/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/မြစ်ရေကြီးခြင်း

မြစ်ရေကြီးခြင်း

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

♦ မြစ်ရေမကြီးမီ ဆောင်ရွက်ရန်

 

1. နေအိမ်အဆောက်အဦးများကို ရေမနစ်မြုပ်နိုင်သည့် ကုန်းမြင့်ဒေသတွင် ပြောင်းရွှေ့ဆောက်လုပ်နေထိုင်ပါ။

2. လှေ၊ပဲ့ထောင်၊အသက်ကယ်အကျႌႌ၊ ဝါး/ငှက်ပျောတုံး/သစ်တုံးဆောင်ထားပါ။

3. လူ၊ကျွဲ၊နွားတိရစာၦန်များ ရေလွတ်ရာသို့ အမြန်ရွှေပြောင်းနိုင်မည့်လမ်းကို ကြိုတင်မှတ်သားထားပါ။

4. မိမိတို့မိသားစုအားလုံးကို အရေးကြီး သယ်ဆောင်ရမည့်ပစ္စည်းများကို ပြောပြထားပါ။

5. လက်နှိပ်ဓာတ်မီး၊ ဓာတ်ခဲသုံးရေဒီယို၊ သောက်ရေ၊ အစားအစာများ ကြိုတင်စုဆောင်းထားပါ။

 

♦ မြစ်ရေကြီးမည့် သတိပေးချက်ရရှိလျှင်

 

1. မိမိတို့ မိသားစု၊ ကျွဲ၊ နွား တိရစာၦန်များ ရေလွတ်ရာသို့ အမြန်ရွှေ့ပြောင်းပါ။

2. ရေဒီယိုမှ သတိပေးချက်ထုတ်လွှင့်ချက်ကို နားထောင်ပါ။

3. အန္တရာယ်ရှိမည့်နေရာများသို့ သွားခြင်းမပြုရ။

4. သောက်ရေကို ပုံး(သို့မဟုတ်) သန့်ပြန့်သောဗူးများတွင် သိုလှောင်ပါ။

5. အရေးကြီးသော ကိုယ်ပိုင် ပစ္စည်းများကို လုံခြုံသောနေရာသို့ ပြောင်းရွှေ့ထားပါ။

6. ပိုမို လုံခြုံစိတ်ချရသောနေရာသို့ ပြောင်းရွှေ့နေထိုင်ပါ။

 

♦ မြစ်ရေကြီးစဉ်

 

1. ရေနှစ်မြုပ်သည့် နေရာများသို့ လမ်းလျှောက်သွားခြင်း မပြုရ။

2. မြွေ၊ အဆိပ်ရှိသည့် သတ္တဝါများကို သတိထားပါ။

3. မိမိဒူးထက်မြင့်သော ရေစီးကြောင်းကိုဖြတ်ကူးခြင်း မပြုရ။

 

♦ မြစ်ရေကြီးပြီးနောက်

 

1. သောက်သုံးရေကို သေချာစွာ စစ်ဆေးပြီးမှသောက်ပါ။

2. ရေကိုကြိုချက်သောက်ပါ။

3. နီးစပ်ရာ ဆေးရုံ၊ဆေးခန်းမှ လိုအပ်သောကျန်းမာရေး အကူအညီ တောင်းခံပါ။

4. အန္တရာယ် ကျရောက်သောနေရာသို့ မသွားပါနှင့်။

5. လက်နှိပ်ဓာတ်မီးကိုသာ အသုံးပြု၍ သွားလာပါ။

 

Source: ကျန်းမာရေး၀န်ကြီးဌာနမှထုတ်ပြန်သော "သဘာ၀ဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများ" လက်ကမ်းစာစောင်