ဝိတ်ချတော့မယ်ဆိုတာနဲ့ အရင်ဆုံး စတင်ရမယ့် အရေးကြီးအချက်အလက်များ
အမှန်အကန် ဝိတ်ချတော့မယ်လား။ ဝိတ်ချတော့မယ်ဆိုတာနဲ့ ကိုယ့်ကျန်းမာရေးအတွက် တကယ် စတင် လိုက်နာလုပ်ဆောင်ရမယ့် အချက်တွေ ရှိနေတယ်နော်။ ဘယ်လိုအချက်တွေဖြစ်မလဲဆိုတာ ဖတ်ကြည့်ပါဦး။
ပထမဆုံးအနေနဲ့ ကိုယ့်ရဲ့ ကိုယ်အလေးချိန်နဲ့ အရပ်အမြင့်ကို တိုင်းတာချိန်တွယ်ရပါတယ်။ ပြီးတော့ အင်တာနက်ကနေပဲဖြစ်ဖြစ် နီးစပ်ရာ ဆရာဝန်၊ ဆရာမ အကူအညီနဲ့ပဲဖြစ်ဖြစ် BMI ဆိုတဲ့ သင်္ချာအဖြေလေးတစ်ခုကို တွက်ထုတ်ကြည့်ပါ။
BMI ရဲ့ Formula ကတော့ BMI = kg/ m2 ဖြစ်ပါတယ်။ Kg (ကီလိုဂရမ်) ကတော့ ကိုယ့်ရဲ့ ကိုယ်အလေးချိန်ဖြစ်ပြီး m2 ကတော့ ကိုယ့်ရဲ့ အရပ်အမြင့်ကို မီတာပြောင်းပြီး 2 ဆ လုပ်ရမှာ ဖြစ်ပါတယ်။ ပြီးရင် Kg ကို တည်ပြီး m2 နဲ့ စားပေးရပါမယ်။ ဒါဆိုရင် BMI အဖြေ သိရပါပြီ။
>> BMI တွက်ပြီး အဖြေတွေက -
a. 18.5 အောက် ဆိုရင် ကိုယ်အလေးချိန် မပြည့်မီတာကို ပြသပါတယ်။ ဒါဆိုရင် အာပာာရပြည့်အောင် စားဖို့၊ ဖြည့်စွက်တိုးစားဖို့၊ အိပ်ရေး၀၀အိပ်ဖို့ လိုအပ်နေပါပြီ။
b. 18.5 ကနေ 24.9 အတွင်းဆိုရင် ပုံမှန်ကိုယ်အလေးချိန်ရှိတာကို ပြသပါတယ်။ ကိုယ်ဟာ ကျန်းမာတဲ့ ကိုယ်အလေးချိန်အတွင်းမှာ ရှိနေပါတယ်။ ဒီအတိုင်း ဆက်ထိန်းသိမ်းထားနိုင်အောင် ကြိုးစားရပါမယ်။
c. 25.0 ကနေ 29.9 အတွင်းဆိုရင် ပုံမှန်ရှိသင့်တာထက် ကိုယ်အလေးချိန် များနေတာကို ပြသပါတယ်။ ဒါဆိုရင် အဆီအစိမ့်လျှော့ချဖို့ လိုအပ်လာပြီး ကိုယ်အလေးချိန်လျှော့သင့်နေပါပြီ။
d. 30 နှင့်အထက် ဆိုရင်တော့ အဝလွန်နေတာကို ပြသပါတယ်။ ဒီအနေအထားကို ရောက်နေရင်တော့ မဖြစ်မနေ ကိုယ်အလေးချိန်ကို လျှော့ချရပါမယ်။ မဟုတ်ရင် နှလုံး၊ သွေးတိုး၊ ဆီးချိုရောဂါတွေနဲ့ မကြာခင် ရင်ဆိုင်ရနိုင်ပါတယ်။
BMI အပြင် နောက်တစ်ခု ပြုလုပ်သင့်တာက မိမိရဲ့တင်ပါးတဝိုက်ကနေ ဗိုက်ထိ ပေကြိုးလေးနဲ့ မလျှော့မတင်း ပတ်ကြည့်ပါ။ ခါးပတ်ကြိုး အတိုင်းအတာ ၄၀ လက်မအထက်ဆိုရင် အမျိုးသားတွေအတွက် သိပ်များလွန်းသလို အမျိုးသမီးတွေမှာ ၃၅ အထက်ဆိုရင် အဝလွန်နေတာကို ပြသပါတယ်။
Enervon-C Adult 1

>> တစ်ဆင့်တက်ပြီး ထပ်လုပ်ရမှာက -
● သွေးပေါင်ချိန်မယ်
● သွေးတွင်းအချိုဓာတ် စစ်ဆေးမယ်
● သွေးတွင်း ကိုလက်စထရော စစ်ဆေးမယ်
