လျှာအရွယ်အစားကြီးမားခြင်းကအိပ်ပျော်နေစဉ် အသက်ရှူရပ်ခြင်း (Sleep Apnea) ကို ဖြစ်စေနိုင်သလား
Pennsylvania တက္ကသိုလ်၊ အိပ်စက်ခြင်းဆိုင်ရာ ကျန်းမာရေးဌာနမှ Dr. Richard Schwab နှင့် အဖွဲ့၏ လေ့လာမှုများအရ အိပ်ပျော်နေစဉ်အတောအတွင်း အသက်ရှူရပ်ခြင်း (sleep apnea)ဟာ လျှာ အရွယ်အစားကြီးမားခြင်းနဲ ့ဆက်စပ်မှုရှိနေတာကိုတွေ့ရပါတယ်။
Sleep Apnea ဟာ အဖြစ်များသော လက္ခဏာတစ်ခုဖြစ်ပြီး အိပ်ပျော်နေစဉ် အတောအတွင်း လေပြွန်ကျဉ်းသွားတာကြောင့် မကြာခဏအသက်ရှူရပ် သွားခြင်းဖြစ်ပါတယ်။ အကျိုးဆက်အနေနဲ့ အိပ်ရေးပျက်ခြင်း၊ နေ့အခါတွင် ငိုက်မျဉ်းခြင်း၊ နုံးခွေခြင်း၊ သွေးပေါင်ချိန် တက်ခြင်းနဲ့ သွေးကြောများ ရောင်ရမ်းခြင်းတို့ဖြစ်လာပါတယ်။
Sleep Apnea ဟာ အ၀လွန်သူတွေမှာ အဖြစ်များလေ့ရှိပါတယ်။ အ၀လွန်သူတွေရဲ့လျှာအောက်ခြေမှာ အဆီများစုနေနိုင်တာကြောင့် လျှာအရွယ်အစားဟာ အခြားသူတွေထက် ပိုပြီးကြီးမားပါတယ်။ လျှာအရွယ်အစားကြီးမားလာတာနဲ့အမျှ အသက်ရှူလမ်းကြောင်း တစ်လျှောက်တွင် လျှာရှိမနေစေရန်လျှာနှင့် အရိုးကိုတွယ်ဆက်ထားတဲ့ ကြွက်သားများက လုပ်ဆောင်ပေးနိုင်ခြင်းမရှိတော့ပါဘူး။ ဒါကြောင့် ယခုအခါမှာ သုတေသီများက လျှာအတွင်းရှိ အဆီပိုများကိုဖယ်ရှားခြင်းဖြင့် အိပ်ပျော်နေစဉ် အသက်ရှူရပ်သွားခြင်းကို ကုသနိုင်ခြင်း ရှိ/မရှိ ဆက်လက်လေ့လာနေကြပါတယ်။
Dr. Htet Htet Aung
















