/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/လူလတ်ပိုင်းအရွယ်မှာ-သွေးကြောထဲတွင်-ကယ်ဆီယမ်ဓာတ်စုပုံခြင်းကြောင့်

လူလတ်ပိုင်းအရွယ်မှာ သွေးကြောထဲတွင် ကယ်ဆီယမ်ဓာတ်စုပုံခြင်းကြောင့် နှလုံးထိခိုက်နိုင်ချေများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

        လေ့လာမှုအသစ်တစ်ခုအရ လူလတ်ပိုင်းအရွယ်တွေအတွက် သွေးကြောထဲမှာ ကယ်ဆီယမ် အနည်ကျပြီး အချပ်ပြားလေးသေးသေးလေးဖြစ်မယ်ဆိုရင်တောင် နှလုံးကိုထိခိုက်စေနိုင်ပါတယ်။ အသက် 32-46 နှစ်ကြားအရွယ်ရှိတဲ့သူတွေမှာ သွေးကြောမာခြင်းအနည်းငယ်ဖြစ်မယ်ဆိုရင် နောက် 12 နှစ်ကြာတဲ့အခါမှာ သေစေနိုင်လောက်တဲ့အထိပြင်းထန်တဲ့ နှလုံးရောဂါဖြစ်နိုင်ချေ 5 ဆပိုများပါတယ်။ နှလုံးရောဂါဆိုတာ ဆယ်ကျော်သက်အရွယ်နဲ့လူငယ်အရွယ်ကတည်းက စပြီးဖြစ်နေကြပါပြီ။

        လေ့လာမှုမှာ အသက် 40 ကျော်အရွယ် 3000 ကျော်ကို CT ရိုက်ပြီး ပိတ်ဆို့မှုတွေရှိ မရှိလေ့လာခဲ့ပါတယ်။ သွေးထဲမှာ အနည်ဖတ်လေးအနည်းငယ်ရှိရုံနဲ့ နောက် ဆယ်နှစ်လောက်ကြာရင် နှလုံးထိခိုက်နိုင်ချေ 10% ရှိကြောင်းတွေ့ရှိခဲ့ပါတယ်။

        လူတိုင်းတော့ CT ရိုက်ပြီး စစ်ဆေးနေဖို့မလိုပါဘူး။ အသက်ငယ်ငယ်အရွယ်မှာ နှလုံးရောဂါရဲ့ သတိထားရမယ့်လက္ခဏာတွေဖြစ်တဲ့ သွေးတိုးခြင်း၊ သွေးတွင်းအဆီဓာတ်များခြင်း၊ အဝလွန်ခြင်းနဲ့ ဆေးလိပ်သောက်ခြင်း စတဲ့အချက်တွေရှိသူတွေသာ CT ရိုက်ပြီးစစ်ဆေးကြည့်သင့်ပါတယ်။ သွေးကြောထဲမှာ ပိတ်ဆို့မှုတွေတွေ့ပြီဆိုရင် လေ့ကျင့်ခန်းလုပ်ဖို့၊ ကျန်းမာရေးနဲ့ညီညွှတ်တဲ့အစားအစာတွေစာဖို့၊ ဆေးလိပ်ဖြတ်ဖို့ လိုပါတယ်။

        အမေရိကန်နှလုံးအဖွဲ့အစည်းရဲ့အဆိုရ ဒီသွေးကြောထဲက အနည်အနှစ်တွေမှာ ကိုလက်စရော၊ အဆီ၊ ဆဲလ်မှစွန့်ပစ်ပစ္စည်းတွေ၊ ကယ်ဆီယမ်တွေပါဝင်ပါတယ်။ အသက်ငယ်ငယ်နဲ့ သွေးကြောပိတ်ပြီး သွေးကြော မာခြင်းဖြစ်ရတာက မျိုးရိုးဗီဇ၊ အစားအစာ၊ နေထိုင်မှုပုံစံ စတဲ့အချက်များစွာအပေါ် မူတည်ပါတယ်။ လေ့လာမှု အရ နှလုံးရပ်မှုမဖြစ်ခင်မှာကတည်းက နှလုံးသွေးကြောရောဂါတွေ စဖြစ်နေပါပြီ။ ဘာလက္ခဏာမှ မပြတဲ့သူတွေမှာလည်း နှလုံးရုတ်တရက်ရပ်ခြင်း၊ လေဖြတ်ခြင်းနဲ့ သေဆုံးခြင်းတွေဖြစ်နိုင်ပါတယ်။

        ဒါကြောင့် လူငယ်တွေမှာ သွေးတွင်းအဆီကျဆေးသောက်ဖို့လို/မလို ဆုံးဖြတ်ရခက်နေ ရင် နှလုံးသွေးကြောရောဂါစဖြစ်နေပြီလားဆိုတာ သေချာသိဖို့အတွက် နှလုံး CT ရိုက်ကြည့်ဖို့လိုပါတယ်။

         သွေးကြောအတွင်းပိတ်ဆို့မှုရှိတဲ့လူတွေက နှလုံးသွေးကြောရောဂါတွေဖြစ်ဖို့ 5 ဆပိုများပါတယ်။  နှလုံး ခုန်ရုတ်တရက်ရပ်ခြင်းနဲ့ လေဖြတ်ခြင်းဖြစ်နိုင်ချေလည်း များပါတယ်။ ဒါကြောင့် သွေးတွင်း အနည်ပမာဏ များများ၊ နည်းနည်း  ဒါက နှလုံးသွေးကြောရောဂါဖြစ်ဖို့ပြတဲ့ လက္ခဏာတစ်ခုပဲဖြစ်ပါတယ်။

 

Dr. Mya Myo Myo Swe

www.drmyanmar.com