မျက်နှာမှာ ဖြူဖြူအကွက်တွေ
လူအတေ်ာများများဟာ ဘဝတစ်ကွေ့ကွေ့မှာ မျက်နှာက အစက်အပြောက်တွေကို မတွေ့ဘဲ မနေပါဘူးနော်။ မျက်နှာမှာ အဖြစ်များပြီး ရင်ဘတ်တွေ၊ လက်မောင်းတွေမှာလည်း တွေ့ရတတ်တယ်။
ပုံစံအမျိုးမျိုးနဲ့ လာနိုင်ပြီး အဖြူကွက်တွေ၊ အဖုလေးတွေနဲ့ လာတတ်တယ်။
>> အဆီဖု
မျက်နှာမှာ အဖုဝိုင်းဝိုင်းသေးသေးလေးတွေ တွေ့ရတတ်တယ်။ အရေပြား အပေါ်ယံလွှာမှာရှိတဲ့ ပရိုတင်းတစ်မျိုးနဲ့ ဆဲလ်အသေတွေ၊ အညစ်အကြေးတွေ စုမိပြီး ဖြစ်လာတာပါ။
များသောအားဖြင့် မျက်လုံးနားတစ်ဝိုက်၊ ပါးတွေနဲ့ နှာခေါင်းမှာ ဖြစ်တတ်တယ်။
အသက်အရွယ်မရွေး၊ ယောက်ျားမိန်းမ မရွေး တွေ့ရတတ်တယ်။ ကလေးသေးသေးလေးတွေမှာလည်း ဖြစ်တတ်တယ်နော်။
ဒီအဆီဖုတွေဟာ မျက်နှာနဲ့ ဓာတ်မတည့်တဲ့ လိမ်းဆေးတွေ၊ နေရောင်တွေကြောင့် ဖြစ်နိုင်တယ်။
မကုဘဲနဲ့တောင် ရက်သတ္တပတ် အနည်းငယ်အတွင်း ပျောက်သွားနိုင်တယ်။ အဓိကက မညှစ်မိဖို့ပဲ။
မတည့်တဲ့လိမ်းဆေးကို ရပ်လိုက်တာနဲ့ သိသာတယ်။ ပြီးတော့ အညစ်အကြေးတွေ မရှိရအောင် သေချာမျက်နှာကို ချေးချွတ်ပေးဖို့လိုတယ်။ နေရောင်ကာခရင်မ်လိမ်းပေးဖို့လည်း မမေ့နဲ့နော်။
သူ့အလိုလို မပျောက်သွားရင်တော့ ဆရာဝန်နဲ့ ပြကြည့်ပါ။
>> ဆရာဝန်က
● အရေပြားသုံး အပ်ကလေးနဲ့ ထုတ်ပေးတာ
● retinoid ခရင်မ်ပေးတာ
● အပေါ်ယံအရေပြားကို ဖယ်ရှားတာတွေ
လုပ်ပေးပါလိမ့်မယ်။
Dr. Emerald (www.drmyanmar.com)
















