/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ပျားရည်ရဲ့-ကျန်းမာရေး-အကျိုးကျေးဇူး

ပျားရည်ရဲ့ ကျန်းမာရေး အကျိုးကျေးဇူး

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          မြန်မာလူမျိုးများဟာ ပျားရည်က အိမ်သုံးဆေးအဖြစ် နှစ်ပေါင်းများစွာ အသုံးပြုခဲ့ကြပါတယ်။ သိပ္ပံနည်းကျ လေ့လာတဲ့အခါမှာလည်း ပျားရည်ဟာ ကျန်းမာရေး အကျိုးများကြောင်း တွေ့ရှိရပါတယ်။ ၎င်းတို့မှာ -

1.       ပျားရည်ကို ချောင်းဆိုးပျောက်ဆေးအနေနဲ့ အသုံးပြုနိုင်ပါတယ်။ ချောင်းဆိုးခြင်း၊ လည်ချောင်းယားခြင်းကို သက်သာစေနိုင်ပြီး ညဘက် အိပ်ပျော်စေနိုင်ပါတယ်။

2.       ကင်ဆာနဲ့ နှလုံးရောဂါကိုလည်း သက်သာစေနိုင်ပါတယ်။ ပျားရည်မှာပါတဲ့ Flavonoids ၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်း Antioxidants စတာတွေဟာ ကင်ဆာနဲ့ နှလုံးရောဂါ ကာကွယ်ရာမှာ အရေးပါ,ပါတယ်။

3.       သဘာဝအချိုဓာတ်ကို ပေးပါတယ်။ ဒါကြောင့် စားစရာ၊ သောက်စရာတွေမှာ သကြားအစားထိုးအနေနဲ့ ပျားရည်ကို အသုံးပြုနိုင်ပါတယ်။ ပျားရည်မှာ ဂလုကို့စ်နဲ့ ဖရက်တို့စ် အချိုဓာတ်တို့ 69% ထိ ပါဝင်ပါတယ်။ ဒါ့အပြင် ပုံမှန်သကြားအဖြူထက် ကျန်းမာရေးနဲ့ ပိုမိုသင့်တော်ပါတယ်။

4.       ကိုယ်အလေးချိန်ကို ကျဆင်းစေနိုင်ပါတယ်။ ပျားရည်ဟာ သကြားထက် ပိုပြီးကယ်လိုရီ များပေမယ့် ရေနွေးလေးနဲ့ ဖျော်သောက်မယ်ဆိုရင် အဆီတွေကို လောင်ကျွမ်းစေနိုင်စွမ်း ရှိပါတယ်။ ဒါ့အပြင် ပျားရည်နဲ့ သံပရာရည်ဟာလည်း ကိုယ်အလေးချိန် လျော့နည်းစေနိုင်စွမ်း ရှိပါတယ်။

5.       ပိုးသေ၊ မှိုသေစေနိုင်တဲ့အစွမ်း ရှိပါတယ်။ ပျားကောင်တွေမှာ Hydrogen Peroxide ကို ဖြစ်ပေါ်စေနိုင်တဲ့ အင်ဇိုင်းဓာတ် ပါဝင်တာကြောင့် ပျားရည်ဟာလည်း ပိုးသေနိုင်စေတာ ဖြစ်ပါတယ်။

6.       အရက်နာကျခြင်းကို ကုစွမ်းနိုင်ပါတယ်။ ဒါကြောင့် ညက သောက်တာများပြီး အရက်နာကျနေပါက ရေနဲ့ ပျားရည်နဲ့ ရောဖျော်ပြီး သောက်ကြည့်လိုက်ပါ။ ပျားရည်ဟာ အစာအိမ်ကို သက်သာစေတဲ့အပြင် ပျားရည်မှာပါတဲ့ သကြားဓာတ်ဖြစ်တဲ့ ဖရက်တို့စ်ဓာတ်တွေဟာ အသည်းရဲ့ အရက်အဆိပ်ဖြေခြင်းကို ပိုမိုမြန်ဆန်စေနိုင်တာကြောင့် အရက်နာကျခြင်းရဲ့ ဆေးကောင်းတစ်လက်ပဲ ဖြစ်ပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)