/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ရာသီတုပ်ကွေးတွေ-ဖြစ်နေချိန်မှာ-သိထားသင့်တဲ့အချက်များ

ရာသီတုပ်ကွေးတွေ ဖြစ်နေချိန်မှာ သိထားသင့်တဲ့အချက်များ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

>>  ရာသီတုပ်ကွေးကူးစက်ခြင်းကို လျှော့ချဖို့ ဘာတွေပြင်ဆင်ကြမလဲ?
●  နေထိုင်မကောင်းဖြစ်နေသူများနဲ့ ဝေးဝေးနေပါ။
●  လက်ကို ရေနဲ့ဆပ်ပြာ အသုံးပြုပြီး မကြာခဏ ဆေးကြောပါ။ ဆေးကြောရာမှာလည်း အနည်းဆုံး စက္ကန့် ၂၀ ကြာသင့်ပါတယ်။
●  ဆပ်ပြာနဲ့ ဆေးကြောဖို့ မလွယ်ကူတဲ့အခါမျိုးမှာ Hand sanitizer ကို အသုံးပြုနိုင်ပါတယ်။
●  အသုံးပြုပြီးသော တစ်ရှူးကို အမှိုက်ပုံးထဲ ချက်ချင်းပစ်ပါ။ ထို့နောက် လက်ကို စင်ကြယ်အောင်ဆေးပါ။
●  နေမကောင်းဖြစ်သူ ထိတွေ့ထားတဲ့တံခါးဘုများ၊ ရေနွေးခရား၊ ဖုန်း၊ ရေပိုက်ခေါင်း စတာတွေကို Dettol၊ အရက်ပြန် စသည်တို့ဖြင့် သန့်ရှင်းပေးပါ။
●  အိမ်သုံးပစ္စည်းများဖြစ်တဲ့ ပန်းကန်ခွက်ယောက်များ၊ ဖန်ခွက်များ၊ ဇွန်းများကို မျှဝေအသုံးပြုခြင်း မပြုလုပ်ရပါ။ အဆိုပါပစ္စည်းများကို အသုံးပြုပြီးတိုင်း ဆပ်ပြာဖြင့် သေချာဆေးကြောပါ။
●  လက်နှီးစများ၊ လက်သုတ်ပဝါများ၊ တဘက်များ၊ အိပ်ရာခင်းများကို မျှဝေသုံးစွဲခြင်း လုံးဝမပြုလုပ်ရပါ။
●  အိပ်ရေး၀၀အိပ်ပါ။ စိတ်ဖိစီးမှု လျှော့ချပါ။
●  ကိုယ်လက်လှုပ်ရှားမှု ပုံမှန်လုပ်ပါ။
●  အာဟာရပြည့်ဝအောင် စားသောက်ပါ။ ရေ တစ်နေ့ ၂ လီတာ သောက်သုံးပါ။

Bio Adult 1

>>  တကယ်လို့ ကူးစက်ခံရပြီဆိုရင် ဘာတွေလုပ်မလဲ?
●  တုပ်ကွေးကြောင့် ခံစားနေရတဲ့ လက္ခဏာတွေကို သက်သာစေဖို့အတွက် ဆရာဝန် ညွှန်ကြားချက်အတိုင်း ဖျားနာကိုက်ခဲပျောက်ဆေး၊ နှာစေးပျောက်ဆေး၊ ချောင်းဆိုးပျောက်များ မှန်မှန်သောက်ပါ။
●  ကြက်စွပ်ပြုတ်ရည်နှင့် လတ်ဆတ်တဲ့ သစ်သီးဖျော်ရည်တွေ များများသောက်ပေးပါ။
●  ပြည့်ပြည့်၀၀ အနားယူပါ။
●  ဆေးခန်းပြချိန်ကလွဲပြီး အပြင်မထွက်ပါနဲ့။
●  ချောင်းဆိုး၊ နှာချေပါက ပါးစပ်နဲ့ နှာခေါင်းကို တစ်ရှူး သို့မဟုတ် အင်္ကျီလက် သို့မဟုတ် တံတောင်ဆစ်ဖြင့် ဖုံးအုပ်ပါ။ လက်ဗလာဖြင့် ဖုံးအုပ်ခြင်း ရှောင်ပါ။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)

Bio Adult 2

(Zawgyi)

