/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/မျက်အိတ်တွဲခြင်းကို-သက်သာစေမယ့်-နည်းလမ်းလေးတွေ

မျက်အိတ်တွဲခြင်းကို သက်သာစေမယ့် နည်းလမ်းလေးတွေ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

1.      အငန်လျှော့စားပါ။

          ရေတွေဟာ ဆိုဒီယမ်ဆားဓာတ် နည်းရာကနေ များရာသို့ စီးဆင်းတတ်တဲ့အတွက် မျက်လုံးနားတစ်၀ိုက်ဟာ အကောင်းဆုံးဥပမာတစ်ခု ဖြစ်နေတတ်ပါတယ်။ အငန်များတဲ့ညစာကို စားပြီး နောက်တစ်နေ့မှာဆို မျက်အိတ်ဖောင်းနေတတ်တာကို တွေ့ရလေ့ရှိပါတယ်။

 

2.      ဓာတ်မတည့်မှုများကို ဖြေရှင်းပါး။

          ဓာတ်မတည့်တဲ့ ရာသီနဲ့ စိုစွတ်တဲ့အချိန်မှာ မျက်အိတ်တွေ ပိုဆိုးလာတတ်ပါတယ်။ ဒါပေမဲ့ ကောင်းတဲ့သတင်းတစ်ခုကတော့ ဓာတ်မတည့်ခြင်း၊ အအေးမိ နှာစေးအတွက် သောက်သုံးတဲ့ဆေးတွေဟာ မျက်အိတ်ဖောင်းနေတာတွေကိုပါ သက်သာစေတတ်ပါတယ်။

 

3.      နှာခေါင်းဆေးရည်ကို အသုံးပြုပါ။

          အခုနောက်ပိုင်းအတွေ့ရများလာတဲ့ နည်းလေးတစ်ခုဖြစ်ပါတယ်။ Yoga ကျင့်တဲ့သူတော်တော်များများ recommend လုပ်တာလဲတွေ့ရပါတယ်။ ရေနွေးကရားပုံစံအသေးစားမျိုးနဲ့ နှာခေါင်းတစ်ဖက်မှာ ဆားရည်ကို လောင်းထည့်ကာ နောက်တစ်ဖက်မှ ပြန်ထွက်စေတာ ဖြစ်ပါတယ်။ ကြားရတာ အနည်းငယ် လန့်ဖို့ကောင်းပေမယ့် ဒီနည်းလမ်းက နှာခေါင်းလေပေါက်မှာရှိတဲ့ အစိုဓာတ်အားလုံးကို စုပ်ယူနိုင်စွမ်းရှိတာကြောင့် ဓာတ်မတည့်ခြင်း၊ အအေးမိ တုပ်ကွေးမိခြင်းနဲ့ ရောဂါပိုးတွေကို သက်သာစေနိုင်ပါတယ်။

 

4.      အိပ်စက်တဲ့အနေအထားပုံစံကို ပြောင်းလဲပါ။

          ဘေးစောင်း (သို့) မှောက်လျက် အိပ်တတ်တဲ့သူတွေဟာ ကမ်ဘာမြေရဲ့ ဆွဲငင်အားကြောင့် မျက်အိတ်တွေ ဖောင်းလာတတ်ပါတယ်။ ဒါကြောင့် ပက်လက်အိပ်ဖို့ ကြိုးစားသင့်ပြီး လိုအပ်ပါက ခေါင်းအုံးအပိုတစ်လုံး ခု,အိပ်နိုင်ပါတယ်။

 

5.      အိပ်ရာမ၀င်မီ မိတ်ကပ်များကို သေချာစွာ ဖျက်ပါ။

          မျက်လုံးခြယ်မှုတွေ ပြုလုပ်ထားတဲ့အချိန်မှာ ကောက်ရိုးခြောက်တွေနဲ့ မထိတွေ့မိပါစေနှင့်။ ထိုကဲ့သို့ ဖြစ်ပွးပါက မျက်ရည်ကျလာတတ်၍ မနက်ရောက်တဲ့အခါမျာ မျက်အိတ်တွေ ဖောင်းလာနိုင်ပါတယ်။ မိတ်ကပ်တွေကို ညစဉ်ညတိုင်း ရေနဲ့ ဆပ်ပြာကိုသုံး၍ သေချာစွာ သန့်စင်ပေးပါ။

