/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/သွားတွေ-ကျဉ်နေ၊-နာနေလား

သွားတွေ ကျဉ်နေ၊ နာနေလား

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

အေးတာ၊ ပူတာ တစ်ခုခု စားသောက်မိရုံနဲ့တင် သွားတွေ ကျဉ်လာပြီ၊ နာလာပြီဆိုရင် သွားကို ဂရုမစိုက်ဘဲ ပစ်ထားတာ တော်တော်ကြာပြီလို့ ပြောလို့ရပါတယ်။
ဒါပေမဲ့ ဒီပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းကောင်းတွေ ရှိပါတယ်။
သွားကို တချို့အရာတွေနဲ့ ထိတွေ့မိတဲ့အခါ သွားအောက်ခြေမှာရှိတဲ့ အာရုံကြော ထိခိုက်မိပြီး ထုံကျဉ်တာကနေ စူးခနဲ နာသွားတဲ့အထိ ဖြစ်တတ်တယ်။ အကြောင်းရင်းတွေကတော့ သွားကြွေလွှာ ပျက်စီးတာကနေ သွားအကြောတွေ ထိခိုက်မိတာအထိကို ရှိနိုင်ပါတယ်။

Bio Adult 1

>>  ဒီလို အထိမခံဖြစ်နေတဲ့သွားတွေကို ဘယ်လိုဂရုစိုက်ကြမလဲဆိုရင် -
●  သွားဆရာဝန်နဲ့ ပြကြည့်ပါ။ နာတာ၊ ကျင်တာနဲ့ တခြားလက္ခဏာတွေကို သေချာပြောပြပါ။
●  သွားပွတ်တံပျော့ပျော့နဲ့ တစ်နေ့ ၂ ကြိမ် သွားတိုက်ပေးပါ။ သွားတိုက်တဲ့အခါ ဖြည်းဖြည်းချင်းစီ တိုက်ပေးပါ။
●  သွားကျဉ်တာအတွက် ထုတ်ထားတဲ့ သွားတိုက်ဆေးမျိုးကို သွားဆရာဝန်က ညွှန်ပါလိမ့်မယ်။
●  ကျဉ်တာ ပျောက်တဲ့အထိကို ကျဉ်စေတဲ့အရာတွေကို ရှောင်ပေးတာ အကောင်းဆုံးပါပဲ။ ရေခဲမုန့်တွေ၊ ရေခဲရေတွေကို တတ်နိုင်သမျှ ရှောင်ပါ။ ချိုချဉ်လိုမျိုး အချိုအချဉ် တစ်ခုခု စားပြီးတိုင်း အက်ဆစ်များတဲ့ ဝိုင်တို့၊ စပျစ်သီးဖျော်ရည်လိုမျိုး သောက်ပြီးတိုင်း သွားတိုက်ပေးဖို့ လိုပါတယ်။
●  ရေနွေးလေးထဲမှာ ဆားလက်ဖက်ရည်ဇွန်း ဇွန်းတစ်ဝက်လောက် ထည့်ပြီး တစ်နေ့ ၂ ကြိမ်လောက် ပလုတ်ကျင်းပေးတာလည်း ကောင်းပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)

Bio Adult 2

(Zawgyi)

ေအးတာ၊ ပူတာ တစ္ခုခု စားေသာက္မိ႐ုံနဲ႔တင္ သြားေတြ က်ဥ္လာၿပီ၊ နာလာၿပီဆိုရင္ သြားကို ဂ႐ုမစိုက္ဘဲ ပစ္ထားတာ ေတာ္ေတာ္ၾကာၿပီလို႔ ေျပာလို႔ရပါတယ္။
ဒါေပမဲ့ ဒီျပႆနာကို ေျဖရွင္းဖို႔ နည္းလမ္းေကာင္းေတြ ရွိပါတယ္။
သြားကို တခ်ိဳ႕အရာေတြနဲ႔ ထိေတြ႕မိတဲ့အခါ သြားေအာက္ေျခမွာရွိတဲ့ အာ႐ုံေၾကာ ထိခိုက္မိၿပီး ထုံက်ဥ္တာကေန စူးခနဲ နာသြားတဲ့အထိ ျဖစ္တတ္တယ္။ အေၾကာင္းရင္းေတြကေတာ့ သြားေႂကြလႊာ ပ်က္စီးတာကေန သြားအေၾကာေတြ ထိခိုက္မိတာအထိကို ရွိႏိုင္ပါတယ္။

>>  ဒီလို အထိမခံျဖစ္ေနတဲ့သြားေတြကို ဘယ္လိုဂ႐ုစိုက္ၾကမလဲဆိုရင္ -
●  သြားဆရာဝန္နဲ႔ ျပၾကည့္ပါ။ နာတာ၊ က်င္တာနဲ႔ တျခားလကၡဏာေတြကို ေသခ်ာေျပာျပပါ။
●  သြားပြတ္တံေပ်ာ့ေပ်ာ့နဲ႔ တစ္ေန႔ ၂ ႀကိမ္ သြားတိုက္ေပးပါ။ သြားတိုက္တဲ့အခါ ျဖည္းျဖည္းခ်င္းစီ တိုက္ေပးပါ။
●  သြားက်ဥ္တာအတြက္ ထုတ္ထားတဲ့ သြားတိုက္ေဆးမ်ိဳးကို သြားဆရာဝန္က ၫႊန္ပါလိမ့္မယ္။
●  က်ဥ္တာ ေပ်ာက္တဲ့အထိကို က်ဥ္ေစတဲ့အရာေတြကို ေရွာင္ေပးတာ အေကာင္းဆုံးပါပဲ။ ေရခဲမုန႔္ေတြ၊ ေရခဲေရေတြကို တတ္ႏိုင္သမွ် ေရွာင္ပါ။ ခ်ိဳခ်ဥ္လိုမ်ိဳး အခ်ိဳအခ်ဥ္ တစ္ခုခု စားၿပီးတိုင္း အက္ဆစ္မ်ားတဲ့ ဝိုင္တို႔၊ စပ်စ္သီးေဖ်ာ္ရည္လိုမ်ိဳး ေသာက္ၿပီးတိုင္း သြားတိုက္ေပးဖို႔ လိုပါတယ္။
●  ေရေႏြးေလးထဲမွာ ဆားလက္ဖက္ရည္ဇြန္း ဇြန္းတစ္ဝက္ေလာက္ ထည့္ၿပီး တစ္ေန႔ ၂ ႀကိမ္ေလာက္ ပလုတ္က်င္းေပးတာလည္း ေကာင္းပါတယ္။

Dr. Mya Phoo Ngon (www.drmyanmar.com)