုသေးလား ပြန်လည်စစ်ဆေးပါ။

●        သွေးမတိတ်သေးရင် နောက်ထပ် ဆယ်မိနစ်ခန့် ထပ်မံဖိနှိပ်ထားပေးပါ။

●        ဖိနှိပ်ထားစဉ် ပါးစပ်ဟ အသက်ရှူပါ။

●        ဆယ်မိနစ်ကြာလို့မှ သွေးမတိတ်ရင် နှာခေါင်းကို အခုနကပုံစံအတိုင်း အသာဖိနှိပ်ရင်း ဆေးခန်းပြသပါ။

 

>>    နှာခေါင်းသွေးယိုပြီး နောက် ရက်အနည်းငယ်အတွင်း ဒါတွေမလုပ်သင့်ပါဘူး။

●        ကုန်းပြီး လုပ်ရမယ့်အလုပ်တွေ ရှောင်ပါ။ ဥပမာ - အရာဝတၳုတွေ ကောက်သိမ်းဆည်းတာ၊ စာငုံ့ဖတ်တာတွေ၊ ဖုန်း အကြာကြီး ကြည့်တာတွေ။

●        အလေးအပင် မ,တာ၊ သိပ်လေးတဲ့ ကုလားထိုင်၊ စားပွဲ စတာတွေကို အင်အားသုံးပြီး မယူတာတွေ မလုပ်ပါနဲ့။

●        တစ်ပတ်တစ်ခါခန့် နှာခေါင်းသွေးယိုနေတာတွေ ရှိနေခဲ့ရင် ဆရာဝန်ပြသပြီး သွေးစစ်ဆေးဖို့ လိုပါတယ်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)