/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/မှက်ခရုအကြောင်း-ပြောပြမယ်

မှက်ခရုအကြောင်း ပြောပြမယ်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

မှက်ခရုဟာ Candida albicans လို့ခေါ်သော မှိုတစ်မျိုးကြောင့်ဖြစ်သော ပါးစပ်တွင်းပိုးဝင်ခြင်းတစ်မျိုး ဖြစ်ပါတယ်။ လူကြီးများတွင် ဖြစ်လေ့ရှိပြီး ကိုယ်ခံအားနည်းသော မွေးကင်းစကလေးငယ်များတွင်လည်း အဖြစ်များပါတယ်။

>>  ရောဂါလက္ခဏာများ
●  လျှာနှင့် ပါးစပ်အတွင်းမှာ အဖြူရောင်အဖပ်များ ဖြစ်ပေါ်ခြင်း
●  နို့စို့လျှင်၊ အစာစားလျှင် နာကျင်ခြင်း
အဖြူဖပ်များကို ကုတ်ဖဲ့မိပါက နီရဲခြင်း၊ သွေးထွက်ခြင်း
●  နှုတ်ခမ်းထောင့်တွင် ကွဲအက်ခြင်း
မှက်ခရုနာရှိသော ကလေးငယ်လေးတွေဟာ အစာစားရင် နာကျင်သောကြောင့် အစာစားရမှာ ငြင်းဆန်လေ့ရှိပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန်မတက်တာမျိုး ဖြစ်လေ့ရှိပါတယ်။

>>  အဖြစ်များသူများ
●  စတီးရွိုက်ဆေးများ သောက်နေသူများ
●  ခံတွင်းသန့်ရှင်းရေးအားနည်းသူများ
●  ဆေးလိပ်သောက်သူများ
●  ဆီးချို၊ အေအိုင်ဒီအက်စ်ရောဂါ၊ ကင်ဆာရောဂါရှိသူများ
●  ကင်ဆာဆေး သောက်နေသူများ၊ ပိုးသတ်ဆေးများ သောက်နေသူများ
ကလေးငယ်လေးများရဲ့ ကိုယ်ခံအားစနစ်ဟာ အားနည်းလေ့ရှိတာမို့ မွေးကင်းစအရွယ် ၄ ပတ်အောက်ကလေးများတွင်လည်း အဖြစ်များတတ်ပါတယ်။

>>  ကုသနည်းများ
ဆရာဝန် ညွှန်ကြားချက်ဖြင့် မှိုသတ်ဆေးများသောက်ခြင်း၊ ဆေးလိမ်းခြင်း၊ ငုံဆေးငုံခြင်းတို့ ပြုလုပ်နိုင်ပါတယ်။

>> မှက်ခရုနာမဖြစ်အောင် ဘယ်လိုကာကွယ်ကြမလဲ?
●  ခံတွင်းသန့်ရှင်းရေးကို အလေးထားပါ။ တစ်နေ့ နှစ်ကြိမ် သွားတိုက်ပါ။
●  အသား၊ ငါး၊ အသီးအရွက် စုံလင်အောင် စားပေးပါ။ အချိုများသောအစာများ၊ တစေး (yeast) ပါသော အစာများကို ရှောင်ပါ။
●  ဆေးလိပ်ဖြတ်ပါ။
●  သွားတုတပ်သူများအနေနှင့် ညဘက်တွင် သေချာချွတ်ပြီး သန့်ရှင်းရေး ပြုလုပ်ပါ။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)