မီးဖိုချောင်ထဲက တုပ်ကွေးဆေးတွေ
တုပ်ကွေးဆိုတာ ဘယ်အချိန်မှာမဆို ဖြစ်နိုင်ပြီးတော့ ပုံမှန်လုပ်ကိုင်နေကျအရာတွေကို မလုပ်နိုင်၊ မကိုင်နိုင်အောင် ဖြစ်စေနိုင်တယ်။
တုပ်ကွေး ဖြစ်လာပြီဆိုရင် နေမထိ ထိုင်မသာ ဖြစ်စေနိုင်စွမ်းရှိတယ်။ ဒါပေမဲ့ မီဖိုချောင်ထဲက ဒီပစ္စည်းလေးတွေနဲ့ ဆိုးလိုက်တဲ့တုပ်ကွေးကို တိုက်ထုတ်ပစ်နိုင်မယ်နော်။
● ကြက်သွန်ဖြူ
ကြက်သွန်ဖြူဟာ သဘာဝပိုးသတ်ဆေးတစ်မျိုးဖြစ်ပြီး အင်တီအောက်စီဒန့် ဓာတ်တိုးဆန့်ကျင်ပစ္စည်း လည်း ကြွယ်ဝတယ်။ သွေးဖြူဥကို လှုံ့ဆော်ပေးတာကြောင့် ခုခံအားစနစ်ကို တိုးတက်စေတယ်။ ဒါကြောင့် ကြက်သွန်ဖြူ မှန်မှန်စားပေးတာက ခုခံအားစနစ်ကို ကောင်းစေပြီး တုပ်ကွေးမဖြစ်အောင် တားဆီးပေးတယ်။
● ပန်းဂေါ်ဖီစိမ်း
ပန်းဂေါ်ဖီစိမ်းမှာ အမျှင်ဓာတ်တွေ၊ ဗီတာမင်စီ၊ ဗီတာမင်အေ၊ သံဓာတ်၊ ဗီတာမင်ကေ၊ ဘီဓာတ်ပေါင်းစု၊ ဇင့်၊ ဖော့စဖိတ်၊ ဖိုင်တိုအာဟာရဓာတ်တွေ အများကြီး ပါဝင်တယ်။ ပန်းဂေါ်ဖီစိမ်းဟာ ကျန်းမာရေးအတွက် ကောင်းပြီးတော့ တုပ်ကွေးကို တိုက်ထုတ်ပေးနိုင်တယ်။
● လိမ္မော်သီး
လိမ္မော်သီးမှာ ဗီတာမင်စီနဲ့ ပိုတက်စီယမ်တွေများလို့ တုပ်ကွေးအတွက် အရမ်းကောင်းတယ်။ အသားအရေအတွက် ကောင်းတယ်။ ကင်ဆာဖြစ်နှုန်းကို လျော့ကျစေတယ်။ ဒါကြောင့် အပတ်စဉ် ထည့်စားပေးခြင်းဖြင့် တုပ်ကွေးမဖြစ်အောင် ကာကွယ်ပေးနိုင်တယ်။
Bio Adult 1

● သင်္ဘောသီး
ဗီတာမင်စီနဲ့ ဗီတာမင်အေတွေ အများကြီးလည်းပါ၊ အရသာလည်း ရှိတာကြောင့် တုပ်ကွေးမိပြီဆိုတာနဲ့ ချက်ချင်း စားပေးသင့်တယ်နော်။
● စပါးလင်
စပါးလင်မှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေနဲ့ ဗီတာမင်စီ၊ အီး၊ ကေ၊ ဘီ12 အပါအဝင် ဓာတ်ပေါင်းစုတွေ အများကြီးပါတာကြောင့် ဖျော်ရည်မှာ ထည့်သောက်ပေးပါ။ ဒါကြောင့် စပါးလင် စားပေးခြင်းဖြင့် တုပ်ကွေးကို ထိထိရောက်ရောက် တိုက်ခိုက်ပေးနိုင်တယ်။
● ကိုက်လန်
ကိုက်လန်မှာ အင်တီအောက်စီဒန့်နဲ့ ကင်ဆာတိုက်ခိုက်နိုင်တဲ့ အစွမ်းရှိတယ်။ အမျှင်ဓာတ်တွေလည်း အများကြီးပါလို့ အစာခြေစနစ်ကို အားပေးပြီး ရောင်ရမ်းတာကိုလည်း ကျစေတယ်။ ဒါကြောင့် သင်္ဘောသီးတွေ၊ လိမ္မော်သီးတွေအပြင် ကိုက်လန်ကိုပါ ထည့်ထည့်စားပေးပါ။
● ငရုတ်ပွသီး
ငရုတ်ပွမှာ ခုခံအားတိုးတက်စေနိုင်တဲ့ ဗီတာမင်စီတွေ ကြွယ်ဝစွာပါတယ်။ ဒီလိုဗီတာမင်တွေ များများပါလို့ တုပ်ကွေးကို တိုက်ထုတ်ရာမှာ အရမ်းအစွမ်းထက်ပါတယ်နော်။
Dr. Mya Phoo Ngon (www.drmyanmar.com)
