/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/လက်တုန်တဲ့ဝေဒနာ

လက်တုန်တဲ့ဝေဒနာ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

>>    ဘာကြောင့် လက်တုန်ရသလဲ?

          လက်တုန်တာဟာ အသက်အန္တရာယ်မရှိပေမယ့် ခံစားရသူမှာတော့ နေ့စဉ်အလုပ်ကိုတောင် ကောင်းကောင်းမလုပ်နိုင်တာကြောင့် ကသိကအောက် ဖြစ်ရတာပေါ့။ အာရုံကြောရောဂါတခိျု့နဲ့ အာရုံကြော ယိုယွင်းရောဂါတွေရဲ့ အစောပိုင်း သတိပေးသံ ဖြစ်နေနိုင်ပါတယ်။ ဒါကြောင့် ဒီလိုလက်တုန်လာရင် ဆရာဝန်နဲ့တိုင်ပင်ဖို့ လိုပါလိမ့်မယ်။

          လူအများစုက လက်တုန်တယ်ဆိုတာနဲ့ ပါကင်ဆန်ရောဂါကို ပြေးပြေးမြင်တတ်ကြပေမယ့် တကယ်အဖြစ်အများဆုံး အကြောင်းရင်းကတော့ အလိုအလျောက် လက်တုန်ခြေတုန်ရောဂါပါပဲ။

          လူကြီးတွေမှာ အဖြစ်အများဆုံးသော အာရုံကြောရောဂါတစ်ခုပါပဲ။ ဘာကြောင့်ဖြစ်မှန်းတော့ သေချာမသိပေမယ့်လည်း ဦးနှောက်နှောင်းပိုင်း အစိတ်အပိုင်းရဲ့ ပုံမှန်လုပ်ငန်းဆောင်တာ ပျက်ပြားသွားလို့ ဖြစ်ရတယ်လို့ပဲ ယူဆကြပါတယ်။ ဘာကြောင့် ဒီလိုပျက်ပြားရတယ်၊ ဒါကို ဘယ်လိုတားဆီးရမယ် ဆိုတာကိုတော့ သိပ္ပံပညာရှင်တွေလည်း ဂဃနဏ မသိကြသေးပါဘူး။ အာရုံကြော ယိုယွင်းပြဿနာ ဟုတ်၊ မဟုတ်လည်း မသေချာသေးပါဘူး။

          ဒီလို အလိုအလျောက် ခြေတုန်လက်တုန်ရောဂါ ခံစားရသူတွေဟာ လက်နဲ့ခြေထောက်တင်မကဘဲ ခေါင်းတွေ၊ အသံအိုးတွေပါ တုန်ခါပြီး ထိန်းချုပ်ရလည်း ခက်ခဲတတ်ပါတယ်။

          ပါကင်ဆန်ကြောင့် ခြေတုန်လက်တုန်ဖြစ်တာဟာ ကြွက်သားတွေ နားနေချိန်မှာ ဖြစ်ပြီးတော့ လှုပ်ရှားမှုနဲ့အတူ ပျောက်သွားတတ်ပါတယ်။

●        အတက်ရောဂါ

●        သိုင်းရွိုက်လွန်ရောဂါ

●        ဦးနှောက်နှောင်းပိုင်းရောဂါတွေ

●        ဟန်တင်တန် ပုံမမှန်လှုပ်ရှားမှုရောဂါ

●        ဆေးရဲ့နောက်ဆက်တွဲ

●        ကဖိန်းလွန်ခြင်း

●        အရက်လွန်ခြင်း၊ အရက်စွဲခြင်း

●        စိတ်လှုပ်ရှားခြင်း

●        သွေးတွင်းအချိုဓာတ်နည်းခြင်း စတဲ့ရောဂါတွေကြောင့်လည်း ဖြစ်တတ်ပါသေးတယ်။

 

>>    ဘာဆေးတွေနဲ့ ကုလို့ရမလဲ?

          လူတိုင်းတော့ ကုဖို့ မလိုဘူးပေါ့။ ဆရာဝန်က ကုဖို့လိုပြီဆိုတဲ့အချိန်မှာ ဆေး စသောက်နိုင်ပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)