/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/မှားယွင်းစွာလုပ်မိနေတဲ့-ကိုယ်ခံအားကိုကျဆင်းစေတဲ့-အကြောင်းရင်းများ

မှားယွင်းစွာလုပ်မိနေတဲ့ ကိုယ်ခံအားကိုကျဆင်းစေတဲ့ အကြောင်းရင်းများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

တချို့တွေမှာ မွေးကတည်းက ကိုယ်ခံအားမကောင်းတာမျိုး ရှိတတ်ကြပေမယ့် အတော်များများကတော့ ကျန်းမာရေးနဲ့မညီညွတ်တဲ့ လူနေမှုပုံစံတွေကြောင့် တဖြည်းဖြည်းနဲ့ ကိုယ်ခံအား ကျဆင်းလာတတ်ကြတာ များပါတယ်။ ဘယ်လိုအမူအကျင့်တွေက ကိုယ်ခံအားကျစေနိုင်တယ်ဆိုတာကို ကြည့်ကြရအောင်နော်။

Ultra C 1

၁။  ကျန်းမာရေးနဲ့ညီညွတ်စွာ မစားခြင်း
ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်ပုံဟာ ကိုယ်ခံအားစနစ်အတွက် အင်မတန ်အရေးပါပါတယ်။ ဒါကြောင့် အထူးသဖြင့် ကိုယ်ခံအားမကောင်းတဲ့လူတွေမှာ ဆရာဝန်တွေက ဟင်းသီးဟင်းရွက်များများစားဖို့ အကြံပြုတတ်ကြပါတယ်။ မစားခင်မှာလည်း သေချာဆေးကြောပြီး သေချာကျက်အောင်ချက်ဖို့ လိုအပ်ပါတယ်။ အသင့်စားအစားအသောက်တွေကို တတ်နိုင်သလောက် ရှောင်ကြဉ်သင့်ပါတယ်။

၂။  ကောင်းကောင်းအနားမရခြင်း
အိပ်ရေးမဝခြင်းဟာ သွေးဖြူဥထုတ်လုပ်ရာမှာ အဟန့်အတားဖြစ်စေနိုင်ပြီး ကိုယ်ခံအားကို ကျဆင်းစေနိုင်ပါတယ်။ ကလေးငယ်တွေမှာ အသက်ကိုလိုက်ပြီး တစ်ညကို ၈-၁၇ နာရီ အိပ်ချိန်လိုအပ်ပြီး လူကြီးတွေမှာတော့ အနည်းဆုံး တစ်ညကို အိပ်ချိန် ၇ နာရီ လိုအပ်ပါတယ်။

Ultra C 2

၃။  အာဟာရဓာတ်ချို့တဲ့ခြင်း
ဗီတာမင်အေ၊ စီ၊ ဒီ၊ သံဓာတ်၊ ဖောလစ်အက်ဆစ်၊ ဗီတာမင်အီးနဲ့ဇင့်တို့ဟာ ကိုယ်ခံအားအတွက် အရေးပါတဲ့ဓာတ်တွေ ဖြစ်ပါတယ်။ အာဟာရဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကို စားပေးခြင်းဖြင့် ဒီလိုလိုအပ်တဲ့အာဟာရဓာတ်တွေကို အလွယ်တကူ ရရှိစေနိုင်ပါတယ်။ ဒီလိုမှမရနိုင်ရင်တော့ ဆရာဝန်နဲ့တိုင်ပင်ပြီး လိုအပ်တဲ့အားဆေးတွေ သောက်ပေးနိုင်ပါတယ်။

၄။  စိတ်ဖိစီးမှုများခြင်း
စိတ်ဖိစီးမှုများတဲ့အခါ ကိုယ်ခံအားကျဆင်းပြီး ရောဂါဘယတွေ ပိုဝင်လာနိုင်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုများလာတဲ့အခါ မိသားစု၊ သူငယ်ချင်းတွေနဲ့ တွေ့ဆုံတာမျိုး၊ ကိုယ်ဝါသနာပါတာပြုလုပ်တာမျိုး၊ ယောဂ၊ တရားထိုင်၊ အနှိပ်ခံတာမျိုးတွေ ပြုလုပ်ခြင်းဖြင့် စိတ်ဖိစီးမှုတွေကို လျှော့ချပေးပါ။

Dr. Mya Phoo Ngon (www.drmyanmar.com)