/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/လည်ချောင်းယားကျိကျိဖြစ်ပြီး-ချောင်းဆိုးနေသလား

လည်ချောင်းယားကျိကျိဖြစ်ပြီး ချောင်းဆိုးနေသလား?

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

လည်ချောင်းထဲမှာ ယားကျိယားကျိဖြစ်နေပြီဆို မကြာခင်မှာ လည်ချောင်းထဲကသလိပ်တွေကို ရှင်းထုတ်ဖို့ ချောင်းဆိုးလာတော့မှာ အမှန်ပါပဲ။ ဒီပြဿနာဟာ ကိုယ်အပြင်သွားနေတုန်းမှာဖြစ်ရင်လည်း ဆက်တိုက်ချောင်းဆိုးနေတော့ ဘေးပတ်ဝန်းကျင်ကသူတွေကို အားနာရ၊ အပြင်မှာမဟုတ်ဘဲ အိမ်မှာဆိုးပြန်ရင်လည်း ညဘက်ကို အိပ်ရေးပျက်မှာကြောက်ရနဲ့ တော်တော်ဒုက္ခပေးနိုင်တဲ့ ပြဿနာပါ။ 

Solmux Adult IA 1 2023

ဒါကြောင့် လည်ချောင်းယားပြီး ချောင်းဆိုးတာကို သက်သာစေဖို့ နည်းလမ်းလေးတစ်ချို့ကို ဝေမျှပေးချင်ပါတယ်။

လည်ချောင်းယားကျိကျိဖြစ်ပြီး ချောင်းဆိုးတာကို သက်သာစေဖို့

-       ရေများများသောက်ပေးပါ။

-       စွပ်ပြုတ်ပူပူနွေးနွေးကို သောက်ပေးပါ။

-       ရေနွေးထဲကို သံပုရာသီး၊ ပျားရည်ထည့်ပြီး သောက်ပေးပါ။

-       ချင်းလက်ဖက်ရည် သောက်ပေးပါ။

Solmux Adult IA 2 2023

-       လေထုအစိုထိန်းစက် (Humidifier) အသုံးပြုပါ။

-       ငုံဆေး ငုံပေးပါ။

-       ကဖင်းပါတဲ့ အစားအသောက်တွေကို ရှောင်ကြဥ်ပါ။

-       အနားယူပါ။

-       ရေနွေးငွေ့ရှူပါ (သို့) ရေနွေးနဲ့ ရေချိုးပါ။

ဒီလိုနည်းလမ်းတွေကို လုပ်ပေးတာအပြင် လိုအပ်တဲ့ဆေးဝါးတွေကိုလည်း မှီဝဲပေးကြဖို့ အကြံပြုလိုပါတယ်။ ချောင်းဆိုးတာ သုံးပတ်ကျော်ပြီဆိုရင်တော့ ဆရာဝန်နဲ့ပြသဖို့ မမေ့ကြနဲ့နော်။

 

www.drmyanmar.com