လက်ထပ်ပြီးမှ ... အမျိုးသားချင်း နှစ်သက်သွားသော ခင်ပွန်းသည်ကြောင့် ဗျာပါပွေခဲ့ရသူ
သူမစိတ်ထဲ တစ်ခုခုထူးဆန်းသည်ဟု ထင်နေမိသည်။ ခင်ပွန်းသည် ကိုပိုက်ရဲ့ အမူအရာတွေ ပျက်နေသည်။
သူမကိုတော့ အကြင်နာမပျက်၊ ညင်ညင်သာသာ စကားပြော တုံ့ပြန်နေဆဲ၊ သူမကသာ တစ်ခုခု ထူးဆန်းသည်ဟု ခံစားနေရတာ ဘာကြောင့်များပါလိမ့်။
ဖုန်းထဲစစ်တော့လည်း ဘာမှထွေထွေထူးထူး မတွေ့၊ သူမ စိတ်ပူတိုင်း တွေးတတ်သော အတွေးအတိုင်း တစ်ဖြောင့်တည်း တွေးသည်။
" သူ ဖောက်ပြန်နေတာများလား "
ဟုတ်သည်။ ကိုပိုက်တစ်ယောက် ဖောက်ပြန်နေသည်။ ကိုပိုက်လို ဥစ္စာပေါရုပ်ချော ယောက်ျားအနေနဲ့ ဖောက်ပြန်လို့ လွယ်နေသည်။ သို့သော် ထူးဆန်းသည်က သူ ဖောက်ပြန်နေသည်က ငယ်ငယ်ရွယ်ရွယ် ချောချောလှလှ မိန်းမတစ်ယောက်မဟုတ်၊ အရပ်ထွားထွား ဗလကားကားနှင့် ကျားကျားရားရား ယောက်ျားတစ်ယောက်နဲ့သာ ဖြစ်လေသည်။
တကယ်တော့ သူမတို့ အိမ်ထောင်ပြုပြီး ကလေးတစ်ယောက် ရခဲ့ပြီ။ သားက ချစ်စရာလေး။ အိမ်ထောင်ရေးကလည်း သာယာသည်။ သူမက အလုပ်ကြိုးစားလွန်း၍ အိမ်ထောင့်တာဝန် ပျက်ကွက်မှုတွေ ရှိသော်လည်း မောင်က အမြဲခွင့်လွှတ်သည်။ တစ်ခါတလေ ဘာသိဘာသာ နေနေတတ်သည်။ အိပ်ရာပေါ်တွင်လည်း စွမ်းဆောင်ရည်မကျ။ အခု သူက အခြားတယောက်ကို နှစ်သက်နေပြီတဲ့။ မိန်းမ မဟုတ်။ ယောကျာ်းတဲ့။
သူမ တွေးကြည့်လိုက်ရုံနှင့် ကြက်သီး ထသည်။ ရှက်လည်း ရှက်။ ဝမ်းလည်း နည်းသည်။ တခြားမိန်းမဆီ ပါသွားတာ အော်ဟစ်ရန်တွေ့လို့ ရသေးတယ်။ အခုက တစ်ဖက်ရန်သူက တုံဏှိဘာဝေ ယောက်ျားကြီး။ နောက်ဆုံး သူမ ဘာမှမတတ်နိုင်။ မောင်တစ်ယောက် သူမကို နှုတ်ဆက်သွားသည်။
ဖြစ်တတ်သော ဇာတ်လမ်းလေးတစ်ခုကို လင်းပြလိုက်တာပါ။ အိမ်ထောင်ကျပြီးမှ လိင်ခံစားမှု ပြောင်းလဲသွားတာ ဖြစ်နိုင်သလား။ သိပ်ကို ဖြစ်နိုင်ပါတယ်။
ဒီမှာ ... နမူနာတွေပါ။ ၁၉၆၀-၇၀ လောက်တုန်းက နာမည်ကြီးပုဂ္ဂိုလ်တွေရဲ့ ထူးဆန်းတဲ့ လိ်င်တူအချစ်ရေးတွေ ...
● အကယ်ဒမီဆုရှင် ဒါရိုက်တာ တိုနီရစ်ချက်ဟာ ရုပ်ရှင်မင်းသမီး ဗာနစ်ဆာနဲ့ ရပြီး သမီးနှစ်ယောက် မွေးပါတယ်။ သူဟာ အမျိုးသားတွေကိုပါ စတင်နှစ်သက်လာပြီး အေအိုင်ဒီအက်စ်ရောဂါနဲ့ သေဆုံးခဲ့ပါတယ်။
● နာမည်ကျော် တေးရေးဆရာ ပီတာဟာ လစ်ဇာဆိုတဲ့ မိန်းမချောလေးနဲ့ လက်ထပ်ပြီး နောက်ပိုင်း အမျိုးသားတွေကို နှစ်သက်သွားပြီး ဇနီးသည်ကို ပစ်သွားကာ ကွန်နီးဆိုတဲ့ အမျိုးသားနဲ့ ၁၅ နှစ်လောက် အတူနေခဲ့ပါတယ်။
● နာမည်ကျော် ဒါရိုက်တာ ဗင်းဆင့်မီလီဟာ မိနိးမငါးယောက် ဆက်တိုက်ယူခဲ့ပါတယ်။ နောက်ပိုင်း သူဟာ အမျိုးသားချင်း နှစ်သက်သူဖြစ်ကြောင်း ထွက်ပေါ်လာခဲ့ပါတယ်။
● အမေရိကန် အဆိုတော်နှင့် သရုပ်ဆောင် အန်တိုနီပါကင်ဟာ မင်းသမီး ဘယ်ရီနဲ့ လက်ထပ်ပြီး ကလေးနှစ်ယောက် ရခဲ့ပါတယ်။ သူဟာ လက်မထပ်ခင်ကတည်းက အမျိုးသားချင်း ဇာတ်လမ်းများစွာ ရှိခဲ့ပြီးသားပါ။
မာလာခင် (စိန်ပန်း) (www.drmyanmar.com)
















