သမီးလေးအတွက် မေမေရဲ့ ရင်နာရသော ရွေးချယ်မှုတစ်ခု ...
မာရေးဟာ သူမရဲ့ အသက် ၁၄ နှစ်အရွယ်သမီး မယ်စီအတွက် ဘယ်မိဘမှ မလုပ်နိုင်တဲ့ ဆုံးဖြတ်ချက်တစ်ခုကိုချဖို့ ဆုံးဖြတ်လိုက်ရပါတယ်၊ သူမရဲ့ရွေးချယ်မှုကတော့ ရင်နင့်စရာပါပဲ။
သမီးငယ်ဟာ တစ်ကမ္ဘာလုံးမှာ လူသုံးဆယ်ကနေ လေးဆယ်ကြားပဲ ဖြစ်လေ့ရှိတဲ့ အလွန်ရှားပါးတဲ့ ရောဂါဆန်းတစ်မျိုးကို ခံစားနေရတာ ဖြစ်ပါတယ်။
နေ့စဉ်ခေါင်းကိုက်ဝေဒနာကို အပြင်းအထန် ခံစားနေရတဲ့ သမီးဖြစ်သူအတွက် တစ်ခုတည်းသော ကုသမှုကတော့ ဦးနှောက်တွင်းကို ပိုက်ထည့်ပြီး ကုသတာ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီကုသမှုမှာ ကြောက်စရာကောင်းတဲ့ ဘေးထွက်ဆိုးကျိုး ရှိနေပါတယ်။
အသက် ဆယ့်လေးနှစ်အရွယ် မယ်စီဟာ ကုသမှု စတင်ခံယူတာနဲ့ မျက်စိအမြင်အာရုံ တဖြည်းဖြည်းချို့တဲ့လာပြီး နောက်ဆုံး လုံးဝကွယ်သွားမှာ ဖြစ်ပါတယ်။
မိခင်ဖြစ်သူဟာ ရွေးချယ်ရ ခက်ခဲပေမယ့် သမီးငယ်ရဲ့ ခေါင်းကိုက်ဝေဒနာကို မကြည့်ရက်တာကြောင့် မျက်စိအကွယ်ခံပြီး ကုသဖို့ ဆုံးဖြတ်လိုက်ပါတယ်။
မယ်စီလေးရဲ့ မျက်လုံးအမြင်အာရုံ စတင်ကျဆင်းမသွားမီ မိခင်ကြီးဟာ ခေါငိးကိုက်ဝေဒနာကနေ ကင်းလွတ်လာတဲ့ သမီးဖြစ်သူကိုကြည့်ရင်း ကြိုးစားဖြေသိမ့်နေရပါတယ်။ ချစ်စရာသမီးလေးဟာ မကြာမီ မျက်စိကွယ်သွားတော့မှာ ဖြစ်ပါတယ်။
မယ်စီဟာ ကျောင်းဆက်တက်နေပြီး အမြင်အာရုံ မချို့တဲ့သွားခင် ဘဝကို အကောင်းဆုံး ရှင်သန်နေပါတယ်။ သူမကို စိတ်ဓာတ်အခိုင်မာဆုံးဆုကို ကျောင်းက ပေးအပ် ဂုဏ်ပြုခဲ့ပြီး ဝိုင်းဝန်းအားပေးခဲ့ကြပါတယ်။
မိခင်ဟာ ခက်ခဲတဲ့ဆုံးဖြတ်ချက်ကို ချခဲ့ရပေမယ့် နေ့စဉ်ခေါင်းကိုက်ဝေဒနာကို အပြင်းအထန် ခံစားနေရတာနေ လွတ်မြောက်သွားတဲ့ သမီးဖြစ်သူကို မြင်နေရင် ကျေနပ်နေပြီး ဖြစ်ပါတယ်။ ရောဂါနဲ့ မျက်စိ နှစ်ကွင်းအလင်းကို လဲလှယ်လိုက်ရတာ ဖြစ်ပါတယ်။
မာရေးရော မယ်စီရော နောင်တမရခဲ့ကြပါဘူး။ မာရေးဟာ အိမ်ထောင်ပြိုကွဲခဲ့ပြီး သမီးကို တစ်ယောက်တည်း စောင့်ရှောက်ခဲ့ရပြီး စ်တ်ဓာတ်ကြံ့ခိုင်သူ ဖြစ်ပါတယ်။ သူမရဲ့ ကြံ့ခိုင်မာကြောတဲ့စိတ်ဓာတ်ကို သမီးဖြစ်သူက အမွေဆက်ခံခဲ့ပြီး နှစ်ဦးလုံး ပျော်ပျော်ရွှင်ရွှင် ကျေကျေနပ်နပ်ပဲ ဘဝခရီးဆက်နေခဲ့ကြပါတယ်။ မျက်စိကွယ်သွားပေမယ့် သူမရဲ့သမီးလေးဟာ ရောဂါေ၀ဒနာကနေ သက်သာပြီး သူမနဲ့ အတူရှိနေရုံနဲ့ ကျေနပ်စရာလို့ပဲ ဆိုရမှာဖြစ်ပါတယ်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)
















