မျက်လုံးထဲတစ်ခုခု၀င်သွားလို့ မျက်ရည်တွေ အဆက်မပြတ် ထွက်နေရင် ဒီလိုလုပ်ကြည့်ပါ
၀မ်းနည်းလို့မျက်ရည်ကျတာ သဘာ၀ဖြစ်ပေမယ့် တခါတရံမှာ၀မ်းသာလွန်းလို့လည်း မျက်ရည်၀ဲတတ်ကြပါတယ်။ ဒါပေမယ့် အကြောင်းရင်းတစ်စုံတစ်ရာမရှိဘဲ မျက်လုံးအိမ်မှာမျက်ရည်တွေ ပြည့်လျှံလာခြင်းဟာ ပန်း၀တ်မှုန်၊ အိမ်မွေးတိရာစၧန်တွေရဲ့ အမွေးအမျှင်၊ ပိုးမွှား၊ မှိုပိုး၊ ရေမွှေး၊ ဆေးလိပ်ငွေ့နဲ့ မျက်လုံးအားဓာတ်မတည့်စေတဲ့ အခြားသောအကြောင်းရင်းတွေကြောင့် ဖြစ်ပေါ်လာရခြင်းဖြစ်ပါတယ်။ ဒါကြောင့် စိတ်ခံစားချက်ပေါ်မူတည်ပြီး မျက်ရည်ပြည့်လျှံလာခြင်းမျိုးမဟုတ်ဘဲ ဓာတ်မတည့်မှုတစ်ခုခုကြောင့် မျက်လုံးအိမ်မှာမျက်ရည်တွေ ရစ်သိုင်းနေခြင်းကိုသက်သာစေဖို့ အိမ်တွင်းကုထုံးနည်းလေးတွေကိုလေ့လာထားသင့်ပါတယ်။
1. ရေနွေးနွေးဖြင့် သန့်စင်ပါ။
မျက်လုံးထဲကိုသာမန်မျက်စိနဲ့မမြင်နိုင်တဲ့ ပိုးမွှား၀င်သွာခြင်းကြောင့်သော်လည်းကောင်း၊ အမှုန်အစအနလေး ၀င်သွားခြင်းကြောင့်သော်လည်းကောင်း မျက်လုံးအိမ်မှာမျက်ရည်တွေစို့လာတတ်ပါတယ်။ ယင်းကဲ့သို့အမှုန်အမွှား ၀င်သွားခြင်းကြောင့် မျက်လုံးအိမ်ထဲမှာမျက်ရည်များ ေ၀့၀ဲတက်လာပါက ရေနွေးနွေးလေးဖြင့် မျက်လုံးနားတစ်၀ိုက်ကို သန့်စင်ပေးသင့်ပါတယ်။
2. ရေအေးဖတ်ကပ်ပါ။
ဓာတ်မတည့်မှုတစ်ခုခုကြောင့် မျက်လုံးအိမ်ထဲမှာမျက်ရည်တွေပြည့်လျှံလာခြင်းကို သက်သာစေဖို့အတွက် မျက်လုံးမှိတ်ထားကာ ရေအေးဖတ်ကပ်ပေးပါ။
3. ဗီတာမင် C ၊ E ကြွယ်၀တဲ့ အစားအစာတွေစားပါ။
မျက်စိ၏ ရောင်ခြယ်ပါသောအပိုင်းရောင်ရမ်းခြင်း (Uveitis) ကြောင့်လည်း မျက်လုံးမှာမျက်ရည်တွေ လျှံတက်လာတတ်ပါတယ်။ ဗီတာမင် C၊ E ပါတဲ့ အားဖြည့်ဆေးတွေက မျက်လုံးပိုး၀င်ခြင်းကြောင့်ဖြစ်တဲ့ မျက်သားပေါ်မှာ ဖြစ်ပေါ်လာတဲ့တုံ့ပြန်မှုတွေကို သက်သာလျော့ပါးစေနိုင်သလို ငရုတ်ပွ၊ မာလကာသီး၊ အရွက်ဖားဖားအစိမ်းရောင်ဟင်းသီးဟင်းရွက်များ၊ ကီ၀ီသီး၊ ဘယ်ရီသီး၊ သံပရာသီး၊ လိမေ္မာ်သီး၊ တို့ဟူး၊ ဟင်းနုနယ်၊ အခွံမာသီး၊ အစေ့အဆန်၊ ထောပတ်သီး၊ ငါး စတဲ့ ဗီတာမင် C၊ E ကြွယ်၀တဲ့အစားအစာတွေကလည်း မျက်လုံးမှာဖြစ်တဲ့ရောင်ရမ်းမှုဖြစ်စဉ်တွေကို သက်သာစေနိုင်ပါတယ်။
CMS (www.drmyanmar.com)















