ရင်ပူခြင်းရဲ့အကြောင်းရင်းတွေကို ဖွေရှာကုသခြင်း
>> ရင်ပူတဲ့အခါ ဘာတွေစစ်ဆေးမလဲ?
ရင်ပူတာဟာ အစာအိမ်စာချဉ့်ပြန်ရောဂါကြောင့် ဟုတ်၊ မဟုတ် သိချင်ရင်
● ဓာတ်မှန်ရိုက်ကြည့်ပါ။ အစာပြွန်နဲ့အစာအိမ်ရဲ့ ပုံပန်းသဏ္ဌာန်နဲ့ အခြေအနေကို သိနိုင်ဖို့ ဓာတ်မှန်ရိုက်ကြည့်လို့ ရပါတယ်။
● အစာအိမ်မှန်ပြောင်း ကြည့်ပါ။ အစာပြွန်မှာရှိတဲ့ ပုံမမှန်တာတွေကိုကြည့်ဖို့ မှန်ပြောင်းကြည့်ပါ။ တစ်ရှူးအသားစယူပြီး စမ်းသပ်လို့လည်း ရပါတယ်။
● အက်ဆစ်စစ်ဆေးခြင်း လုပ်နိုင်ပါတယ်။ ဘယ်အချိန်မှာ အစာအိမ် အချဉ်ပြန်တတ်တယ်၊ ဘယ်လောက်ကြာတယ်ဆိုတာကို သိနိုင်ဖို့ ဖြစ်ပါတယ်။ အစာပြွန်ထဲထည့်ထားတဲ့ အက်ဆစ်မော်နီတာလေးက ခါးမှာ ဒါမှမဟုတ် ပခုံးမှာ ပတ်ထားတဲ့စက်ကလေးနဲ့ ဆက်သွယ်ထားပါတယ်။
● အစာပြွန်လှုပ်ရှားမှု စစ်ဆေးကြည့်နိုင်ပါတယ်။ အစာပြွန်ထဲရှိ လှုပ်ရှားမှုနဲ့ဖိအားကို တိုင်းတာတာပါ။
Kremil-S 1
>> ကုသနည်းတွေအနေနဲ့ကတော့ -
ဆေးဆိုင်မှာ အလွယ်တကူဝယ်နိုင်တဲ့ဆေး အတော်များများက ရင်ပူတာကို သက်သာစေနိုင်ပါတယ်။
● Antacids အစာအိမ်အချဉ်ပြယ်ဆေး : အစာအိမ်အက်ဆစ်ကို ဓာတ်ပြယ်စေတဲ့ဆေးမျိုးပါ။ ချက်ချင်း သက်သာစေနိုင်ပါတယ်။ ဒါပေမဲ့ အက်ဆစ်ကြောင့်ပျက်စီးနေတဲ့ အစာပြွန်ကိုတော့ ပြန်မသက်သာစေနိုင်ပါဘူး။
● H2 blocker : အစာအိမ်အက်ဆစ်ကို လျှော့ချပေးတဲ့ဆေးပါ။ လေဆေးလောက်တော့ မမြန်ပေမယ့် တာရှည်သက်သာမှုကိုတော့ ရစေပါတယ်။
● Proton pump inhibitors: Lansoprazole, omeprazole ဆိုတဲ့ အက်ဆစ်ထုတ်ဂလင်းတွေကို ပိတ်တဲ့ဆေးတွေကလည်း အစာအိမ်အက်ဆစ်ဓာတ်ကို လျှော့ချနိုင်ပါတယ်။
ဒီကုထုံးတွေက အလုပ်မဖြစ်တာသော်လည်းကောင်း၊ မကြာမကြာ ဒီဆေးတွေပေါ် အမှီပြုနေရရင်သော်လည်းကောင်း ဆရာဝန်နဲ့ပြသပါ။
Kremil-S 2
>> ဆရာဝန်နဲ့ သွားပြတော့မယ်ဆိုရင် -
● မပြခင် ရှောင်ရမှာတွေကို ကြိုတင်ပြင်ဆင်ပါ။ ဥပမာ - အစာမာမာ မစားလာရတာမျိုးပေါ့။
● ရောဂါလက္ခဏာတွေကို ချရေးထားပါ။
● သောက်နေတဲ့ဆေးတွေအားလုံး၊ ဗီတာမင်တွေ၊ အားဆေးတွေပါမကျန် မှတ်တမ်းလုပ်ပါ။
● တခြားရောဂါတွေကို ချရေးထားပါ။
● ကိုယ့်ဘဝမှာ လတ်တလော ကြီးကြီးမားမား စိတ်ဖိစီးစရာမျိုး ရှိ၊ မရှိ စဉ်းစားပါ။
● ဆွေမျိုး၊ မိတ်ဆွေ တစ်ယောက်ယောက်ကို အဖော်ခေါ်ပါ။
● ဆရာဝန်ကို မေးချင်တာတွေကို ချမှတ်ထားပါ။
>> ဆရာဝန်နဲ့ ပြတဲ့အခါ -
● ရောဂါလက္ခဏာတွေရဲ့ အဓိကအကြောင်းရင်းက ဘာလဲ?
● လက္ခဏာတွေက ယာယီလား၊ နာတာရှည် ဖြစ်မှာလား?
● ဘယ်လိုစစ်ဆေးမှုတွေ လုပ်ဖို့လိုသလဲ? ဒီစစ်ဆေးမှုတွေအတွက် ဘာတွေပြင်ဆင်ဖို့ လိုသလဲ?
● ဘယ်လိုကုသမှုမျိုးတွေ ရှိသလဲ?
● စားနေကျအစားအသောက်တွေထဲကို ထပ်ဖြည့်စွက်ရမှာ၊ ဖယ်ရှားရမှာတွေ ရှိသလား?
● တခြားရောဂါတွေရှိနေရင် ဒီရောဂါတွေကို ဘယ်လိုပူးတွဲကုသရမလဲ?
ဒီမေးခွန်းတွေကို မေးသင့်ပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)
















