/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ရိုးသားခြင်းနှင့်-အိပ်စက်ချိန်

ရိုးသားခြင်းနှင့် အိပ်စက်ချိန်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

        သုတေသီများ၏ လေ့လာချက်အရလူသားတို့၏ လိမ်လည်လှည့်ဖျားခြင်းနှင့် အိပ်စက်ချိန်များသည်  ဆက်စပ်မှုရှိနေကြောင်းတွေ့ရပါတယ်။ Harvard တက္ကသိုလ်၊ John Hopkins တက္ကသိုလ်၊ Washington တက္ကသိုလ် နှင့် Georgetown တက္ကသိုလ်မှ သုတေသီများသည် ကျောင်းသား 200 အား ၎င်းတို့၏ ရိုးသားမှုနှင့်ပတ်သက်၍ စစ်ဆေးမှုများပြုလုပ်ခဲ့ကြပါတယ်။ စစ်ဆေးမှုများကို မေးခွန်းပုံစံဖြင့်မေးမြန်းခဲ့ပြီး ရမှတ်အလိုက် ငွေသားဆုချီးမြှင့်သည့်ပုံစံကို ကျင့်သုံးခဲ့ပါတယ်။

        ထိုအခါမှာမနက်စောစောထသောသူများသည် အမှတ်များများရရှိရန် လိမ်ညာမှုများကို ညနေပိုင်းတွင် ပြုလုပ်လာတာကိုတွေ့ရပါတယ်။ ဒါဟာ လူတိုင်းရဲ့သွေးဆောင်မှုများကို ခံနိုင်သောစိတ်စွမ်းအင်ဟာ ညနေပိုင်းမှာလျော့ကျလာလို့ဖြစ်ပါတယ်။ ထို့အတူပင် ညအိပ်ရာ၀င်နောက်ကျသူများသည် မနက်အခါတွင် ပိုမိုလိမ်ညာလေ့ရှိကြောင်းတွေ့ရပါတယ်။ ထို့ကြောင့် လူတို့၏လိမ်ညာမလား၊ အမှန်အတိုင်းပြောမလား စသောဆုံးဖြတ်ချက်များသည် ၎င်းတို့၏အိပ်စက်မှုပေါ်တွင် မူတည်နေသည်ဟုဆိုနိုင်ပါတယ်။

 

Dr. Htet Htet Aung

www.drmyanmar.com