မနက်စောစောထခြင်းဖြင့် ဒီလိုအကျိုးကျေးဇူးတွေ ရစေပါတယ်
မနက်စောစောထခြင်းဟာ လူမှုရေးအရရော ကျန်းမာရေးအရရော ကျက်သရေ အဖြာဖြာ ပြည့်စုံစေပါသတဲ့။ နေမထွက်ခင်အိပ်ရာထတာဟာ ကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေ အများကြီး ရှိစေပါတယ်။ ဘယ်လိုအကျိုးကျေးဇူးတွေကြောင့် ဘ၀ကို သာသာယာယာ ဖြစ်စေတာပါလိမ့်။
● မနက်စောစောထတဲ့သူတွေ အလုပ် ပိုပြီးပါသတဲ့။ မနက်အစောထကြတဲ့သူတွေဟာ ပြင်ဆင်ချိန် လုပ်စရာကိစ္စတွေ၊ သတ်မှတ်ချိန်တွေ အများကြီးပိုလာပြီး ပိုကောင်းတဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်ကြမှာ ဖြစ်ပါတယ်။ မနက်အစောထသူတွေဟာ ဘဝမှာအောင်မြင်ဖို့လည်း မခက်သူတွေပါ။
● စိတ်ကျန်းမာရေး ပိုကောင်းလာတယ်နော်။ မနက်အစောကြီး ထပြီး နေမထွက်သေးခင် ပတ်ဝန်းကျင်ကို လှည့်လည်ကြည့်ခြင်းဖြင့် အေးချမ်းသာယာသော စိတ်အစဉ်ကို ပျိုးထောင်ပေးပြီး အကောင်းမြင်ဝါဒတွေကို သိသိသာသာ တိုးပွားလာစေပါတယ်။
● နေ့စဉ် စောစောထတဲ့ အလေ့အကျင့်ကို ပျိုးထောင်ဖို့ အိပ်ချိန်မှန်ဖို့ လိုပါတယ်။ မနက်ထဖို့အတွက် စောစောအိပ်ဖြစ်သွားပြီး ခန္ဓာကိုယ်အတွက် တိကျတဲ့ဇီဝနာရီကို တည်ဆောက်ပြီးသား ဖြစ်သွားပါပြီ။
● မနက်စောစောထပြီး စာကျက်တဲ့ကျောင်းသူလေးတွေဟာ နောက်ကျမှထသူတွေထက် အမှတ်ကောင်းကြပြီး ကျောင်းစာမှာ စွမ်းဆောင်ရည် ပိုမိုမြင့်မားလာတတ်ကြပါတယ်။ ဒီတော့ စောစောထတဲ့ ကျောင်းသူကျောင်းသားတွေ စာတော်တယ်ဆိုတာတော့ သံသယရှိစရာ မလိုတော့ပါဘူး။
● မနက်စောစော ထခြင်းဖြင့် ဘဝဟာ ပိုမိုအထာကျပြီး တောက်ပလာတတ်ပါသတဲ့။ အစောနိုးသူတွေ မိမိကိုယ်မိမိ သေချာပြင်ဆင်ဖို့ အချိန်ရသူတွေ၊ အလောတကြီး မလုပ်ဖို့လိုသူတွေဟာ ဘဝမှာ အကောင်းဆုံး နေပျော်လာကြပြီး တစ်ဘဝလုံးစာမှာ ပျော်ရွှင်ကြည်နူး တက်ကြွစွာ ဖြတ်သန်းသွားနိုင်တတ်ကြပါတယ်။
● လူပေါင်း ၁၀၃ ယောက်ကို ပြုလုပ်ခဲ့တဲ့ သုတေသနမှာ စိတ်ဖိစီးမှုတွေနဲ့ လတ်တလော ကြုံနေရသူတွေ အရင်ကတည်းက ဖိစီးစိတ်ညစ်မှုတွေ ရှိလာသူတွေရဲ့ ဦးနှောက်ကို သံလိုက်ဓာတ်မှန်ရိုက်ပြီး စမ်းသပ်ခဲ့ပါတယ်။ အဲဒီမှာ အံ့အားသင့်စရာက စိတ်ဖိစီးမှု ပိုများများခံရလေ ကော်တီကယ်ဦးနှောက်နေရာတွေ သေးကွေးသွားလေပါပဲတဲ့။ မနက်အစောထပြီး တရားထိုင်ရင်း မိမိကိုယ်မိမိ အေးချမ်းတည်ငြိမ်စွာ ရှုကြည့်ခြင်းဖြင့် စိတ်ဖိစီးမှုတွေ လျော့ကျလာပြီး စိတ်ကျန်းမာရေး အကျိုးကျေးဇူးတွေ အများကြီး ရစေပါတယ်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)















