မိုးမိပြီး မဖျားစေဖို့ ဒီအချက်တွေ ဂရုစိုက်ပေးပါ
မိုးရာသီဆိုတော့ အပြင််ထွက်ရပြီဆို တစ်ချိန်မဟုတ် တစ်ချိန်တော့ မိုးမိမှာပါပဲ။ မိုးမိခံရပြီးရင် ကိုယ်ပူ၊ တုပ်ကွေးဖြစ်၊ ထိုင်းမှိုင်း၊ ချောင်းဆိုးတာတွေဖြစ်လာပါမယ်။ ဒါကြောင့် မိုးတွင်းမှာ မိုးမိခံရပြီးရင် ဒီအချက်လေးတွေကို ဂရုတစိုက်နဲ့ လိုက်နာပေးပါနော်။
1. အဝတ်အစားတွေကို ချက်ချင်းလဲပါ။
မိုးမိခံရပြီးရင် အဝတ်တွေ ရေစိုမနေရင်တောင်မှ အဝတ် လဲဝတ်ထားတာက ကောင်းပါတယ်။ ရေနွေးနွေးလေးနဲ့ အရင်ရေချိုးပြီးမှ လဲဝတ်ရင်တော့ ပိုကောင်းတာပေါ့။
2. ဆံပင်ခြောက်အောင် ချက်ချင်းသုတ်ပါ။
ရေနွေးနွေးလေးနဲ့ ရေချိုးပြီးပြီဆိုရင်တော့ ခန္ဓာကိုယ်နဲ့ ဆံပင်ကို ခြောက်သွေ့အောင် သုတ်ပေးပါ။ ဆံပင်တွေ စိုနေရင် အအေးမိပြီးတော့ ထိုင်းထိုင်းမှိုင်းမှိုင်း ဖြစ်တတ်ပါတယ်။ ဒါကြောင့် ရေချိုးပြီးရင် ဆံပင်ကို ခြောက်အောင် သေချာသုတ််ဖို့ မမေ့ပါနဲ့။
3. ပူပူနွေးနွေး အစားအသောက်တွေကို စားသောက်ပေးပါ။
ရေနွေးလေးနဲ့ ရေချိုးပြီး နေလို့ကောင်းနေချိန်မှာ အစားအစာ ပူပူနွေးနွေးလေးတွေ စားလိုက်ရမယ် ဆိုရင်တော့ ဒီထက်ကောင်းတာ ရှိတော့မှာ မဟုတ်ပါဘူး။ ဘာမှမစားရင်တောင်မှ ရေနွေးပူပူလေးထဲမှာ ပျားရည် (သို့) သံပုရာရည်လေး ထည့်ပြီးတော့ သောက်ပါ။ ပျားရည်နဲ့ သံပုရည်နွေးနွေးလေးက အနွေးဓာတ်ရစေရုံသာမက တုပ်ကွေးကို ကာကွယ်နိုင်မယ့် ဗီတာမင် C ဓာတ်တွေလည်း ပါ ပါတယ်။
4. အကြောလေး နည်းနည်းလျှော့ပေးပါ။
မိုးမိပြီးရင် နောက်ထပ် လုပ်သင့်တာကတော့ ခန္ဓာကိုယ် အကြောလျှော့ပေးပါ။ ဒါက ခန္ဓာကိုယ် နွေးသွားစေသလို သွေးစီးဆင်းမှုကိုလည်း ပိုကောင်းစေပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)
















