သောက်ဆေးမကူဘဲ သွေးတွင်းအဆီလျော့ကျစေနိုင်မည့် နည်းလမ်းများ
အဆင့် 1
လေ့ကျင့်ခန်းပုံမှန်လုပ်ပါ။ သင့်တင့်လျောက်ပတ်တဲ့ အေရိုးဗစ်လေ့ကျင့်ခန်းကိုပုံမှန်လုပ်ရုံနဲ့ 3 လအတွင်း သွေးတွင်းကောင်းတဲ့ အဆီ (HDL)တွေမြင့်လာစေနိုင်ပါတယ်။ ဒါကြောင့် လေ့ကျင့်ခန်းလုပ်ဖို့ တစ်နေ့လျှင် မိနစ် 30 ကြာအချိန်ပေးသင့်ပြီး ရက်သတ္တပတ်လုံးအချိန်မပေးနိုင်ရင်တောင် တစ်ပတ်လျှင် 5 ရက်မျှ ပုံမှန်ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ပေးပါက ကိုလက်စထရောလ်တွေများလာမှာကို စိုးရိမ်ပူပန်စရာမလိုတော့ပါဘူး။
အဆင့် 2
အဆီထုတ်ပြီးသားအစားအစာ၊ အဆီပါ၀င်မှုမများတဲ့ အစားအစာတွေကိုသာ ရွေးချယ်စားသုံးပါ။ (ဥပမာ- ကြက်သားဆိုလျှင် အရေခွွံဖယ်စားပါ။)
အဆင့် 3
မပြည့်၀ဆီတွေဖြစ်တဲ့ သံလွင်ဆီ၊ မြေပဲဆီ၊ နေကြာဆီ၊ ပဲပုပ်စေ့ဆီကိုရွေးချယ်ပါ။ ယင်းမပြည့်၀ဆီတွေဟာ သွေးတွင်းမကောင်းတဲ့အဆီ (LDL) ကိုလျော့ကျစေပြီး သွေးခဲခြင်းဖြစ်စဉ်ကိုပုံမှန်ဖြစ်စေပါတယ်။
အဆင့် 4
အမျှင်ဓာတ်ပါ၀င်အောင်စားပါ။ အမျှင်ဓာတ်က ခန္ဓာကိုယ်မှ အဆီကိုစုပ်ယူမှု အားပျော့စေပါတယ်။ ဒါကြောင့် အမျှင်ဓာတ်ကြွယ်၀တဲ့ ပန်းသီး၊ သစ်တော်သီး၊ ပဲတောင့်ရှည်၊ အုတ်ဂျုံမှုန့်ကို နေ့စဉ်အစားအစာတွေမှာ ပါ၀င်အောင်စားပေးသင့်ပါတယ်။
အဆင့် 5
အ၀လွန်ခြင်း၊ ဆီးချို၊ သွေးချိုရောဂါဖြစ်ခြင်းမှ ကာကွယ်နိုင်ခြင်းဟာ သွေးတွင်းအဆီများ တက်မလာစေရန် တစ်ဖက်တလမ်းမှ အထောက်အကူပြုပေးနိုင်ပါတယ်။ ဒါ့အပြင် ဆေးလိပ်သောက်ခြင်းမှလည်း ရှောင်ကျဉ်သင့်ပါတယ်။
CMS















