/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ဘာကြောင့်-ဗိုက်နာသလဲ

ဘာကြောင့် ဗိုက်နာသလဲ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

ဗိုက်နာခြင်းဟာ လူတိုင်းလိုလို ကြုံတွေ့ရတတ်တဲ့ ပြဿနာတစ်ခု ဖြစ်ပါတယ်။
ဗိုက်နာခြင်းကိုဖြစ်စေတဲ့ အကြောင်းရင်းများစွာရှိတဲ့အနက် အဖြစ်များတဲ့အကြောင်း (၅) ချက်ကို ဖော်ပြပေးလိုက်ပါတယ်။

>>  ဗိုက်နာစေတဲ့ အကြောင်းရင်း (၅) ချက်ကတော့ -

(၁)  အူအထိမခံသောရောဂါ (Irritable Bowel Syndrome)
IBS ရောဂါရှိသူတွေဟာ စိတ်ဖိစီးသည်ဖြစ်စေ၊ မတည့်သောအစာ စားမိသည်ဖြစ်စေ ဗိုက်နာတာ ချက်ချင်း ပိုဆိုးလာတတ်ပါတယ်။ IBS သမားတွေအနေနှင့် ဗိုက်နာတာအပြင် ဝမ်းသွားခြင်းနှင့် လေပွခြင်း၊ ဝမ်းချူပ်ခြင်းကိုပါ ခံစားရတတ်ပါတယ်။

Kremil-S 1

(၂)  ဝမ်းချုပ်ခြင်း
ဝမ်းချုပ်တဲ့အခါ ဗိုက်နာခြင်းနှင့်အတူ လေပွခြင်း၊ ဗိုက်ကြီးကယ်နေခြင်းတို့ပါ တွဲဖက်ခံစားရတတ်ပြီး ဝမ်းဗိုက်တစ်ခုလုံး ဖောင်းနေတတ်ပါတယ်။

(၃)  အစာအိမ်နှင့် အူလမ်းကြောင်းရှိအနာများ
အစာအိမ်အနာများကြောင့် ရင်ပူခြင်းနှင့် ဗိုက်ထဲ အစာမရှိချိန်မှာ ဗိုက်နာခြင်းတို့ ဖြစ်စေပြီး ပျို့အန်ခြင်းကိုလည်း ခံစားရနိုင်ပါတယ်။

Kremil-S 2

(၄)  မုန့်ချိုအိတ်ရောင်ခြင်း
ဗိုက်အပေါ်ဘက် အလယ်တည့်တည့်တွင် ပြင်းထန်စွာ နာကျင်ပြီးနောက် ကျောဘက်နှင့် ရင်ဘတ်တွေပါ နာကျင်တတ်ပါတယ်။ ထို့ပြင် ဖျားခြင်းနှင့် ပျို့အန်ခြင်းကိုပါ ခံစားရတတ်ပါတယ်။

(၅)  အူရှိအတက်ငယ်များရောင်ခြင်း
ဗိုက်ဘယ်ဘက်အခြမ်း အောက်နားတွင်နာခြင်းဟာ အူမကြီးအတွင်းဘက်ရှိ အိတ်ငယ်လေးတွေ ပိုးဝင်ရောင်ရမ်းခြင်းကြောင့် ဖြစ်လေ့ရှိပြီး ဖျားခြင်း၊ ပျို့အန်ခြင်း၊ ဝမ်းချုပ်ခြင်းတို့ပါ ခံစားရနိုင်ပါတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)