/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/လက်ကောက်ဝတ်အာရုံကြော-ရောင်ရမ်းနာ-carpal-tunnel-syndrome

လက်ကောက်ဝတ်အာရုံကြော ရောင်ရမ်းနာ (Carpal Tunnel Syndrome)

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          သင်ဟာ ကွန်ပျူတာ အသုံးပြုမှု များသောသူဖြစ်ပါက လက်ချောင်းများနဲ့ လက်ကောက်ဝတ်တစ်ဝိုက် ထုံကျဉ်ခြင်းကို မကြာခဏဆိုသလို ခံစားရပါလိမ့်မယ်။ သတိမထားဘဲ ပေ့ါပေါ့ဆဆနေပါက အချိန်ကြာတာနဲ့အမျှ လက်ကောက်ဝတ်ရှိ အဓိကအာရုံကြောမကို ဖိမိပြီး လက်ကောက်ဝတ်အာရုံကြော ရောင်ရမ်းနာ ရောဂါကို ခံစားရမှာ ဖြစ်ပါတယ်။

          ကျွန်မတို့ လက်ကောက်ဝတ်နေရာတွင် ကြွက်သားမျှင်များနဲ့အတူ အာရုံကြောတစ်ခု ဖြတ်သန်းသွားရာနေရာလေး ရှိပါတယ်။ ထိုအာရုံကြောဟာ လက်ချောင်းလေးများရဲ့ အာရုံခံစားမှုကိုသိဖို့ ထောက်ပံ့ပေးပါတယ်။ ထိုလက်ကောက်ဝတ်ကြွက်သားမျှင် ရောင်ရမ်းသောအခါ ထိုနေရာငယ်လေး တဖြည်းဖြည်းကျဉ်းပြီး အဆိုပါအာရုံကြောမကို ဖိမိလာရာကနေ လက်ကောက်ဝတ်နဲ့ လက်ချောင်းများ ထုံကျဉ်နာခြင်း ဖြစ်ပေါ်လာရပါတယ်။

 

>>    ဖြစ်စေသောအကြောင်းရင်းများ

●        မျိုးရိုးရှိခြင်း

●        လက်ကောက်ဝတ် အကွေးအဆန့်များခြင်းနဲ့ လက်ဖဝါး ဆုတ်ကိုင်မှုများခြင်း

●        အဝလွန်ခြင်း၊ ဆီးချို၊ သိုင်းရွိုက်ရောဂါ၊ လေးဖက်နာ အဆစ်ရောင်ရောဂါများရှိခြင်း

●        ဒဏ်ရာရခြင်း

●        ကွန်ပျူတာစာရိုက်များခြင်း၊ အိပ်စက်စဉ် လက်ကောက်ဝတ်ကို ဖိအိပ်ခြင်း

 

        သင့်တွင် ရောဂါလက္ခဏာများ ဖြစ်ပေါ်ပါက အောက်ပါအချက်များကို လိုက်နာကြည့်သင့်ပါတယ်။

●        လက်ကောက်ဝတ်အစွပ်ကို အသုံးပြုခြင်း

●        ကွန်ပျူတာ အသုံးများသူဖြစ်ပါက လက်ကောက်ဝတ်ကို မဖိမိစေရန် သတိထားခြင်း

●        အကိုက်အခဲပျောက်ဆေးများ သောက်ခြင်း

●        အဝလွန်ပါက ၀ိတ်ချခြင်း၊ ဆီးချိုရှိသူဖြစ်ပါက ဆေးကုသမှုခံယူခြင်းတို့အပြင်

●        ဆေးလိပ်ဖြတ်ခြင်းနဲ့ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်းများကို ကြိုးစားကြည့်သင့်ပါတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)