/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/မုန်တိုင်းဖြစ်လျှင်-ပြုလုပ်ရမည့်နည်းလမ်းများနှင့်

မုန်တိုင်းဖြစ်လျှင် ပြုလုပ်ရမည့်နည်းလမ်းများနှင့် ယူဆောင်ရမည့်ပစ္စည်းများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

♦ မုန်တိုင်းဖြစ်လျှင် ပြုလုပ်ရမည့်နည်းလမ်းများ

 

1. မိသားစုအားလုံးကိုသတိပေးပါ။ တစ်စုတစ်ေ၀းတည်းနေပါ။

2. ကောလဟာလသတင်းများ မယုံပါနှင့်။

3. မုန်တိုင်းဆိုင်ရာအကြံဉာဏ်နှင့် သတိပေးချက်များကို အချိန်နှင့်တပြေးညီသိရှိနိုင်ရန် အတွက် ရေဒီယို နားထောင်ပါ။

4. စိတ်ကိုတည်ငြိမ်စွာထားပါ။

5. အရေးကြီးသော ပစ္စည်းများ၊ နွေးထွေးစေမည့် အ၀တ်အစားများကို ရေလုံပလပ်စတစ်အိတ်ထဲတွင် ထည့်ထားပါ။

6. မုန်တိုင်းကျရောက်နေချိန်အတွင်း လေပြင်းများတိုက်ခတ်ခြင်းကြောင့် လျှပ်စစ်မီးကြိုးများပြတ်ကျ ထားခြင်းရှိနိုင်တဲ့အတွက် အလွန်အန္တရာယ်များပါတယ်။ ဒါကြောင့် မုန်တိုင်းတိုက်နေစဉ်အတွင်း အိမ်အပြင်မထွက်သင့်ပါ။ အသုံးပြုလက်စ ဖုန်း၊ ကွန်ပျူတာများကိုလည်း ချက်ချင်းရပ်ပစ်လိုက်ပါ။

7. မုန်တိုင်း၀င်နေစဉ် ဖယောင်းတိုင်ထွန်းထားပါက မီးဘေးအန္တရာယ်ဖြစ်နိုင်ခြေ ရာခိုင်နှုန်းများတဲ့အတွက် လက်နှိပ်ဓာတ်မီးကိုသာ ဖွင့်ထားပါ။

8. မုန်တိုင်းကျနေစဉ် လျှပ်စစ်မီး အန ္တရာယ်ဖြစ်နိုင်တာကြောင့် လျှပ်စစ်နှင့်ပတ်သက်သောပစ္စည်းများအား မလိုအပ်ဘဲ မဖွင့်ပါနဲ့။ မီးပလပ်များကို ဖြုတ်ထားပါ။

9. မီးစက်၊ အပူပေးစက်ကို မုန်တိုင်းကျနေစဉ် ကိုင်တွယ်အသုံးမပြုပါနှင့်။ အတတ်နိုင်ဆုံး ေ၀းေ၀းမှာနေပါ။

10. အဆောက်အဦ၏ ခိုင်ခံ့သောနေရာတွင် နေပါ။ မှန်ပြူတင်းပေါက်များနှင့် ေ၀းရာတွင် နေပါ။

11. လျှပ်စစ်နဲ့ပတ်သက်ပြီး ကျွမ်းကျင်ခြင်းမရှိဘဲ ပြတ်ကျ၊ ပျက်စီးသွားတဲ့မီးကြိုးများကို ထိတွေ့ခြင်းမပြုသင့်ပါ။

12. လဲပြိုနေသောသစ်ပင်များပေါ်တွင် လျှပ်စစ်မီးကြိုးများ ရစ်ပတ်နေခြင်းကိုတွေ့ရှိပါက သက်ဆိုင်ရာလျှပ်စစ်ဌာနသို့ အမြန်ဆုံးအကြောင်းကြားပါ။ အမှုမဲ့အမှတ်မဲ့သွားကိုင်ခြင်းမျိုး လုံး၀မပြုရပါ။ 

