ဖျားတာကို ဘယ်လိုသိနိုင်သလဲ
အဖျားကြီးတာကို Corona Virus ရဲ့လက္ခဏာတစ်ခုလို့ သတ်မှတ်ထားပါတယ်။ 37.8°C (100°F) နဲ့အထက်ဆိုရင် အဖျားကြီးတယ်လို့ ယူဆပါတယ်။ ဒါပေမဲ့ တကယ်လို့ သင့်မှာ သာမိုမီတာမရှိခဲ့ရင် အဖျား ရှိ၊ မရှိ ဘယ်လိုပြောမလဲ။
>> ဖျားတယ်ဆိုတာ ဘာလဲ?
သာမန်အားဖြင့်တော့ တကယ်လို့ သင့်ရဲ့နဖူး၊ ရင်ဘတ်နဲ့ ကျောတွေဟာ ထိလိုက်တာနဲ့ပူနေရင် ဖျားနေတယ်လို့ ပြောလို့ရပါတယ်။
တခြားလက္ခဏာတွေကတော့ -
● ချွေးထွက်တာ
● ချမ်း၊ တုန်တာ
● ခေါင်းကိုက်တာ
● ကြွက်သားတွေနာတာ
● မျက်စိနာတာ
● အစာစားချင်စိတ်မရှိတာ
● စိတ်ရှုပ်၊ စိတ်တိုတာ
● ရေငတ်တာ
● အလုံးအကျိတ်တွေပေါ်လာတာ
● အားမရှိတာ စတဲ့ လက္ခဏာတွေ တွေ့ရတတ်ပါတယ်။
ကလေးတွေမှာ ဆိုရင်ရော -
ကလေးတွေကတော့ လူကြီးတွေရဲ့လက္ခဏာနဲ့ မတူကြပါဘူး။
● ဂျီကျ၊ ငိုနေတာ
● နုံးတာ
● အသားကနီနေတာ
● ဖြူဖျော့နေတာ
● အစာမျိုချလို့မရတာ
● နို့မစို့တာ၊ အစာစားဖို့ ငြင်းတာတွေ ဖြစ်တတ်ပါတယ်။
တကယ်လို့ အရမ်းဖျားနေတယ် ဆိုရင်တော့ -
● အရမ်းအိပ်ချင်တာ
● တက်တာ
● တစ်ကိုယ်လုံး နာကျင်ကိုက်ခဲနေတာ
● မိန်းမကိုယ်က အရည်တွေဆင်းတာ
● ဆီးသွားရင် နာတာ
● အရေပြားမှာ အနီစက်တွေပေါ်တာ
● အန်တာ
● ဝမ်းသွားတာ စတာတွေပါ ဖြစ်နိုင်ပါတယယ်။
Dr. Htar (www.drmyanmar.com)
















