/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ဝက်ခြံမပေါက်အောင်-ဒီလိုကာကွယ်ပါ

ဝက်ခြံမပေါက်အောင် ဒီလိုကာကွယ်ပါ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          မျက်နှာကိုလက်ဖြင့် မကြာခဏကိုင်တွယ်ခြင်းကိုရှောင်ကြဉ်ပါ။ လက်ဖြင့်အကြာခဏကိုင်တွယ်ခြင်းက အဆီထွက်ရှိမှုကို အားပေးပြီး ဘက်တီးရီးယားပိုးမွှားတွေကို ပိုမိုပေါက်ဖွားစေပါတယ်။

          ဆံသားအတွက် ထုတ်လုပ်ထားတဲ့ပစ္စည်းများကို သုံးစွဲရာမှာအဆီပါဝင်မှုကင်းတဲ့ ထုတ်ကုန်များကိုသာရွေးချယ်ပေးပါ။ ထုတ်ကုန်မှာပါဝင်တဲ့အဆီတွေက ဆံသားမှတဆင့်မျက်နှာပေါ်တွင် ကပ်ညှိနေနိုင်ပြီး ချေွးပေါက်တွေပိတ်ဆို့စေတာကြောင့် ဖြစ်ပါတယ်။ မျက်နှာသစ်ရာမှာ လက်ချောင်းထိပ်ကိုအသုံးပြုပြီး ညင်သာစွာသစ်ပေးပါ။

Dr. Htet Htet Aung (www.drmyanmar.com)