ဒါတွေ အဖြေရရင်တော့ ဝိတ်ချတော့မယ်ဆိုတာနဲ့ အလေးပေးလုပ်ဖို့ လိုလာတဲ့အချက်တွေ ရှိပါတယ်။
● ခါးလုံးပတ်အတိုင်းအတာ များနေရင် စားနေကျထဲက ကယ်လိုရီ ၂၅၀ ခန့် လျှော့ချဖို့ လိုအပ်သလို တစ်ပတ်ကို သုံးရက်ခန့် မိနစ် ၃၀ လေ့ကျင့်ခန်းလုပ်ဖို့ လိုအပ်ပါတယ်။
● သွေးတိုးနေပြီလား၊ အပေါ်သွေး ၁၄၀ နဲ့အထက် ရှိနေရင်တော့ ဆား အစားလျှော့တဲ့အပြင် အသီးအရွက် များများ ပိုစားသင့်ပါတယ်နော်။
● သွေးတွင်း ကိုလက်စထရော များနေပြီလား ... ကိုယ်လက်လှုပ်ရှားမှု အလေးပေးလုပ်ဖို့ လိုအပ်လာပါတယ်။ ဒါ့အပြင် လက်ဖက်ရည်၊ ကော်ဖီချိုချိုတွေ အသင့်သောက်အချိုရည်တွေအစား ရေသန့်သာ တစ်ခွက်ပြီးတစ်ခွက် သောက်သုံးပါတော့။ တစ်ပတ်ကို နှစ်ကြိမ်ခန့် ငါးစားဖို့လိုသလို အိုမီဂါသရီး ငါးကြီးဆီ ဖြည့်စွက်စာကို စားသုံးဖို့လည်း လိုအပ်လာပါတယ်။
● သွေးတွင်းအချို တက်လာပြီး ဆီးချိုအကြိုအဆင့်ကို ရောက်နေပြီလား။ အမျှင်ဓာတ်ပိုရဖို့ လိုအပ်လာပါတယ်။ ကိတ်မုန့်၊ အီကြာကွေး၊ ကွတ်ကီးတွေအစား အရွက်နဲ့ အချိုဓာတ်နည်းတဲ့ အသီးအနှံတွေ ပိုမိုအလေးပေးစားသုံးဖို့ လိုအပ်လာပါတယ်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)
Enervon-C Adult 2

(Zawgyi)
အမွန္အကန္ ဝိတ္ခ်ေတာ့မယ္လား။ ဝိတ္ခ်ေတာ့မယ္ဆိုတာနဲ႔ ကိုယ့္က်န္းမာေရးအတြက္ တကယ္ စတင္ လိုက္နာလုပ္ေဆာင္ရမယ့္ အခ်က္ေတြ ရွိေနတယ္ေနာ္။ ဘယ္လိုအခ်က္ေတြျဖစ္မလဲဆိုတာ ဖတ္ၾကည့္ပါဦး။
ပထမဆုံးအေနနဲ႔ ကိုယ့္ရဲ႕ ကိုယ္အေလးခ်ိန္နဲ႔ အရပ္အျမင့္ကို တိုင္းတာခ်ိန္တြယ္ရပါတယ္။ ၿပီးေတာ့ အင္တာနက္ကေနပဲျဖစ္ျဖစ္ နီးစပ္ရာ ဆရာဝန္၊ ဆရာမ အကူအညီနဲ႔ပဲျဖစ္ျဖစ္ BMI ဆိုတဲ့ သခ်ၤာအေျဖေလးတစ္ခုကို တြက္ထုတ္ၾကည့္ပါ။
BMI ရဲ႕ Formula ကေတာ့ BMI = kg/ m2 ျဖစ္ပါတယ္။ Kg (ကီလိုဂရမ္) ကေတာ့ ကိုယ့္ရဲ႕ ကိုယ္အေလးခ်ိန္ျဖစ္ၿပီး m2 ကေတာ့ ကိုယ့္ရဲ႕ အရပ္အျမင့္ကို မီတာေျပာင္းၿပီး 2 ဆ လုပ္ရမွာ ျဖစ္ပါတယ္။ ၿပီးရင္ Kg ကို တည္ၿပီး m2 နဲ႔ စားေပးရပါမယ္။ ဒါဆိုရင္ BMI အေျဖ သိရပါၿပီ။
>> BMI တြက္ၿပီး အေျဖေတြက -
a. 18.5 ေအာက္ ဆိုရင္ ကိုယ္အေလးခ်ိန္ မျပည့္မီတာကို ျပသပါတယ္။ ဒါဆိုရင္ အာပာာရျပည့္ေအာင္ စားဖို႔၊ ျဖည့္စြက္တိုးစားဖို႔၊ အိပ္ေရး၀၀အိပ္ဖို႔ လိုအပ္ေနပါၿပီ။
