ရှုပ်ထွေးနေတဲ့စိတ်ကို ပြေလျော့အောင် ...
စိတ်ဆိုတာ မျောက်တစ်ကောင်လိုပဲ အတွေးစ တစ်ကိုင်းကနေ တစ်ကိုင်းကို ကူးနေတတ်ကြတယ်။ အတွင်းစိတ်အေးချမ်းအောင် စိတ်ကိုငြိမ်သက်အောင် ထားဖို့အရေးကြီးတယ်။
ဒီလိုငြိမ်သက်အနည်ကျစေဖို့ -
● တရားထိုင်ပါ။ ငြိမ်ငြိမ်လေးထိုင်ပြီး ၁၅ မိနစ်ကနေ မိနစ် ၂၀ တစ်နေ့ ၂ ကြိမ်လောက် အတွေးတွေကို ရှင်းထုတ်ပေးပါ။
● အသက်ရှူလေ့ကျင့်ခန်းလုပ်ပါ။ စိတ်ဖိစီးလာပြီ၊ စိတ်ပူပန်လာပြီဆိုရင် ခဏထိုင်ပြီး အသက်ကို ပြင်းပြင်းရှူလိုက်ပါ။ စိတ်ဆိုတာ အလုပ်နှစ်ခုကို တစ်ပြိုင်နက် မတွေးနိုင်တာကြောင့် အသက်ရှူတာကို အာရုံစိုက်နေချိန်မှာ စိတ်ပူပန်စရာတွေကို မတွေးတောနိုင်တော့ဘူးပေါ့။
● သဘာဝမှာ နေထိုင်ပါ။ သဘာဝတရားနဲ့ ခဏလောက် အေးအေးဆေးဆေး ငြိမ်ငြိမ်သက်သက်ထိုင်ပြီး စိတ်ကိုငြိမ်အောင် ကြိုးစားလု့ိရတယ်။ ဒါကို နေ့တိုင်းလုပ်ဖို့ ကြိုးစားပါ။ ၅ မိနစ်ရရ၊ ၁၀ မိနစ်ရရပေါ့။ ဘေးပတ်ဝန်းကျင်က အရောင်၊ ပုံစံ၊ အလှအပတွေကို အာရုံတွေ ရွှေ့ပြောင်းလိုက်ပါ။
ဒီလို စိတ်အညစ်အကြေးတွေကို ပယ်ဖျောက်ပြီး စိတ်ကို ငြိမ်သက်အောင်ထားတာဟာ အင်မတန်ကို အကျိုးထူးပါတယ်။ လူတွေဆိုတာ စိတ်အတက်အကျ အရမ်းများတာကြောင့် စိတ်ပူပန်တာ၊ ကြောက်ရွံ့တာ၊ ဝမ်းနည်းတာတွေကို ကိုယ်ကြိုက်တဲ့ နည်းအမျိုးမျိုးနဲ့ ပယ်ဖျောက်ပေးသင့်တယ်နော်။
Dr. Mya Phoo Ngon (www.drmyanmar.com)
















