/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/လေယာဉ်ကြာကြာစီးသူတွေမှာ-ဖြစ်နိုင်တဲ့ေ၀ဒနာ

လေယာဉ်ကြာကြာစီးသူတွေမှာ ဖြစ်နိုင်တဲ့ေ၀ဒနာ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

      အချိန်အကြာကြီး လေယာဉ်စီးပြီးသွားရတဲ့အခါမှာ တနိုင်ငံနှင့် တစ်နိုင်ငံအချိန်မတူညီတာကြောင့် jet lag လို့ခေါ်တဲ့ အလွန်အမင်းပင်ပန်းနွမ်းနယ်မှုနဲ့ အိပ်စက်မှုဆိုင်ရာပြဿနာတွေကို ကြုံတွေ့ရလေ့ရှိပါတယ်။ ခံစားရတဲ့ရောဂါလက္ခဏာတွေက ယာယီသာဖြစ်ပြီး အမျိုးမျိုးကွဲပြားနိုင်ပါတယ်။ jet lag ကို လေယာဉ်စီးခရီးသည်တိုင်း ခံစားရနိုင်ပေမယ့် အသက် 60 ကျော်လူကြီးတွေမှာပိုပြီးအဖြစ်များတာ ကို တွေ့ရပါတယ်။ ခံစားရတဲ့ရောဂါလက္ခဏာတွေကတော့  -

-     အိပ်စက်မှုပုံစံပြောင်းလဲသွားခြင်း (အိပ်မပျော်ခြင်း၊ အစောကြီးနိုးနေခြင်း ဒါမှမဟုတ် အလွန်အမင်းအိပ်ငိုက်ခြင်း၊

-     နုန်းခွေခြင်း

-     အာရုံစူးစိုက်ရန်ခက်ခဲခြင်း

-     ၀မ်းချုပ်ခြင်း (သို့) ၀မ်းပျက်ခြင်း

-     မအီမသာဖြစ်ခြင်း

-     ခေါင်းကိုက်ခြင်း တို့ပဲဖြစ်ပါတယ်။

ခရီးေ၀းေ၀းသွားလေလေ ရောဂါလက္ခဏာပိုမိုပြင်းထန်လေဖြစ်ပါတယ်။ ဒါကြောင့် လေယာဉ်အကြာကြီး စီးသူတွေမှာ ဖြစ်လေ့ရှိဖြစ်ထရှိတဲ့ jet lag ကို အောက်ပါနည်းလမ်းတွေနဲ့ သက်သာအောင်ပြုလုပ်လို့ရပါတယ်။

1. ခရီးမသွားခင်မှာ ရက်အနည်းငယ်အလိုထဲက အိပ်စက်ချိန်ကို ကြိုတင်ပြောင်းလဲပါ။ အနောက်နိုင်ငံကို ခရီးသွားမယ်ဆိုပါက အချိန်နောက်ကျပြီးမှ အိပ်ရာ၀င်ပါ၊ အရှေ့ဘက်နိုင်ငံကို သွားမယ်ဆိုရင်တော့ အိပ်ရာစောစော၀င်ပါ။

2. အလင်းရောင်ရရှိမှုပေါ်မူတည်ပြီး အိပ်ပျော်စေတဲ့ဟော်မုန်းမယ်လတိုနင် melatonin ထွက်ရှိတာကြောင့် အလင်းရောင်ကို ထိန်းညှိရန် နေကာမျက်မှန်အသုံးပြုပါ။

3. ဖြစ်နိုင်ပါက လမ်းခရီးတွင် တစ်ထောက်နားဖို့ပြင်ဆင်ပါ။ အချိန်ပြောင်းလဲမှုကို ခန္ဓာကိုယ်က လိုက်လျောညီထွေရှိဖို့အတွက် နီးစပ်ရာ နိုင်ငံတွင် ခရီးတထောက်နားပါ။

4. အိပ်ချိန် စားချိန်ကို မိမိရောက်နေတဲ့ နိုင်ငံရဲ့ အချိန်နှင့်ကိုက်ညီအောင် ကြိုတင်ဆောင်ရွက်ပါ။

5. ခရီးမသွားခင်ကတည်းက နာရီကို မိမိသွားမည့်နိုင်ငံရဲ့ စံတော်ချိန်နှင့် ကိုက်ပြီးအချိန်ပြောင်းလဲထားပါ။ ၎င်းဒေသတွင် ညအအချိန်ဖြစ်နေပါက လေယာဉ်ပေါ်မှာ ဖြစ်နေပါစေ အိပ်စက်ဖို့ကြိုးစားပါ။

6. ရေဓာတ်ခမ်းခြောက်ခြင်းက jet lag ေ၀ဒနာကို ပိုဆိုးစေတာကြောင့် ရေဓာတ်ပြည့်၀နေစေရန် ကဖင်းဓာတ်ပါသော အချိုရည်၊ အရက် စတာတွေကိုရှောင်ရှားပြီး ရေများများသောက်ပေးပါ။

7. အိပ်ဆေးတွေက အလင်းအပေါ် ခန္ဓာကိုယ်မှ သဘာ၀အတိုင်းလိုက်လျောညီထွေမှုရှိအောင်ပြုလုပ်ရာမှာ အထောက်အကူ မပြုတာကြောင့် အိပ်ဆေးအသုံးပြုခြင်းကို တတ်နိုင်သမျှရှောင်ရှားပါ။

8. စိတ်ကို တည်ငြိမ်အောင်ထားပါ။ စိတ်ဖိစီးမှုက jet lag ကိုပိုဆိုးစေပါတယ်။ ဘာမဟုတ်တာလေးတွေနဲ့ စိတ်ရှုပ်ထွေးမှုမဖြစ်ရလေအောင် ခရီးစဉ်ကို ကြိုတင်စီစဉ်ထားပါ။

9. လေယာဉ်ပေါ်တွင် အိပ်စက်ရာ၌ သက်တောင့်သက်သာ ဖြစ်စေရန်နှင့် အလင်းရောင်ကို ကာကွယ်နိုင်ရန် နားကြပ်၊ မျက်လုံးအုပ်ရန် အစွတ်စတာတွေကို အသုံးပြုပါ။

10. လေယာဉ်ပေါ်မှဆင်းပြီး မိမိသွားလိုရာနေရာသို့ရောက်ပါက ပင်ပန်းသော်ငြားလည်းအချိန်တွေကို အပြင်ထွက်ခြင်းဖြင့်သာ ကုန်ဆုံးနိုင်အောင်ကြိုးစားပါ။ နေရောင်ခြည်ဖြင့်ထိတွေ့ခြင်းက အချိန်ပြောင်းလဲမှုနှင့် လိုက်လျောညီထွေဖြစ်အောင်ကြိုးစားမှုကို အထောက်အကူဖြစ်စေပါတယ်။

11. အနောက်နိုင်ငံများသို့ရောက်နေပါက နံနက်ခင်းအချိန်တွင် နေရောင်ခြည်နှင့်များများ ထိတွေ့ပြီး နေ့ခင်းပိုင်းမှာ နေရောင်ခြည်ကိုတတ်နိုင် သမျှ ရှောင်ရှားပါ။

12. အရှေ့ပိုင်းနိုင်ငံများသို့ ခရီးသွားပါက နေ့ခင်းပိုင်းနေရောင်ခြည်နှင့် များများထိတွေ့ပါ။

13. နေရာသစ်တွင် အမြန်ဆုံးအသားကျစေရန် တနေ့ကို အနည်းဆုံးအိပ်စက်ချိန် 4 နာရီရှိပါစေ။

 

Dr. Htet Htet Aung

www.drmyanmar.com