/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ဝမ်းချုပ်ခြင်းမှ-ကင်းဝေးစေဖို့

ဝမ်းချုပ်ခြင်းမှ ကင်းဝေးစေဖို့ ...

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

၁။     သံပရာရည်ကို အသုံးပြုပါ။

●        ရေနွေးနွေးလေးထဲကို သံပရာရည် ညှစ်ထည့်ပါ။

●        ညမအိပ်ခင်နဲ့ အိပ်ရာက နိုးချိန်မှာ သောက်ပေးပါ။

 

၂။     ပျားရည်သောက်ပါ။

●        ရေနွေးနွေးလေးထဲကို ပျားရည်တစ်ဇွန်း ထည့်ပါ။

●        တစ်နေ့နှစ်ကြိမ် သောက်ပေးပါ။

 

၃။     နှမ်းကြတ်စေ့ကို သုံးပါ။

●        ရေတစ်ခွက်ထဲကို နှမ်းကြတ်စေ့အမှုန့် တစ်ဇွန်းထည့်ပြီး ၂ နာရီ၊ ၃နာရီခန့် အနည်ထိုင်အောင်ထားပါ။

●        ညမအိပ်မီ သောက်ပေးပါ။

 

၄။     ကြံသကာရည် သုံးပါ။

●        ရေနွေးနွေးလေးထဲကို ကြံသကာရည်တစ်ဇွန်း ထည့်ပြီး တစ်နေ ၃ ကြိမ် သောက်ပေးပါ။

Dr. Mya Phoo Ngon (www.drmyanmar.com)