Bio Adult 2

(Zawgyi)
တုပ္ေကြးဆိုတာ ဘယ္အခ်ိန္မွာမဆို ျဖစ္နိုင္ၿပီးေတာ့ ပုံမွန္လုပ္ကိုင္ေနက်အရာေတြကို မလုပ္နိုင္၊ မကိုင္နိုင္ေအာင္ ျဖစ္ေစနိုင္တယ္။
တုပ္ေကြး ျဖစ္လာၿပီဆိုရင္ ေနမထိ ထိုင္မသာ ျဖစ္ေစနိုင္စြမ္းရွိတယ္။ ဒါေပမဲ့ မီဖိုေခ်ာင္ထဲက ဒီပစၥည္းေလးေတြနဲ႔ ဆိုးလိုက္တဲ့တုပ္ေကြးကို တိုက္ထုတ္ပစ္နိုင္မယ္ေနာ္။
● ၾကက္သြန္ျဖဴ
ၾကက္သြန္ျဖဴဟာ သဘာဝပိုးသတ္ေဆးတစ္မ်ိဳးျဖစ္ၿပီး အင္တီေအာက္စီဒန႔္ ဓာတ္တိုးဆန႔္က်င္ပစၥည္း လည္း ႂကြယ္ဝတယ္။ ေသြးျဖဴဥကို လႈံ႔ေဆာ္ေပးတာေၾကာင့္ ခုခံအားစနစ္ကို တိုးတက္ေစတယ္။ ဒါေၾကာင့္ ၾကက္သြန္ျဖဴ မွန္မွန္စားေပးတာက ခုခံအားစနစ္ကို ေကာင္းေစၿပီး တုပ္ေကြးမျဖစ္ေအာင္ တားဆီးေပးတယ္။
● ပန္းေဂၚဖီစိမ္း
ပန္းေဂၚဖီစိမ္းမွာ အမၽွင္ဓာတ္ေတြ၊ ဗီတာမင္စီ၊ ဗီတာမင္ေအ၊ သံဓာတ္၊ ဗီတာမင္ေက၊ ဘီဓာတ္ေပါင္းစု၊ ဇင့္၊ ေဖာ့စဖိတ္၊ ဖိုင္တိုအာဟာရဓာတ္ေတြ အမ်ားႀကီး ပါဝင္တယ္။ ပန္းေဂၚဖီစိမ္းဟာ က်န္းမာေရးအတြက္ ေကာင္းၿပီးေတာ့ တုပ္ေကြးကို တိုက္ထုတ္ေပးနိုင္တယ္။
● လိေမၼာ္သီး
လိေမၼာ္သီးမွာ ဗီတာမင္စီနဲ႔ ပိုတက္စီယမ္ေတြမ်ားလို႔ တုပ္ေကြးအတြက္ အရမ္းေကာင္းတယ္။ အသားအေရအတြက္ ေကာင္းတယ္။ ကင္ဆာျဖစ္ႏႈန္းကို ေလ်ာ့က်ေစတယ္။ ဒါေၾကာင့္ အပတ္စဥ္ ထည့္စားေပးျခင္းျဖင့္ တုပ္ေကြးမျဖစ္ေအာင္ ကာကြယ္ေပးနိုင္တယ္။
● သေဘၤာသီး
ဗီတာမင္စီနဲ႔ ဗီတာမင္ေအေတြ အမ်ားႀကီးလည္းပါ၊ အရသာလည္း ရွိတာေၾကာင့္ တုပ္ေကြးမိၿပီဆိုတာနဲ႔ ခ်က္ခ်င္း စားေပးသင့္တယ္ေနာ္။
● စပါးလင္
စပါးလင္မွာ ခႏၶာကိုယ္အတြက္ လိုအပ္တဲ့ အာဟာရဓာတ္ေတြနဲ႔ ဗီတာမင္စီ၊ အီး၊ ေက၊ ဘီ12 အပါအဝင္ ဓာတ္ေပါင္းစုေတြ အမ်ားႀကီးပါတာေၾကာင့္ ေဖ်ာ္ရည္မွာ ထည့္ေသာက္ေပးပါ။ ဒါေၾကာင့္ စပါးလင္ စားေပးျခင္းျဖင့္ တုပ္ေကြးကို ထိထိေရာက္ေရာက္ တိုက္ခိုက္ေပးနိုင္တယ္။
● ကိုက္လန္
ကိုက္လန္မွာ အင္တီေအာက္စီဒန႔္နဲ႔ ကင္ဆာတိုက္ခိုက္နိုင္တဲ့ အစြမ္းရွိတယ္။ အမၽွင္ဓာတ္ေတြလည္း အမ်ားႀကီးပါလို႔ အစာေျခစနစ္ကို အားေပးၿပီး ေရာင္ရမ္းတာကိုလည္း က်ေစတယ္။ ဒါေၾကာင့္ သေဘၤာသီးေတြ၊ လိေမၼာ္သီးေတြအျပင္ ကိုက္လန္ကိုပါ ထည့္ထည့္စားေပးပါ။
● င႐ုတ္ပြသီး
င႐ုတ္ပြမွာ ခုခံအားတိုးတက္ေစနိုင္တဲ့ ဗီတာမင္စီေတြ ႂကြယ္ဝစြာပါတယ္။ ဒီလိုဗီတာမင္ေတြ မ်ားမ်ားပါလို႔ တုပ္ေကြးကို တိုက္ထုတ္ရာမွာ အရမ္းအစြမ္းထက္ပါတယ္ေနာ္။
Dr. Mya Phoo Ngon (www.drmyanmar.com)
















