/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/မပေါ့ဆသင့်သော-ကျောက်ကပ်ပိုးဝင်ခြင်း

မပေါ့ဆသင့်သော ကျောက်ကပ်ပိုးဝင်ခြင်း

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

ကျွန်မတို့ရဲ့ ကျောက်ကပ်တွေဟာ သွေးမှာရှိတဲ့ အညစ်အကြေးတွေကို ဖယ်ထုတ်ပြီး ဆီးအဖြစ် စွန့်ထုတ်ပေးပါတယ်။ ကျောက်ကပ်တစ်လုံးဟာ သင့်လက်သီးဆုပ်အရွယ်ရှိပြီး ပဲစေ့ပုံသဏ္ဌာန် ရှိပါတယ်။ နံရိုးအောက်ဘက်နေရာ ကျောရိုးမ တစ်ဖက်တစ်ချက်စီတွင် နေရာယူထားကြပါတယ်။
ကျောက်ကပ်ပိုးဝင်ခြင်းဆိုတာ ကျောက်ကပ်တွင်းသို့ ဗိုင်းရပ်စ် သို့မဟုတ် ဘတ်တီးရီးယားပိုး ဝင်ရောက်ခြင်းကို ဆိုလိုခြင်းဖြစ်ပြီး ကျောက်ကပ်တစ်ဖက်တည်း သို့မဟုတ် နှစ်ဖက်လုံးတွင် ဖြစ်ပေါ်နိုင်ပါတယ်။

>>  ရောဂါလက္ခဏာများ
●  ဖျားခြင်း
●  ကျောနဲ့ ခါးဘေးတစ်ဖက်တစ်ချက်တွင် နာကျင်ခြင်း
●  ချမ်းတုန်ခြင်း
●  ပျို့အန်ခြင်း
●  ဆီးပူ၊ ဆီးကျဉ်ခြင်း
●  ဆီးတွင် အနည်ပါခြင်း၊ ဆီးအနံ့နံခြင်း
●  ဆီးတွင် သွေးနဲ့ပြည်ပါခြင်း

>>  ဖြစ်စေသောအကြောင်းရင်း
E coli ဆိုသော ဘတ်တီးရီးယားကြောင့် အဖြစ်များပြီး ဆီးလမ်းကြောင်းပိုးဝင်ခြင်း ဖြစ်ပေါ်တတ်သူတွေမှာလည်း ကျောက်ကပ်ပိုးဝင်ခြင်း ဖြစ်ပေါ်ဖို့ အလားအလာများပါတယ်။

>>  ဘယ်လိုကာကွယ်မလဲ?
●  ရေများများသောက်ပါ။
●  လိင်ဆက်ဆံပြီးချိန်တိုင်း ဆီးသွားပါ။
●  ဆီးသွားချင်ရင် မအောင့်ထားပါနဲ့။
●  မိန်းမကိုယ်တစ်ဝိုက်ကို သန့်ရှင်းရာတွင် အနံ့မွှေးသောပစ္စည်းများ အသုံးမပြုပါနဲ့။
●  အမျိုးသမီးများ မိန်းမကိုယ်ကို သန့်ရှင်းတဲ့အခါ အရှေ့ကနေ အနောက်သို့ သုတ်ပါ။

>>  ဘယ်လိုလူတွေမှာ အဖြစ်များလဲ?
●  ကိုယ်ဝန်သည်များ
●  ဆီးချိုရောဂါသည်များ
●  ဆီးပိုးဝင်တတ်သူများ
●  ကျောက်ကပ်ကျောက်တည်သူများ
●  ဆီးကျိတ်ရောင်သူများ
●  ကိုယ်ခံအားနည်းသူများ

>>  ကုသနည်း
ဆရာဝန် ညွှန်ကြားချက်အတိုင်း ပိုးသတ်ဆေးသောက်ခြင်း၊ ဆေးထိုးခြင်းတို့ ပြုလုပ်ရမှာဖြစ်ပြီး ပြင်းထန်ပါက ဆေးရုံတက်ပြီး ကုသမှုခံယူသင့်ပါတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)