b. 18.5 ကေန 24.9 အတြင္းဆိုရင္ ပုံမွန္ကိုယ္အေလးခ်ိန္ရွိတာကို ျပသပါတယ္။ ကိုယ္ဟာ က်န္းမာတဲ့ ကိုယ္အေလးခ်ိန္အတြင္းမွာ ရွိေနပါတယ္။ ဒီအတိုင္း ဆက္ထိန္းသိမ္းထားႏိုင္ေအာင္ ႀကိဳးစားရပါမယ္။
c. 25.0 ကေန 29.9 အတြင္းဆိုရင္ ပုံမွန္ရွိသင့္တာထက္ ကိုယ္အေလးခ်ိန္ မ်ားေနတာကို ျပသပါတယ္။ ဒါဆိုရင္ အဆီအစိမ့္ေလွ်ာ့ခ်ဖို႔ လိုအပ္လာၿပီး ကိုယ္အေလးခ်ိန္ေလွ်ာ့သင့္ေနပါၿပီ။
d. 30 ႏွင့္အထက္ ဆိုရင္ေတာ့ အဝလြန္ေနတာကို ျပသပါတယ္။ ဒီအေနအထားကို ေရာက္ေနရင္ေတာ့ မျဖစ္မေန ကိုယ္အေလးခ်ိန္ကို ေလွ်ာ့ခ်ရပါမယ္။ မဟုတ္ရင္ ႏွလုံး၊ ေသြးတိုး၊ ဆီးခ်ိဳေရာဂါေတြနဲ႔ မၾကာခင္ ရင္ဆိုင္ရႏိုင္ပါတယ္။
BMI အျပင္ ေနာက္တစ္ခု ျပဳလုပ္သင့္တာက မိမိရဲ႕တင္ပါးတဝိုက္ကေန ဗိုက္ထိ ေပႀကိဳးေလးနဲ႔ မေလွ်ာ့မတင္း ပတ္ၾကည့္ပါ။ ခါးပတ္ႀကိဳး အတိုင္းအတာ ၄၀ လက္မအထက္ဆိုရင္ အမ်ိဳးသားေတြအတြက္ သိပ္မ်ားလြန္းသလို အမ်ိဳးသမီးေတြမွာ ၃၅ အထက္ဆိုရင္ အဝလြန္ေနတာကို ျပသပါတယ္။
>> တစ္ဆင့္တက္ၿပီး ထပ္လုပ္ရမွာက -
● ေသြးေပါင္ခ်ိန္မယ္
● ေသြးတြင္းအခ်ိဳဓာတ္ စစ္ေဆးမယ္
● ေသြးတြင္း ကိုလက္စထေရာ စစ္ေဆးမယ္
ဒါေတြ အေျဖရရင္ေတာ့ ဝိတ္ခ်ေတာ့မယ္ဆိုတာနဲ႔ အေလးေပးလုပ္ဖို႔ လိုလာတဲ့အခ်က္ေတြ ရွိပါတယ္။
● ခါးလုံးပတ္အတိုင္းအတာ မ်ားေနရင္ စားေနက်ထဲက ကယ္လိုရီ ၂၅၀ ခန႔္ ေလွ်ာ့ခ်ဖို႔ လိုအပ္သလို တစ္ပတ္ကို သုံးရက္ခန႔္ မိနစ္ ၃၀ ေလ့က်င့္ခန္းလုပ္ဖို႔ လိုအပ္ပါတယ္။
● ေသြးတိုးေနၿပီလား၊ အေပၚေသြး ၁၄၀ နဲ႔အထက္ ရွိေနရင္ေတာ့ ဆား အစားေလွ်ာ့တဲ့အျပင္ အသီးအ႐ြက္ မ်ားမ်ား ပိုစားသင့္ပါတယ္ေနာ္။
● ေသြးတြင္း ကိုလက္စထေရာ မ်ားေနၿပီလား ... ကိုယ္လက္လႈပ္ရွားမႈ အေလးေပးလုပ္ဖို႔ လိုအပ္လာပါတယ္။ ဒါ့အျပင္ လက္ဖက္ရည္၊ ေကာ္ဖီခ်ိဳခ်ိဳေတြ အသင့္ေသာက္အခ်ိဳရည္ေတြအစား ေရသန႔္သာ တစ္ခြက္ၿပီးတစ္ခြက္ ေသာက္သုံးပါေတာ့။ တစ္ပတ္ကို ႏွစ္ႀကိမ္ခန႔္ ငါးစားဖို႔လိုသလို အိုမီဂါသရီး ငါးႀကီးဆီ ျဖည့္စြက္စာကို စားသုံးဖို႔လည္း လိုအပ္လာပါတယ္။
● ေသြးတြင္းအခ်ိဳ တက္လာၿပီး ဆီးခ်ိဳအႀကိဳအဆင့္ကို ေရာက္ေနၿပီလား။ အမွ်င္ဓာတ္ပိုရဖို႔ လိုအပ္လာပါတယ္။ ကိတ္မုန႔္၊ အီၾကာေကြး၊ ကြတ္ကီးေတြအစား အ႐ြက္နဲ႔ အခ်ိဳဓာတ္နည္းတဲ့ အသီးအႏွံေတြ ပိုမိုအေလးေပးစားသုံးဖို႔ လိုအပ္လာပါတယ္။
ဂ်ီပီငွက္ (ေဆး/မန္း) (www.drmyanmar.com)
