>>  ရာသီတုပ္ေကြးကူးစက္ျခင္းကို ေလွ်ာ့ခ်ဖို႔ ဘာေတြျပင္ဆင္ၾကမလဲ?
●  ေနထိုင္မေကာင္းျဖစ္ေနသူမ်ားနဲ႔ ေဝးေဝးေနပါ။
●  လက္ကို ေရနဲ႔ဆပ္ျပာ အသုံးျပဳၿပီး မၾကာခဏ ေဆးေၾကာပါ။ ေဆးေၾကာရာမွာလည္း အနည္းဆုံး စကၠန႔္ ၂၀ ၾကာသင့္ပါတယ္။
●  ဆပ္ျပာနဲ႔ ေဆးေၾကာဖို႔ မလြယ္ကူတဲ့အခါမ်ိဳးမွာ Hand sanitizer ကို အသုံးျပဳႏိုင္ပါတယ္။
●  အသုံးျပဳၿပီးေသာ တစ္႐ွဴးကို အမႈိက္ပုံးထဲ ခ်က္ခ်င္းပစ္ပါ။ ထို႔ေနာက္ လက္ကို စင္ၾကယ္ေအာင္ေဆးပါ။
●  ေနမေကာင္းျဖစ္သူ ထိေတြ႕ထားတဲ့တံခါးဘုမ်ား၊ ေရေႏြးခရား၊ ဖုန္း၊ ေရပိုက္ေခါင္း စတာေတြကို Dettol၊ အရက္ျပန္ စသည္တို႔ျဖင့္ သန႔္ရွင္းေပးပါ။
●  အိမ္သုံးပစၥည္းမ်ားျဖစ္တဲ့ ပန္းကန္ခြက္ေယာက္မ်ား၊ ဖန္ခြက္မ်ား၊ ဇြန္းမ်ားကို မွ်ေဝအသုံးျပဳျခင္း မျပဳလုပ္ရပါ။ အဆိုပါပစၥည္းမ်ားကို အသုံးျပဳၿပီးတိုင္း ဆပ္ျပာျဖင့္ ေသခ်ာေဆးေၾကာပါ။
●  လက္ႏွီးစမ်ား၊ လက္သုတ္ပဝါမ်ား၊ တဘက္မ်ား၊ အိပ္ရာခင္းမ်ားကို မွ်ေဝသုံးစြဲျခင္း လုံးဝမျပဳလုပ္ရပါ။
●  အိပ္ေရး၀၀အိပ္ပါ။ စိတ္ဖိစီးမႈ ေလွ်ာ့ခ်ပါ။
●  ကိုယ္လက္လႈပ္ရွားမႈ ပုံမွန္လုပ္ပါ။
●  အာဟာရျပည့္ဝေအာင္ စားေသာက္ပါ။ ေရ တစ္ေန႔ ၂ လီတာ ေသာက္သုံးပါ။

>>  တကယ္လို႔ ကူးစက္ခံရၿပီဆိုရင္ ဘာေတြလုပ္မလဲ?
●  တုပ္ေကြးေၾကာင့္ ခံစားေနရတဲ့ လကၡဏာေတြကို သက္သာေစဖို႔အတြက္ ဆရာဝန္ ၫႊန္ၾကားခ်က္အတိုင္း ဖ်ားနာကိုက္ခဲေပ်ာက္ေဆး၊ ႏွာေစးေပ်ာက္ေဆး၊ ေခ်ာင္းဆိုးေပ်ာက္မ်ား မွန္မွန္ေသာက္ပါ။
●  ၾကက္စြပ္ျပဳတ္ရည္ႏွင့္ လတ္ဆတ္တဲ့ သစ္သီးေဖ်ာ္ရည္ေတြ မ်ားမ်ားေသာက္ေပးပါ။
●  ျပည့္ျပည့္၀၀ အနားယူပါ။
●  ေဆးခန္းျပခ်ိန္ကလြဲၿပီး အျပင္မထြက္ပါနဲ႔။
●  ေခ်ာင္းဆိုး၊ ႏွာေခ်ပါက ပါးစပ္နဲ႔ ႏွာေခါင္းကို တစ္႐ွဴး သို႔မဟုတ္ အက်ႌလက္ သို႔မဟုတ္ တံေတာင္ဆစ္ျဖင့္ ဖုံးအုပ္ပါ။ လက္ဗလာျဖင့္ ဖုံးအုပ္ျခင္း ေရွာင္ပါ။

ေလေျပႏုေသြး (ေဆး-၂) (www.drmyanmar.com)