/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ပဲပိစပ်

ပဲပိစပ်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

         ပဲပိစပ်မှာ အသားဓာတ်၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အဆီဓာတ်တွေနဲ့ အာဟာရဓာတ်များစွာပါဝင်ပါတယ်။ ဒါ့အပြင် နှလုံးရောဂါနဲ့ ကင်ဆာရောဂါအချို့ကိုကာကွယ်နိုင်တဲ့အတွက် အံ့အားသင့်ဖွယ် အစားအစာတစ်မျိုး လည်းဖြစ်ပါတယ်။

ပဲပိစပ်၏ကောင်းကျိုးများ

        ပဲပိစပ်နဲ့ပြုလုပ်ထားတဲ့ တို့ဖူး၊ ပဲနို့ စတဲ့အစားအစာတွေကို ကိုလက်စရောပါဝင်မှုများတဲ့ တိရိစၧာန်မှ ရရှိတဲ့အစားအစာတွေရဲ့နေရာမှာ အစားထိုးပြီးစားသုံးသင့်ပါတယ်။ ပဲပိစပ်မှာဆိုရင် ဗီတာမင် B နဲ့ omega 3 fatty acid ကဲ့သို့သော အာဟာရဓာတ်များစွာပါဝင်ပါတယ်။ ပဲပိစပ်ကနေရရှိနိုင်တဲ့ ကျန်းမာရေးကောင်းကျိုးတွေကတော့

နှလုံးသွေးကြောရောဂါများ - ပဲပိစပ် တစ်နေ့လျှင် အနည်းဆုံး 25 g စားသုံးခြင်းဖြင့် ကိုလက်စရောနဲ့ မကောင်းတဲ့ LDL ဆိုတဲ့ ကိုလက်စထရောဓာတ်ကို ကျဆင်းစေပါတယ်။

ကင်ဆာရောဂါ - ပဲပိစပ်မှာ အမျိုးသမီးဟော်မုန်း အီစရိုဂျင်နဲ့တူတဲ့ phytoestrogen ဆိုတဲ့ဓာတ်တစ်မျိုးပါဝင်တဲ့အတွက် ရင်သားကင်ဆာနဲ့ ဆီးကျိတ်ကင်ဆာဖြစ်နိုင်ချေ လျော့ကျစေပါတယ်။

အမျိုးသမီးများသွေးဆုံးပြီးနောက် ခံစားရသောရောဂါလက္ခဏာများ - ပူလိုက်အေးလိုက်ဖြစ်ခြင်း၊ အရိုးပွခြင်းကဲ့သို့သော သွေးဆုံးရင်ကြုံတွေ့ရတတ်တဲ့ လက္ခဏာတွေကိုလည်း သက်သာစေပါတယ်။

စဉ်းစားသင့်သည့်အချက်များ

        ပဲပိစပ်မှာ အကျိုးပြုတဲ့အာဟာရဓာတ်တွေများစွာပါဝင်ပေမယ့် လူတိုင်းနဲ့မတည့်ပါဘူး။ လူအများအပြား အထူးသဖြင့် ကလေးနဲ့ တစ်နှစ်အောက်ကလေးငယ်တွေက ပဲနို့နဲ့ ဓာတ်မတည့်တာတွေဖြစ်တတ်ပါတယ်။ ဓာတ်မတည့်ဘူးဆိုရင်တော့ ပဲနို့လုံးဝရှောင်ကြဉ်ရပါမယ်။

        ဒါ့အပြင်အချို့သောအမျိုးသမီးတွေမှာ ပဲပိစပ်ထဲမှာပါဝင်တဲ့ phytoestrogen ကြောင့် ဟော်မုန်း ပမာဏတွေများလာစေပြီးတော့ ကင်ဆာဖြစ်နိုင်ချေပိုများစေပါတယ်။

 

Dr. Mya Myo Myo Swe

www.drmyanmar.com