မိုးမိရုံ၊ လေအေးနဲ့ထိတွေ့ရုံနဲ့တင် ဖျားနာနိုင်သလား
အခုလို မိုးရာသီမှာ မိုးမိရင်ဖျားလိမ့်မယ်၊ အပြင်မှာအေးလို့ ဖျားလိမ့်မယ်ဆိုပြီး ပြောကြတာတွေကို ကြားဖူးကြလိမ့်မယ် ထင်ပါတယ်။ ဖျားနာခြင်းတွေဟာ မိုးရာသီမှာ အဖြစ်များတယ်ဆိုပေမယ့် မိုးမိလို့၊ လေအေးနဲ့ထိတွေလို့ ဖျားရတာတော့ မဟုတ်ပါဘူး။
ခန္ဓာကိုယ်ထဲကို ရောဂါပိုးဝင်ရောက်လို့ ဖြစ်ရတာပါ။ အမျိုးပေါင်း ၂၀၀ ကျော်တဲ့ ဗိုင်းရပ်စ်ပိုးတွေကြောင့် အအေးမိနိုင်ပြီး အအေးမိတဲ့အခါ နှာစေးတာကို အဓိကခံစားရတတ်ပါတယ်။ ရံဖန်ရံခါ ချောင်းဆိုးပြီး ဖျားနာနိုင်ပါတယ်။
>> အအေးမိဖျားနာတာဟာ -
● ရောဂါပိုးရှိသူ နှာစေးချောင်းဆိုးရာကနေ ထွက်လာတဲ့ အမှုန်အမွှားတွေကို ရှူမိတာ
● ဒီအမှုန်အမွှားတွေ ကပ်တွယ်နေတဲ့ တံခါးလက်ကိုင်လိုမျိုး ထိတွေ့မှုများတဲ့ မျက်နှာပြင်တွေကို ကိုင်တွယ်ပြီး မိမိတို့မျက်နှာကို ပြန်ကိုင်မိတာ
စတဲ့ နည်းလမ်းနှစ်မျိုးနဲ့သာ ကူးစက်နိုင်ပြီး မိုးမိလို့တော့၊ လေအေးနဲ့ထိတွေ့လို့တော့ မကူးစက်နိုင်ပါဘူး။
Biogesic Adult IA 1
>> ဒါဆို မိုးမိပြီးရင် ဘာကြောင့် ဖျားနာရတာလဲ?
မိုးမိတဲ့အခါ ကိုယ်အပူချိန်ကျလို့ ဒီလိုအချိန်မှာ ရောဂါပိုးတွေ အလွယ်တကူ ဝင်ရောက်နိုင်ပါတယ်။ ဒီအချိန်မှာ ကိုယ်ခံအားသာနည်းနေရင်တော့ ရောဂါပိုးတွေကို မတိုက်ထုတ်နိုင်လို့ ဖျားနာရတာပါ။ ပြီးတော့ မိုးရာသီမှာ စိုထိုင်းဆနည်းပြီး လူအများစုကလည်း မိုးရွာတဲ့အခါ အပြင်မသွားတော့ဘဲ အိမ်ထဲမှာပဲစုနေကြလို့ ရောဂါပိုးတွေ ကူးစက်လွယ်ရတာပါ။
ဒါဆိုရင်တော့ မိုးမိရင်၊ လေအေးနဲ့ထိတွေ့ရင် ဖျားနိုင်တယ်ဆိုတာ အယူအဆအမှားဆိုတာ သိသွားကြပြီထင်ပါတယ်။ မိုးရွာထဲမှာ ထီးမဆောင်း၊ မိုးကာမဝတ်ဘဲ သွားပါစေဦးတော့ ရောဂါပိုးတွေနဲ့သာ တိုက်ရိုက်မထိတွေ့ခဲ့ရင် ဖျားစရာအကြောင်းလည်း မရှိပါဘူးနော်။
Biogesic Adult IA 2
ဒါပေမဲ့လည်း အအေးမိ ဖျားနာနိုင်ချေတော့ ရှိနေသေးလို့ မိုးတွင်းမှာ မဖျားမနာကြရအောင် -
● လက်ကို ဆပ်ပြာနဲ့ရေသုံးပြီး သေချာဆေးပါ။
● မသန့်ရှင်းတဲ့လက်နဲ့ နှာခေါင်း၊ ပါးစပ်၊ မျက်လုံးတို့ကို မကိုင်ပါနဲ့။
● ဖျားနေသူတွေနဲ့ ဝေးဝေးနေပါ။
● မိုးမိရင်လည်း ရေစိုအဝတ်နဲ့ အကြာကြီးမနေဘဲ ရေချိုး၊ အဝတ်လဲပေးပါ။ အရည်နွေးနွေးလေးတွေ သောက်ပေးပါ။
● တကယ်လို့ ဖျားနာလာပြီဆိုရင်လည်း ကိုယ်အပူချိန်ကျစေဖို့ ပါရာစီတမော ပါဝင်တဲ့ Biogesic လို ဆေးဝါးမျိုးတွေကို မှီဝဲပေးပါ။
Dr. Aye Hsu Mon (www.drmyanmar.com)
















