သွားကြားခြစ်ကြိုးသုံးဖို့ တကယ်လိုလားလို့ မေးရင်
ကလေးဘဝကတည်းက သွားတိုက်တာဟာ မနက်တိုင်း၊ ညတိုင်း မဖြစ်မနေလုပ်ရတဲ့ အလေ့အကျင့်တစ်ခု ဖြစ်နေပေမယ့် သွားကြားခြစ်ကြိုး သုံးဖို့ကျတော့ အကျင့်မရှိဘူး။
ဘာလို့သွားကြားထဲ ဒီရှတတကြိုးကြီးထည့်ပြီး ခြစ်ဖို့ လိုတာလဲ? နေ့တိုင်း သွားတိုက်နေတာပဲ၊ မလုံလောက်ဘူးလားလို့ မေးချင်သူများအတွက် အဖြေလေး ပြောပြမယ်နော်။
ငယ်ငယ်လေးကတည်းက သွားတိုက်တာကိုပဲ အရေးကြီးဆုံးလို့ သင်ထားလို့ အခုလိုမေးခွန်းတွေ ပေါ်လာတာပါ။ တကယ်တော့ သွားတိုက်တာရော၊ သွားကြားကြိုးခြစ်တာရော တကယ်အရေးကြီးတယ်။
ကလေးအရွယ်မှာ ဒီလိုသွားကြားကြိုးခြစ်ရတာ တကယ်တော့ အဆင်မပြေလှဘူး။ အဲဒါကြောင့်လည်း အလေ့အကျင့်မရှိတာ ပါတယ်။
သွားတိုက်ပြီးတော့ ပုံမှန်သွားကြားကြိုးခြစ်ရမယ် ဆိုပေမယ့် ဘယ်လိုနည်းမှန်လမ်းမှန်လုပ်ရမလဲ မသိတာရယ်၊ ဘာမှထွေထွေထူးထူးရလဒ် မတွေ့တာရယ်ကြောင် လက်လျော့သွားကြတာ များတယ်။
မှားနေတဲ့နေရာက သွားအလယ်တည့်တည့်ကို သွားကြိုးထည့်ခြစ်နေလု့ိပါ။
နည်းမှန်လမး်မှန်ဆိုရင် ကြိုးကို လက်ချောင်းတွေနဲ့ ဆုပ်ကိုင်ပြီး ဘယ်ညာ အပေါ်အောက် ဖြည်းဖြည်းချင်း လှုပ်ရှားပေးပါ။
တကယ်တော့ သွားကြားကြိုးခြစ်တာ နည်းလမ်းမှန်ဖို့ ခဲယဉ်းတတ်တယ်။ အကောင်းဆုံးက သွားဆရာဝန်ကို သေချာပြသစေပြီး အိမ်မှာ ပြန်လေ့ကျင့်ရမယ်။
ဒီ့ထက်လွယ်တဲ့နည်းတွေလည်း ပေါ်လာပါပြီ။
Listerine လိုမျိုး ပလုတ်ကျင်းရည်တွေက ပိုးမွှားတွေကို သေစေနိုင်သလို waterflosser လို့ခေါ်တဲ့ ရေအားကိုသုံးပြီး သွားကြားထဲမှာ ပုံနေတာတွေကို ထိုးချတဲ့စနစ်ကို သုံးလာကြတယ်။
ဒီစနစ်ဟာ ပိုလွယ်ကူ ပိုစိတ်ဝင်စားဖို့ကောင်းလု့ိ ပိုပိုလုပ်လာကြတယ်။
သွားဖုံးရောင်တာအပြင် ဘက်တီးရီးယားတွေ သွားကြားထဲ ပုံလာပြီး သွားပိုးစားတာ၊ သွားဖုံး သွေးယိုတာတွေ ဖြစ်နိုင်တယ်။ ပြီးတော့ သွားကြားကြိုး သေချာမခြစ်ဘဲ သွားနဲ့ခံတွင်း သန့်ရှင်းရေး ကောင်းကောင်းမလုပ်နိုင်ရင် အဖတ်တွေ ပုံပုံလာပြီး သွားချေးတွေ ဖြစ်လာတဲ့အပြင် သွားဖုံးရောဂါတွေလည်း ဖြစ်လာစေတတ်တယ်။ ဒီ့ထက်ပိုဆိုးရင် နှလုံးရောဂါလည်း ဖြစ်စေနိုင်သေးတယ်။
နောက်ဆုံးပြောရရင် မှန်မှန် သွားကြားခြစ်တဲ့လူတွေဟာ သွားပိုးစားတာ၊ သွားဖုံးရောဂါတွေ အဖြစ်နည်းစေပါတယ်။ သွားနဲ့ခံတွင်း စောင့်ရှောက်ရေး နည်းလမ်းအမျိုးမိျုးပေါ်နေတဲ့ ဒီခေတ်ကြီးမှာ ရှေ့သွားတွေ ပိုးစားတာ နည်းပေမယ့် အထိအတွေ့နည်းတဲ့ နေရာတွေမှာတော့ ပိုးစားနိုင်သေးတာကို သတိပြုဖို့ လိုမယ်နော်။
Dr. Mya Phoo Ngon (www.drmyanmar.com)
















