လျှာကို လျှပ်စစ်လှုံ့ဆော်မှုပေးခြင်းဖြင့် Multiple Sclerosis ေ၀ဒနာရှင်များ လမ်းလျှောက်ရာတွင် ပိုမိုလွယ်ကူလာ
Multiple sclerosis (MS) သည် ကိုယ်ခံစွမ်းအားစနစ် ချို့ယွင်းပြီး မိမိခန္ဓာကိုယ်တွင်းရှိ တစ်သျှူးအကောင်းများကို မိမိဘာသာ ပြန်လည်တိုက်ခိုက်နေသော နာတာရှည်ရောဂါတခု (Autoimmune Disease) ဖြစ်ပြီး ၎င်းရောဂါကို ခံစားရသောေ၀ဒနာရှင်များတွင် သွက်ချာပါဒဖြစ်ခြင်း၊ စကားပြောပြောင်းခြင်း၊ လမ်းမလျှောက်နိုင်ခြင်းစသည်တို့ကို ခံစားရလေ့ရှိပါတယ်။ ယခုအခါတွင် သုတေသီများက ၎င်းရောဂါ၏ လက္ခဏာများကို သက်သာစေနိုင်သောနည်းလမ်းတခုကို တွေ့ရှိခဲ့ကြပါတယ်။ အဲဒီနည်းလမ်းကတော့ လျှပ်စစ်လှုံ့ဆော်မှုများကို လျှာမှတဆင့် ပေးသောနည်းလမ်းဖြစ်ပါတယ်။ လျှာပေါ်ရှိအာရုံကြောများသည် ဦးနှောက်နှင့် တိုက်ရိုက်ဆက်သွယ်နေပြီး တံတွေးမှာလည်း လျှပ်စစ်စီးကြောင်းများကို ကူးပြောင်းနိုင်တဲ့ အာနိသင်ရှိတာကြောင့် ဗို့အားနည်းနည်းပေးရုံမျှဖြင့် ထိရောက်မှုရှိတာကိုတွေ့ရပါတယ်။ Wisconsin-Madison တက္ကသိုလ်မှ သုတေသီများက MS ရောဂါေ၀ဒနာရှင်များကို ၎င်းနည်းလမ်းဖြင့် 14 ရက်ကြာ ကုသပေးခဲ့ရာ ကုသမှုခံယူသူေ၀ဒနာရှင်များသည် လမ်းလျှောက်ရာ၌ပိုမိုလွယ်ကူလာတယ်လို့သိရပါတယ်။
Dr. Htet Htet Aung
















