ရိုးရိုးခေါင်းကိုက်တာလား.. စိုးရိမ်ရတဲ့ခေါင်းကိုက်ခြင်းလား..
ခေါင်းကိုက်တဲ့အခါ ဖျားချင်လို့လား၊ စိတ်ဖိစီးလို့ပဲလား၊ သွေးတိုးလို့လားစတဲ့ အကြောင်းအရင်းအမျိုးမျိုးတွေရှိပေမယ့်လည်း စိုးရိမ်ရတဲ့ ခေါင်းကိုက်လက္ခဏာတွေ အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။
♦ ပျို့တာအန်တာ အလင်းမခံနိုင်တာတွေနဲ့ယှဉ်တွဲတဲ့ ခေါင်းတခြမ်းကိုက်ဝေဒနာကို ရေရှည်မထားသင့်ပါဘူး။ ဖိစီးမှုတွေတက်လာပြီး လူနေမှုဘဝပါ ထိခိုက်လာစေတဲ့အတွက် သမားတော်နဲ့သေချာပြသပြီး ကုသမှုခံယူသင့်ပါတယ်။ အဝလွန်သူတွေ၊ ဆီးချိုသမားတွေ၊ စိတ်ဓာတ်ကျဆင်းနေသူတွေ၊ သွေးတိုးရောဂါရှိသူတွေနဲ့ စိတ်မကောင်းစရာတခုခု ကြုံတွေ့ဖူးသူတွေဟာ ခေါင်းတခြမ်းကိုက်ရောဂါစွဲကပ်ဖို့ အလားအလာများပါတယ်။
♦ အိပ်ရာကတောင်လန့်ပြီးနိုးစေတဲ့ခေါင်းကိုက်ရောဂါကိုတော့ ပေါ့မနေပါနဲ့တော့။ သွေးတိုးတာ အိပ်နေရင်း အသက်ရှုရပ်တာ ဦးနှောက်အကျိတ်ရောဂါတွေကြောင့် ဖြစ်နေတတ်ပါတယ်။
Biogesic Adult IA 1
♦ အဖျားရောဂါနဲ့ လည်ပင်းဂုတ်တွေတောင့်တင်းလို့ဖြစ်တဲ့ ရောဂါကတော့ ဦးနှောက်အမြှေးရောင်ရောဂါပါ။ ဆေးရုံတက်ကုသဖို့လိုပါတယ်။
♦ ဦးနှောက်တွင်း သွေးကြောထုံးလို့ဖြစ်တဲ့ ခေါင်းကိုက်ရောဂါကတော့ အလွန့်အလွန် ပြင်းထန်ပြီး ခေါင့်းမူးတာပျို့တာ အန်ချင်တာတွေနဲ့ တွဲနေတတ်ပါတယ်။လည်ပင်းနဲ့ ကျောကိုပါ ပျံ့နှံသွားလေ့ရှိပါတယ်။
♦ Accident တစ်ခုခုကြောင့် ခေါင်းထိခိုက်မိပြီး အပြင်းအထန်ကိုက်လာရင်တော့ ဆေးရုံပြဖို့လိုပါပြီ။ ဦးနှောက်ရောင်ကိုင်းတာဖြစ်နေတတ်လို့်ပါ။
♦ မျက်လုံးမှာ မီးရောင်တဝင်းဝင်းမြင်ပြီး ကိုက်တတ်တဲ့ခေါင်းကတော့ မျက်လုံးအမြင်အာရုံရောဂါတွေ ဆက်စပ်နေတတ်ပါတယ်။ မျက်လုံးသိပ်မမြင်ရတော့တာမျိုး အမြင်အာရုံချို့တဲ့တဲ့ရောဂါပါ ပါလာရင်တော့ ဆရာဝန်ကို အမြန်ပြသပြီး စစ်ဆေးကုသမှုခံယူလိုက်တာက အန္တရာယ်ကင်းစေမှာပါ။
>> အောက်ပါအတိုင်းစြပီးခေါင်းကိုက်လာမယ်ဆိုရင်ဒါလေးတွေပါလာမယ်ဆိုရင်အထူးသတိြပုဂရုထားရမယ့် အန္တရာယ်လက္ခဏာတွေဆိုတာသိြကပါနော်။
1. အသက်ငါးဆယ်ကျော်မှစဖြစ်မယ်
2. ပိုပိုဆိုးမယ်၊ ခေါင်းကိုက်တဲ့အကြိမ်ရေပိုများလာမယ်
3. စကားတွေမှားလာတာ ကိုယ်ရည်ကိုယ်သွေး ပြောင်းလဲလာတာ
4. ခြေတွေလက်တွေ ပျော့လာတာ
5. မျက်လုံးဝေဝါးလာတာ
Bio Adult 2

>> ခေါင်းကိုက်တာကိုပိုပိုဆိုးစေတဲ့အေြကာင်းရင်းတွေကိုဖော်ပြပေးလိုက်တာမို့ ေရှာင်ြကဉ်နိုင်အောင်ပါ။
• ကော်ဖီကို ရုတ်တရက် ဖြတ်မပစ်ပါနဲ့။ သောက်နေကျကနေ နည်းနည်းချင်းလျော့ချပါ။
• ဆေးလိပ်ချက်ချင်းမဖြတ်ပါနဲ့၊ဆရာဝန်နဲ့တိုင်ပင်ပါ။
• အရက်သောက်သုံးသူတွေမှာ ခေါင်းကိုက်ဘယ်တော့မှပျောက်ဖို့မရှိပါဘူး။
• ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းပြင်းပြင်းထန်ထန်လုပ်လေ ခေါင်းကိုက်မသက်သာ လေပါပဲ။
• ကွန်ပျုတာ ဖုန်းအသုံးပြုမှု လျှော့ချပါ။ စခရင်က အလင်းရောင်ဟာ သင့်ကိုခေါင်းကိုက်စေမှာပါ။ အထူးသဖြင့်ညတွေမှာ ဖုန်းမသုံးပါနဲ့။
• ရေသန့်ကို တစ်နေ့ ရှစ်ဖန်ခွက်သောက်သုံးပါ။ အချိုရည်တွေကိုရှောင်ကြဉ်ပါ။ သကြားဓာတ်ရှောင်တာက ခေါင်းကိုက်တာကို သက်သာစေပါတယ်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)
(Unicode)