 

♦ ယူဆောင်ရမည့်ပစ္စည်းများ

 

          Safety Kit လို့ခေါ်တဲ့ အရေးပေါ်အသုံးပြုရမည့် ပစ္စည်းများထည့်ထားတဲ့ သေတ္တာလေးတစ်ခုကို မုန်တိုင်းကျရောက်နိုင်ခြေရှိကြောင်း အသိပေးကြေညာထားချက်များကို သိရှိပြီးတာနဲ့ တစ်ပြိုင်နက် မဖြစ်မနေ ပြင်ဆင်ထားဖို့လိုအပ်ပါတယ်။ အရေးပေါ်ပစ္စည်းသေတ္တာ(Safety Kit)တစ်ခုဖြစ်ရန် သယ်ဆောင်ရလွယ်ကူပေါ့ပါးမှုရှိမယ့်၊ ပစ္စည်းထည့်ရာတွင်ဆ့ံလောက်မယ့် ပလတ်စတစ်ပုံးတစ်ခု လိုအပ်ပြီး ၄င်းပုံးပေါ်တွင် အမှတ်အသားတစ်ခုခုကို စာလုံးကြီးကြီးဖြင့် မြင်သာထင်သာအောင် ရေးထားပါ။ အရေးပေါ်ပစ္စည်းသေတ္တာထဲတွင် -

- လက်နှိပ်ဓာတ်မီးများ
- ဓာတ်ခဲသုံးရေဒီယို
- ဘက်ထရီအပို
- မီးသတ်ပိုက်အသေး
- ဆေးသေတ္တာ
- ခြုံစောင်များ၊ နွေးထွေးလုံခြုံစေမည့် အ၀တ်အစားများ
- သောက်ရေဗူးများ
- ကြာရှည်ခံ မုန့်ထုတ်များ   
- လည်ရှည်ဖိနပ်
- အိမ်နီးချင်း၊ဆွေမျုးိ၊မိတ်ဆွေများနှင့်သက်ဆိုင်ရာဌာနများကိုဆက်သွယ်နိုင်မည့်ဖုန်းနံပါတ်များရေး ထားသောမှတ်စုစာအုပ်၊ မိမိကိုင်တွယ် အသုံးပြုနေသော handphone
- ရေအိမ်သုံးစက္ကူ၊ အမျိုးသမီးလစဉ်သုံးပစ္စည်း
- အရေးကြီးစာရွက်စာတမ်းများကို ဦးစားပေးထည့်သင့်ပြီး အိမ်မှာကလေးငယ်ရှိမယ်ဆိုရင်တော့ ကလေးအတွက် စားစရာ၊ ရှုးခံဘောင်းဘီ၊ တစ်ရှူးအစို/အခြောက်၊ ရောင်စုံခဲတံ၊ အရောင်ခြယ်စာအုပ် စတဲ့ ပစ္စည်းလေးတွေကိုပါ ထည့်ထားသင့်ပါတယ်။

 

♦ မုန်းတိုင်း အန္တရာယ်ကျရောက်ပြီးနောက်

- မိသားစု၀င်များအား စိစစ်ပါ။
- ၀န်းကျင်သန့်ရှင်းရေးလုပ်ပါ။
- ပြတ်ကျနေသော ဓာတ်ကြိုးများ၊ပျက်စီးနေသော အဆောက်အုံ၊သစ်ပင်များ ကို သတိပြုပါ။ ရေစိုနေသော - လျှပ်စစ်မီးခလုတ်များအား အလျင်စလို မကိုင်ပါနှင့်။
- တာ၀န်ရှိအဖွဲ့များ၏ လမ်းညွှန်ချက်ကို လိုက်နာပါ။
- ပါ၀င်ကူညီဆောင်ရွက်ပါ။

 

CMS

www.drmyanmar.com