 

6.      အရက် အလွန်အကျွံ သောက်သုံးမှုကို ရှောင်ကြဉ်ပါ။

          ၀ိုင်တစ်ခွက်လောက် သောက်တာဟာ ဘာမှမဖြစ်ပေမယ့် အလွန်အကျွံ သောက်သုံးပါက အရက်သည် အရေပြားအစိုဓာတ်ကို ခန်းခြောက်စေနိုင်ပါတယ်။ မျက်လုံးနားတစ်၀ိုက်က နူးညံ့တဲ့အရေပြားကို ထိခိုက်မိတာနဲ့ တစ်ပြိုင်နက် အရည်တွေ စုပုံလာနိုင်ပါတယ်။ ထိုကဲ့သို့ ဖြစ်ပွားပါက အိပ်ရာမ၀င်မီ ရေများများ သောက်၍ မျက်လုံးနားတစ်၀ိုက်ကို အစိုဓာတ်ဖြည့်ပေးတဲ့ ခရင်မ်ကို လိမ်းပေးနိုင်ပါတယ်။

 

7.      မျက်လုံးကို ခရမ်းလွန်ရောင်ခြည် ထိတွေ့မှုမှ ကာကွယ်ပါ။

          ခန္ဓာကိုယ်ကို နေရောင်နဲ့ မထိတွေ့အောင် ကာကွယ်သကဲ့သို့ မျက်နှာက အရေပြားကိုလည်း အလားတူ ကာကွယ်မှုမျိုးတွေ ပြုလုပ်သင့်ပါတယ်။ မျက်လုံးနားတစ်၀ိုက် အရေပြားဟာ နေရောင်ခြည်နဲ့ ထိတွေ့မှု များတဲ့အခါမှာ တွဲကျလာပြီး အရေးအကြောင်းတွေ ပေါ်လာနိုင်ပါတယ်။ နေရောင်ကာလိမ်းဆေး၊ နေကာမျက်မှန်နဲ့ ဦးထုပ်တွေကို အကူအညီနဲ့ အန္တရာယ်ရှိလှတဲ့ ခရမ်းလွန်ရောင်ခြည်ဒဏ်မှ ကာကွယ်သင့်ပါတယ်။

 

8.      ဆေးလိပ်သောက်ခြင်းကို ရှောင်ကြဉ်ပါ။

          ဆေးလိပ်သောက်ခြင်းဟာ မျက်နှာအရေပြားကို ခြောက်သွေ့၍ လျော့ရဲစေနိုင်ပါတယ်။ ဒါကြောင့် မျက်လုံးအရေးအကြောင်းတွေ ဖြစ်ပေါ်ခြင်းမှ ကာကွယ်ရန် ဆေးလိပ်သောက်ခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။

 

9.      မျက်လုံးကို ရေခဲကပ်ပါ။

          မျက်အိတ်ဖောင်းနေပါက သက်သာစေရန် ရေခဲတုံးနဲ့ ဖိကပ်ထားနိုင်ပါတယ်။ ဇွန်း၊ သခွားသီး၊ ရေနွေးအိတ် စတာတွေကိုလည်း အသုံးပြုနိုင်ပါတယ်။ ဘယ်ပစ္စည်းပဲသုံးသုံး အေးနေဖို့ပဲ အရေးကြီးပါတယ်။

 

10.    မျက်လုံးခရင်မ်ကို အသုံးပြုဖို့ စဉ်းစားပါ။

          မျက်လုံးဖောင်းအစ်ခြင်းကို သက်သာစေဖို့ မိမိနဲ့ သင့်တော်မယ့်ခရင်မ်တစ်ခုခုကို အသုံးပြုပေးနိုင်ပါတယ်။ ယခင်က အသုံးပြုခဲ့တဲ့ ခရင်မ်အဟောင်းမျိုးတွေအစား ဗီတာမင်အေပါတဲ့ မျက်လုံးခရင်မ်မျိုးကို အသုံးပြုဖို့ အရေးကြီးပါတယ်။

 

Dr. Thinzar Wynn (www.drmyanmar.com)