သိထားသင့်သော COVID-19 ရောဂါလက္ခဏာများ
တရုတ်ပြည်ကတော့ COVID-19 ကို စတင်ထိန်းချုပ်နိုင်နေပြီဖြစ်ပေမယ့် အခြားသောနိုင်ငံတွေမှာတော့ နေ့စဉ်နဲ့အမျှ ကူးစက်ခံရသူနဲ့ သေဆုံးသူတွေရှိနေသလို မြန်မာနိုင်ငံအနေနဲ့လည်း သတိကြီးစွာထားရမယ့် အချိန်ဖြစ်နေပါတယ်။
● အဖြစ်အများဆုံး လက္ခဏာ (၂) ခုကတော့ ဖျားခြင်း (37.8°C နဲ့အထက်) နဲ့ ချောင်းဆိုးခြင်းတို့ ဖြစ်ပါတယ်။ ဒီလက္ခဏာ (၂) ရပ်လုံး ရှိနေသူတွေအနေနဲ့ ဆရာဝန်နဲ့ အမြန်ဆုံး တိုင်ပင်ဆွေးနွေးဖို့ လိုပါတယ်။
● အခြားသော လက္ခဏာတွေကတော့ လည်ချောင်းနာခြင်း၊ နှာပိတ်ခြင်းနဲ့ နှာရည်ယိုခြင်းတို့ဖြစ်ပြီး ဒီလက္ခဏာတွေ ဖြစ်ပေါ်ပါက အနည်းဆုံး (၅) ရက်ခန့် စောင့်ကြည့်သင့်ပါတယ်။ COVID-19 ဖြစ်ပွားသူ ၉၀ ရာနှုန်းလောက်မှာတော့ လည်ချောင်းနာခြင်းနဲ့ နှာပိတ်ခြင်းတို့ မတွေ့ရှိရဘူးလို့ ပညာရှင်များက ဆိုပါတယ်။
● ဒါပေမဲ့ အဆိုပါလက္ခဏာတွေ ကြာရှည်စွာခံစားရတာမျိုး၊ ပိုဆိုးလာတာမျိုးရှိရင်တော့ ဆရာဝန်နဲ့ပြသဖို့ လိုပါတယ်။
● လက်ရှိအနေအထားအရ လူတစ်ဦးချင်းစီတိုင်းဟာ အရေးပေါ်အခြေအနေကလွဲပြီး အိမ်ပြင်ထွက်တာမျိုး မပြုလုပ်ဘဲ မိမိအိမ်မှာပဲနေကြဖို့ အကြံပေးလိုပါတယ်။
● အသက်ရှူကြပ်ခြင်းနဲ့ မောခြင်းကိုတော့ COVID-19 ရဲ့ နောက်ကျတဲ့အဆင့်တွေမှာသာ တွေ့ကြုံရတယ်ဆိုပေမယ့်လည်း ဖျားနာခြင်း၊ ချောင်းဆိုးခြင်းနဲ့အတူ မောခြင်းကိုပါ တွဲဖက်ခံစားရပါက ဆေးရုံ အမြန်သွားဖို့ အကြံပြုလိုပါတယ်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)















