လူသုံးဦး၏ မျိုးရိုးဗီဇပေါင်းစပ်ပြီး သနေ္ဓဆောင်ခြင်း
Mitochondrial DNA ဆိုသည်မှှာဆဲလ်များအတွက် အရေးပါတဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပြီး၊ စွမ်းအင်ထုတ်လုပ်ပေးတဲ့ အလုပ်ကိုလုပ်ပါတယ်။ ၎င်းအစိတ်အပိုင်းတွင် မူမမှန်သောပြောင်းလဲမှု များ ဖြစ်ပေါ်လာပါက နှလုံးရောဂါ၊ ဆီးချိုသွေးချိုရောဂါ၊ အာရုံကြောအားနည်းခြင်း၊ ထင်ရောင်ထင်မှားဖြစ်ခြင်း စတဲ့ ကျန်းမာရေးပြဿနာများကိုဖြစ်လာစေပါတယ်။
မိခင်တွင်မူမမှန်သော mitochondria DNA ရှိပါကသနေ္ဓသားကိုလည်း ထိခိုက်နိုင်ပါတယ်။ ယခုအခါမှာတော့ ၎င်းမူမမှန်ပြောင်းလဲမှုများကို ပြုပြင်နိုင်သည့် နည်းပညာအသစ်များ ပေါ်ထွက်လာပြီဖြစ်ပါတယ်။ ချု်ိ့ယွင်းမှုဖြစ်နေတဲ့ mitochondrial DNA ကိုကောင်းမွန်တဲ့ mitochondrial DNA ဖြင့် အစားထိုးတဲ့နည်းဖြစ်ပါတယ်။
ထိုနည်းပညာအတွက် သိပ္ပံပညာရှင်များက ပုံမှန်ကျန်းမာသော mitochondrial DNA ကိုပိုင်ဆိုင်သည့် အမျိုးသမီးများထံမှ မျိုးဥကိုအလှူခံလိုက်ပြီး ၎င်းမျိုးဥများကိုအသုံးပြု၍ သနေ္ဓသားလောင်းဖြစ်လာမယ့် အစိုင်အခဲတစ်ခုကို ဖန်တီးလိုက်ပါတယ်။ ဖန်တီးထားတဲ့အစိုင်အခဲရဲ့ ကျန်းမာတဲ့ mitochondria DNA ကိုသာ ချန်ထားပြီးအခြား DNA များကိုဖယ်ရှားလိုက်ပါတယ်။
တဖက်မှာလည်း mitochondrial DNA အစားထိုးလိုတဲ့ စုံတွဲကိုဖန်ပြွန်သနေ္ဓပြုလုပ်စေပါတယ်။ ထို့နောက် ဖန်တီးထားတဲ့အစိုင်အခဲထဲသို့ DNA ချို့ယွင်းမှုရှိတဲ့ သနေ္ဓသားလောင်းလေးရဲ့ အခြား DNA များ အားလုံးကို ပေါင်းထည့်ပေးလိုက်ပါတယ်။ ပြုပြင်ပြီးသွားတဲ့ သနေ္ဓသားလေးကို မိခင်၀မ်းဗိုက်ထဲ ထည့်ပေးပြီး ကိုယ်၀န်ဆောင်စေပါတယ်။ ဒီနည်းနဲ့မွေးဖွားလာတဲ့ကလေးတွေမှာ DNA ချို့ယွင်းမှုများ မဖြစ်တော့မှာဖြစ်ပါတယ်။ အင်္ဂလန်နိုင်ငံရှိ Victoria Collin ဆိုသူအမျိုးသမီးဟာလည်း ၎င်းနည်းလမ်းကို အသုံးပြု၍ သူမကလေးများ၏ DNA များကို အစားထိုးပြုပြင်ထားတာဖြစ်ပါတယ်။ သို့သော် လူသုံးဦး၏ မျိုးရိုးဗီဇများကို ပေါင်းစပ်ခြင်းဖြစ်တာကြောင့် ကျင့်၀တ်နှင့်ညီ၊ မညီဆိုတာကိုအငြင်းပွားနေကြဆဲဖြစ်ပါတယ်။
Dr. Htet Htet Aung
















